မေဝင်းမြင့်

ဝီကီပီးဒီးယား မှ
မေဝင်းမြင့်

ပြည်သူ့လွှတ်တော်အမတ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
မရမ်းကုန်းမြို့နယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ မေ ၂၀၁၂
ယခင်လူဦးပွင့်ဆန်း
အနိုင်ရမဲ အရေအတွက်60,216 (77.5%)
ပြည်သူ့လွှတ်တော် (၁၉၉၀) ရွေးကောက်ခံ
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူအခြေခံဥပဒေ ဖျက်သိမ်း
မဲဆန္ဒနယ်မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
အနိုင်ရမဲ အရေအတွက်28,513 (74%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1950-03-08) ၈ မတ်၊ ၁၉၅၀ (အသက် ၇၄)
မော်လမြိုင်
လူမျိုးBurmese
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သားသမီးအောင်ဖုန်းမြင့်
သူဇာမြင့်
မိဘသောင်းညွန့် (အဖေ)
စံသွင် (အမေ)
မိခင်ကျောင်းဆေးတက္ကသိုလ် (၁) ရန်ကုန်
အလုပ်အကိုင်နိုင်ငံရေးသမား
ဆရာဝန်

ဒေါက်တာ မေဝင်းမြင့် သည် မြန်မာ့နိုင်ငံရေးသမား၊ ဆရာဝန်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သည်။ လက်ရှိတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် အဖြစ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် လုပ်ဆောင်သည်။ [၁]

ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

မေဝင်းမြင့်ကို ဦးသောင်းညွန့်၊ ဒေါ်စံသွင်တို့က ၁၉၅၀ ပြည့်၊ မတ်လ ၈ ရက်တွင် မော်လမြိုင်၌ မွေးသည်။

၁၉၇၆ ခုတွင် ရန်ကုန်ဆေးတက္ကသိုလ် (၁)မှ ဆေးပညာဖြင့် ဘွဲ့ရပြီး ၁၉၇၈-၁၉၈၁ ကာလတွင် မြောက်ဥက္ကလာပနှင့် ကျောက်တံတား သမဝါယမဆေးခန်းများတွင် အချိန်ပိုင်းဆရာဝန်အဖြစ်လည်းကောင်း၊ ၁၉၈၃-၁၉၈၈ အတွင်း မသန်စွမ်းဆေးရုံတွင် အချိန်ပိုင်းဆရာဝန်အဖြစ်လည်းကောင်း လုပ်ပြီး ၈၈၈၈ အရေးအခင်း ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်သည်။ [၁]

မရမ်းကုန်း မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ပြိုင်ရာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ၂၈ ၅၁၃ (မဲ ၇၄%) ဖြင့် နိုင်သည်။ သို့သော် နာမည်သာကျန်၍ အလုပ်မရ။ [၁] မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးအဖြစ် လုပ်စဉ် အခြား အမတ်ရွေးခံရသူများနှင့်အတူ အမျိုးသားညီလာခံကို ၁၉၉၅ ခု၊ ဒီဇင်ဘာလတွင် သပိတ်မှောက်သည်။

၁၉၉၇ ခု၊ အောက်တိုဘာလ ၂၈ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များ နေအိမ်အကျယ်ချုပ်ကျသော အောင်ဆန်းစုကြည်နှင့် တွေ့ရန် ကြိုးစားပြီးနောက် ၁၉၅၀ အရေးပေါ်အက်ဥပဒေအရ ၂၀၀၇ ခု၊ နိုဝင်ဘာလ ၂၆ ရက်တွင် အဖမ်းခံရသည်။ အင်းစိန်ထောင်တွင် ၇ နှစ်ကျပြီး တစ်နှစ်သက်တမ်းတိုးသေးသည်။ [၂] ၂၀၀၈ ခု၊ စက်တင်ဘာလ ၂၈ ရက်တွင် ပြန်လွတ်သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် သူသည် မရမ်းကုန်းမဲဆန္ဒနယ်ကို ဝင်ပြိုင်ပြီးပြည်သူ့လွှတ်တော်အတွက် အနိုင်ရသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မရမ်းကုန်းမြို့နယ်အတွက် ထပ်အရွေးခံရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ "Brief biographies of the some NLD CEC members"၊ Mizzima၊ 26 May 2010။ 2 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 28 April 2012။  ကိုးကား အမှား - Invalid <ref> tag; name "mizzima" defined multiple times with different content
  2. "May Win Myint"၊ Alternative Asean Network on Burma။ 2 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 8 August 2008။ 

ပြင်ပလင့်များ[ပြင်ဆင်ရန်]