မုတ်သုန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မုတ်သုန်[ပြင်​ဆင်​ရန်​]

ရာသီအလိုက် အချိန် မှန်ကန်စွာ ပြောင်းလဲ တိုက်ခိုက်သော လေများကို မုတ်သုန် (မွန်ဆွန်း) ၊ သို့မဟုတ် ရာသီလေဟုခေါ်သည်။ မုတ်သန်လေ ဖြစ်ပေါ်လာရခြင်း အကြောင်းမှာ မတ်လမှ စက်တင်ဘာလအထိ နေ၏ တိုက်ရိုက်အပူရှိန်သည် အီကွေတာမြောက်ဖက်၌ တည့်မတ်စွာ ကျရောက်၏။ ထိုလမျာ၌ အာရှတိုက် အလယ်ပိုင်းရှိ ကျယ်ပြန့်သော ကုန်းမြေများသည် အလွန်ပူပြင်း၍ တောင်ဖက် အိန္ဒိယ သမုဒ္ဒရာနှင့် အရှေ့ဖက် ပစိဖိတ် သမုဒ္ဒရာ တို့သည် များစွာ အေး၏။ ထိုအခါ အိန္ဒိယ အလယ်ပိုင်းရှိ လေတို့သည် ပူသဖြင့် အထက် ကောင်းကင်သို့ အမြောက်အမြား လွင့်တက်ကြ၏။ ထိုလွင့်တက်သွားသော နေရာ သို့ တောင်ဖက် အိန္ဒိယသမုဒ္ဒရာ မှ လေအေးမျာသည် အာရှတိုက် အတွင်းဖက် သို့ အဟုန်ပြင်းစွာဖြင့် တိုက်ခတ် ဝင်ရောက်လာကြသည်။ ယင်းလေတို့သည် အိန္ဒိယ နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အနောက်တောင်ဖက်မှ တိုက်ခတ်လာသော ကြောင့် အနောက်တောင် ရာသီလေဟုလည်းခေါ်သည်။


မုတ်သုန်လေ တိုက်ခတ်သောအခါ လေထဲတွင် ရေခိုး ရေငွေ့များ ပါလာ၏ ။ ထိုလေသည် ကုန်းမြေသို့ ရောက်သောအခါတောင်တန်းများနှင့် တွေ့ဆုံကာ အထက်ကောင်းကင်သို့ ထိုးထက်သွားကြရာလေ၌ ပါသော ရေခိုး ရေငွေ့များတို့ သည် အထက်ကောင်းကင်၏ အအေးဓာတ်ကြောင့် အရည်ဖွဲ့ပြီးလျှင် မိုးအဖြစ် သည်းထန်စွာ ရွာသွန်းလေသည်။ ထိုကြောင့် ပင်လယ် ကမ်းရိုးတန်းတစ် လျှောက် တောင်တန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသည်။ မြန်မာ နိုင်ငံတွင် အနောက်တောင် မုတ်သုန်လေသည် နှစ်စဉ် မေလမှ အောက်တိုဘာလ အထိ တိုက်ခိုက်ရာ၊ ထိုအချိန်တွင် မိုးများစွာ ရွာသွန်းသဖြင့် မိုးဥတုဟု ခေါ်ကြ သည်။ တစ်ဖန် စက်တင်ဘာလမှ မတ်လအထိ နေ၏ တိုက်ရိုက် အပူရှိန်သည် အီကွေတာ တောင်ဖက်၌ တည့်မတ်စွာ ကျရောက်၏။ ထိုအခါ အိန္ဒိယ သမုဒ္ဒရာ ပေါ်ရှိ လေပူတို့သည် အေး၍ ကောင်းကင်သို့လွင့်တက်ကြ၏။ ထိုလေပူနေရာသို့ အာရှတိုက်အလယ်ပိုင်းမှ လေအေးတို့သည် တိုက်ခတ်ဝင်လာကြသည်။ ထိုမုတ် ်သုန်လေသည် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် အရှေ့မြောက်ဖက်မှ တိုက် ခတ်သောကြောင့် အရှေ့မြောက်နိုင်ငံတွင် မိုးမရွာချေ။ ရာသီဥတုမှာ အေးသော ကြောင့် ဆောင်းဥတုဟု ခေါ်သည်။


အရှေ့မြောက် မုတ်သုန်လေသည် အနောက်တောင် မုတ်သုန်လေလောက် အဟုန် မပြင်းထန်ချေ။ အဘယ်ကြောင့် ဆိုသော်အိန္ဒိယ သမုဒ္ဒရာကြီးသည် နေပူရှိန် ်ကြောင့် ပူသည်ဟု ဆိုရသော်လည်း အီကွေတာ မြောက်ဖက်၌ အပူရှိန် တည့် မတ်စွာ ကျရောက်စဉ်က အာရှတိုက် အလယ်ပိုင်း ကုန်းမြေကြီးများ ပူသလောက် အပူအားမကြီးသဖြင့် လေပူတို့သည် အထက်သို့ အမြောက်အမြား မတက် ကြချေ။ ထိုကြောင့် ယင်းတို့နေရာသို့ ဝင်ရောက်လာသော အာရှတိုက် အလယ် ်ပိုင်းမှ လေအေးတို့သည် ပင်လယ်ဖက်သို့ ဖြည်းည|င်းစွာသာ တိုက်ခတ်လာကြ သည်။ မြန်မာနိုင်ငံ၌ ယင်းမုတ်သုန်လေတို့သည် အထူး အချိန်မှန်သဖြင့် စိုစွတ် ်သော မိုးဥတုနှင့် ခြောက်သွေ့၍ အေးသော ဆောင်းဥတုတို့ကို ဖြစ်ပေါ်စေလေသည်။ မုတ်သုန်လေ ရရှိသော ဒေသ များမှာ အိန္ဒိယနိုင်ငံ ၊ မြန်မာနိုင်ငံ ၊ အင်ဒိုချိုင်းနားဩစတြေးလီးယားတိုက် အနောက်မြောက်ပိုင်း၊ အာဖရိကတိုက် အရှေ့ကမ်းရိုးတန်းဒေသအချို့နှင့် တောင် အမေရိက အနောက်မြောက်ပိုင်းဒေသတို့ ဖြစ်ကြသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)