မဟာဗန္ဓုလ ပန်းခြံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မဟာဗန္ဓုလ ပန်းခြံ နှင့် လွတ်လပ်ရေးကျောက်တိုင်

မဟာဗန္ဓုလ ပန်းခြံ သည် ရန်ကုန်မြို့ရှိ ကျော်ကြားသော အများပြည်သူ အပန်းဖြေရာ နေရာ ဖြစ်သည်။ အရှေ့ဘက်တွင် မဟာဗန္ဓုလ ပန်းခြံလမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်း၊ တောင်ဘက်တွင် ကုန်သည်လမ်း နှင့် မြောက်ဘက်တွင် မဟာဗန္ဓုလလမ်း တို့ကြားတွင် တည်ရှိသည်။ ပန်းခြံပတ်လည်တွင် ဆူးလေဘုရားမြို့တော်ခန်းမတရားရုံးချုပ်အဆောက်အဦးဟောင်း၊ ဧဝံ​​ေဂလိ ဘုရားကျောင်း နှင့် အမေရိကန်သံရုံဟောင်း၊ ဗဟိုဘဏ်အဆောက်အဦး ဟောင်း တို့တည်ရှိသည်။ [၁] ၁၉၄၈ ခုတွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရသော အထိမ်းအမှတ် ကျောက်တိုင်လည်း ပန်းခြံတွင်းတွင် တည်ရှိသည်။

၁၈၉၅ ဝန်းကျင် က ဖိုက်ချ်စကွဲ

ပန်းခြံကို ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄-၁၈၂၆) တွင် အသက်စွန့် တိုက်ခိုက်ခဲ့သော စစ်သူကြီး မဟာဗန္ဓုလ အား ဂုဏ်ပြုသော အားဖြင့် အမည် မှည့်ခေါ် ထားသည်။ ယခင် က ၁၈၆၇ခုနှစ်၊ ၁၈၇၁ ခုနှစ်တို့တွင် ရန်ကုန်မြို့ကို အကွက်ချ ပြုပြင်ခဲ့သော မဟာဝန်ရှင်တော်မင်းကြီး မေဂျာဂျင်နရယ် အဲလ်ဘတ်ဖိုက်ချ် ကို အစွဲပြု၍ ဖိုက်ချ်စကွဲ ဟု ခေါ်သည်။ ဝိတိုရိယ ဘုရင်မ ကျောက်ရုပ်ရှိ၍ ဘုရင်မပန်းခြံ ဟုလည်းခေါ်သည်။ အင်္ဂလိပ်ခေတ်က ညနေစောင်းအခါများ၌ ပန်းခြံတွင်းတွင် အင်္ဂလိပ်ဘင်ခရာ အဖွဲ့သာ ဖျော်ဖြေရပြီး နောင်တွင်မှ မြန်မာအငြိမ့် များပါ ဖျော်ဖြေခဲ့ကြသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]