ရန်ကုန်မြို့တော်ခန်းမ

ဝီကီပီးဒီးယား မှ
ရွေးချယ်သတ်မှတ်ခြင်းများ

ရန်ကုန်မြို့တော်ခန်းမ သည် ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့တွင် တည်ရှိသည်။ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အဦးတစ်ခုဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးစိုက်ရာနေရာလည်း ဖြစ်သည်။ ရန်ကုန်မြို့တော်ခန်းမကို မြန်မာဗိသုကာပညာရှင် စည်သူဦးတင်က ပုံစံရေးဆွဲကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၂၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၃၆ ခုနှစ် မေလ[၁]တွင် ပြီးစီးခဲ့သည်။ ရှေးက ရန်ကုန်မြူနီစီပယ် ကော်ပိုရေးရှင်း အဆောက်အအုံ ဟု ခေါ်ကြပြီး၊ ကော်ပိုရေးရှင်း ဥက္ကဋ္ဌများကို ၁၉၃၄ ခုမှစ၍ မြို့တော်ဝန်ဟု ခေါ်ဆိုသည်။

မဟာ ဗန္ဓုလပန်းခြံရှေ့ရှိ ရန်ကုန်မြို့တော်ခန်းမ တည်ဆောက်ရေးအတွက် ၉ အောက်တိုတာ ၁၉၂၈ တွင် ရစ်ပွန်ဟော၌ ကျင်းပသည့် မြူနီစီပယ်အစည်းအဝေးက ဆုံးဖြတ်သည်။ ကော်မရှင်နာ မင်းကြီးက အင်ဂျင်နီယာဘရေး၏ ပုံစံကို ပြသရာ မြန်မာမဆန်သဖြင့် ဦးဘဘေက ကန့်ကွက်ခဲ့သည်။ ထို့နောက် ၅ နိုဝင်ဘာ ၁၉၂၉ အစည်းအဝေးတွင် အင်ဂျင်နီယာ စည်သူ ဦးတင် အားပုံစံရေးဆွဲ တွက်ချက် တင်ပြရန် တာဝန် ပေးအပ်သည်။ သဘောတူညီ၍ ၁၉၃၄ ဧပြီတွင် စတင် တည်ဆောက်သည်။[၁]

ဓာတ်ပုံပြခန်း[ပြင်ဆင်ရန်]

 
မဟာဗန္ဓုလ ပန်းခြံရှေ့မှ တွေ့မြင်ရသော ရန်ကုန်မြို့တော်ခန်းမ
မဟာဗန္ဓုလ ပန်းခြံရှေ့မှ တွေ့မြင်ရသော ရန်ကုန်မြို့တော်ခန်းမ 
ရန်ကုန်မြို့တော်ခန်းမ
ရန်ကုန်မြို့တော်ခန်းမ 
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်က ရန်ကုန်မြို့တော်ခန်းမ
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်က ရန်ကုန်မြို့တော်ခန်းမ 
ရန်ကုန်မြို့တော်ခန်းမ
ရန်ကုန်မြို့တော်ခန်းမ 

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၃။