ဘလိဇ်နိုင်ငံ
ဘလိဇ်နိုင်ငံ (အင်္ဂလိပ်လို=Belize၊ ယခင်အခေါ်=ဘီလစ်ဇ်) သည် ယခင်က ဗြိတိသျှဟွန်ဒူးရပ်စ် (British Honduras) ဖြစ်ခဲ့ပြီး ယခုအခါ စည်းမျဉ်းခံဘုရင်စနစ်ဖြင့် အုပ်ချုပ်သော ဒီမိုကရေစီနိုင်ငံဖြစ်သည်။ ဗဟိုအမေရိက၏ မြောက်ဘက်အစွန်ဆုံးတွင်တည်ရှိသည်။ လူမျိုးစုံ၊ ယဉ်ကျေးမှုပေါင်းစုံနှင့် ဘာသာစကားပေါင်းစုံရှိသည်။ ဘလိဇ်ဘာသာစကား နှင့် စပိန်ဘာသာစကားတို့ကို ပြောဆိုကြသော်လည်း တရားဝင်ရုံးသုံးဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကား ဖြစ်သည်။ ဗဟိုအမေရိကတွင် အင်္ဂလိပ်စာကို ရုံးသုံးအဖြစ် ပြဌာန်းထားသော တစ်ခုတည်းသော တိုင်းပြည်ဖြစ်သည်။ မြောက်ဘက်တွင် မက္ကဆီကို၊ တောင်ဘက်နှင့်အနောက်ဘက်တွင် ဂွာမာလာ၊ အရှေ့ဘက်တွင် ကရစ်ဘီယံပင်လယ် တို့နှင့် ထိစပ်နေသည်။
၈,၈၆၇ စတုရန်းမိုင် (၂၂၉၆၀စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး လူဦးရေ ၃၃၃,၂၀၀ ခန့်ရှိသည်။ [၁] ဗဟိုအမေရိကနိုင်ငံများထဲတွင် လူနေသိပ်သည်းမှုအနည်းဆုံးတိုင်းပြည်ဖြစ်သည်။ အမေရိကတိုင်းပြည်အားလုံးထဲတွင်တွင် ဂိုင်ယားနားနှင့် ဆူရီနမ်တို့နောက်မှ တတိယမြောက် လူနေသိပ်သည်းမှု အနည်းဆုံး တိုင်းပြည်ဖြစ်သည်။ [၂] လူဦးရေတိုးပွားနှုန်းမှာ ၂၀၀၈ခုနှစ်ခန့်မှန်းစာရင်းအရ ၂.၂၁% ရှိသည်။ [၃] အနောက်ကမ္ဘာခြမ်းတွင် လူဦးရေတိုးပွားနှုန်း အများဆုံးတိုင်ပြည်ဖြစ်သည်။ ကုန်းနေရေနေသတ္တဝါများပေါများခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမျိုးကွဲများ ပေါများခြင်းကြောင့် Mesoamerican Biological Corridor အဖြစ် ထင်ရှားသည်။ [၄]
ဗြိတိသျှကိုလိုနီခေတ်က အမွေအနှစ်များကြောင့် ယဉ်ကျေးမှုအရလည်း ဒေသတွင်းတွင် တစ်မူထူးခြားသောတိုင်းပြည်ဖြစ်သည်။ ကရစ်ဘီယံဒေသ၏ အနောက်ပိုင်းဖြစ်သောကြောင့်လည်း ကရစ်ဘီယံဒေသတွင်းရှိ အခြားနိုင်ငံများ၏ ယဉ်ကျေးမှုများလည်း ရောယှက်နေသည်။ ယေဘုယျအားဖြင့် ဘလိဇ်သည် ကရစ်ဘီယံနှင့် လက်တင်အမေရိကယဉ်ကျေးမှုများကို ဆက်စပ်ပေါင်းကူးပေးရာ ဗဟိုအမေရိက နိုင်ငံတစ်ခုဖြစ်သည်။
[ပြင်ဆင်ရန်] ဝေါဟာရရင်းမြစ်
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
- ↑ Infolink Production Center (2007-04-01). Statistical Institute of Belize. Statisticsbelize.org.bz. Retrieved on 2010-08-29။
- ↑ World Population Prospects: The 2008 Revision Population Database. Esa.un.org (2009-03-11). Retrieved on 2010-08-29။
- ↑ Cite error: Invalid
<ref>tag; no text was provided for refs namedcia - ↑ http://biological-diversity.info/Downloads/Ecosystem%20Mapping.zip