အင်္ဂလန်နိုင်ငံ
| အင်္ဂလန်နိုင်ငံ | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - "God and my right" | |||||
| နိုင်ငံတော်သီချင်း - မရှိ | |||||
| ပထဝီ |
|||||
| မြို့တော် | လန်ဒန်မြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC ဂရင်းနစ် +၀ | ||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၁.၉ ထရီလီယံ (အဆင့် - ) | ||||
| GDP(PPP) | အမေရိကန်ဒေါ်လာ ၃၈,၀၀၀ (အဆင့် - ) | ||||
| ငွေ | စတာလင်ပေါင် | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .uk | ||||
| Calling code | +၄၄ | ||||
အင်္ဂလန်သည် နိုင်ငံတစ်ခုဖြစ်ပြီး ယူနိုက်တက် ကင်းဒမ်း၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ [၁][၂][၃] အင်္ဂလန်သည် မြောက်ဘက်တွင် စကော့တလန်နိုင်ငံ၊ အနောက်ဘက်တွင် ဝေလနိုင်ငံတို့နှင့် ကုန်းမြေခြင်း ထိစပ်လျှက် ရှိပြီး အနောက်မြောက်ဘက်တွင် အိုင်းရစ်ရှ်ပင်လယ်၊ အနောက်တောင်ဘက်တွင် ဆဲလ်တစ် ပင်လယ်၊ အရှေ့ဘက်တွင် မြောက်ပင်လယ် တို့နှင့် ထိစပ်လျှက် ရှိသည်။ အရှေ့ဘက်တွင်မူ ဥရောပတိုက်နှင့် အင်္ဂလိပ်ရေလက်ကြား ခြားနားလျှက် တည်ရှိသည်။ အင်္ဂလန်နိုင်ငံ၏ အစိတ်အပိုင်း အတော်များများသည် မြောက်အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ ဂရိတ် ဗြိတိန်ကျွန်း၏ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသ တို့တွင် တည်ရှိသည်။ ထို့ပြင် စီလီကျွန်းစုများ နှင့် ဝိုက်ကျွန်းစုများ အစရှိသည့် ကျွန်းငယ် အများအပြားလည်း ပါဝင်သည်။
ယခုအချိန်တွင် အင်္ဂလန်ဟု ခေါ်ဆိုကြသော နေရာမှာ လူသားတို့ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း (Upper Palaeolithic period) ကာလကပင် အခြေချ နေထိုင်ခဲ့ကြသည်။ သို့သော်လည်း နိုင်ငံ၏ အမည်မှာ ၅ ရာစုနှင့် ၆ ရာစု များအတွင်း အခြေချ နေထိုင်ခဲ့ကြသည့် ဂျာမန်လူမျိုးစု တစ်စုဖြစ်သော အိန်ဂျယ်လ် လူမျိုးစု၏ အမည်ကို ယူထားခြင်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံသည် အေဒီ ၉၂၇ ခုနှစ်တွင် တစုတစည်းတည်း ဖြစ်ခဲ့ပြီး စူးစမ်း ရှာဖွေရေးခေတ် (Age of Discovery) ဟုခေါ်သည့် ၁၅ ရာစုနှစ်တွင်ယဉ်ကျေးမှုပိုင်းဆိုင်ရာနှင့် ဥပဒေပိုင်းဆိုင်ရာအားဖြင့် တကမ္ဘာလုံးသို့ ဩဇာလွှမ်းမိုးမှု ရှိခဲ့သည်။ အင်္ဂလိပ်ဘာသာ၊ အင်္ဂလိကန်ဘုရားကျောင်းနှင့် တကမ္ဘာလုံးရှိ နိုင်ငံအတော်များများရှိ တရားဥပဒေ စနစ် အတော်များများ၏ အခြေခံ ဖြစ်သော အင်္ဂလိပ် ဥပဒေတို့ကို အင်္ဂလန်တွင် တီထွင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံ အစိုးရ၏ ပါလီမန်စနစ် ပုံစံကိုလည်း နိုင်ငံ အတော်များများတွင် ကျင့်သုံးလျှက် ရှိကြသည်။ စက်မှုတော်လှန်ရေးသည် အင်္ဂလန်တွင် ၁၈ ရာစု၌ စတင်ဖြစ်ပွားခဲ့ပြီး လူ့အဖွဲ့အစည်းကို ကမ္ဘာပေါ်တွင် ပထမဆုံး စက်မှုထွန်းကားသော နိုင်ငံ အဖြစ်သို့ ပြောင်းလဲ ပေးခဲ့သည်။ အင်္ဂလန်ရှိ တော်ဝင်အဖွဲ့အစည်းသည် ခေတ်သစ် သိပ္ပံစမ်းသပ်မှုများ၏ အခြေခံ အုတ်မြစ်ကို ချပေးခဲ့သည်။
ကိုးကား [ပြင်ဆင်ရန်]
- ↑ Office for National Statistics. The Countries of the UK. statistics.gov.uk. Retrieved on 2009-02-01။
- ↑ Countries within a country. number-10.gov.uk. Archived from the original on 2008-02-09။ Retrieved on 2009-02-01။
- ↑ Changes in the list of subdivision names and code elements (Page 11) (PDF). International Organization for Standardization. Retrieved on 2009-02-01။