ဖြတ်လေးဖြတ်

ဝီကီပီးဒီးယား မှ

ဖြတ်လေးဖြတ်ဗျူဟာ သည် သောင်းကျန်းသူအဖွဲ့များနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆသော အရပ်သားများအပေါ် ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်း ပါဝင်သော တပ်မတော်၏ စစ်ဗျူဟာတစ်ခုဖြစ်သည်။[၁][၂] ၁၉၆၀ ပြည့်လွန်နှစ်များက မြန်မာနိုင်ငံပြည်တွင်းပဋိပက္ခတွင် တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံးတို့ကို တိုက်ခိုက်နေချိန် ဤဖြတ်လေးဖြတ်ဗျူဟာကို စတင်သုံးစွဲခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ အပါအဝင် ယင်းဗျူဟာကို အကြိမ်ပေါင်းများစွာ သုံးစွဲခဲ့သည်။[၃]

ဖြတ်လေးဖြတ်အမည်သည် ထောက်ပံ့ရေး လေးမျိုးဖြစ်သည့် အစားအစာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်နှင့် လူသစ်စုဆောင်းခြင်းတို့အား ဖြတ်တောက်ခြင်း ကို ရည်ညွှန်းသည်။[၄]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. What is the Myanmar military's 'four cuts' strategy?
  2. "Military's 'four cuts' doctrine drives perpetual human rights crisis in Myanmar, says UN report" (သတင်းထုတ်ပြန်ချက်)။ Office of the United Nations High Commissioner for Human Rights။ 3 March 2023။
  3. "Return of the ‘four cuts’ in Myanmar's Mon state" (in en-US)၊ 2023-12-05။ 
  4. "Locals Fear 'Four Cuts' in Kachin State - Myanmar" (in en)၊ 2011-05-20။