နိုဗယ်ဆု

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို နိုဘဲလ်ဆု နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
နိုဗယ်ဆု
The Nobel Prize
A golden medallion with an embossed image of Alfred Nobel facing left in profile. To the left of the man is the text "ALFR•" then "NOBEL", and on the right, the text (smaller) "NAT•" then "MDCCCXXXIII" above, followed by (smaller) "OB•" then "MDCCCXCVI" below.
ဆုပေးအပ်ခြင်းအကြောင်း ရူပဗေဒ၊ ဓါတုဗေဒ၊ ရသစာပေ၊ ငြိမ်းချမ်းရေးနှင့် ဇီဝကမ္မဗေဒ (သို့) ဆေးပညာ တို့ဖြင့် လူ့လောကကို ထူးထူးချွန်ချွန် အကျိုးပြုနိုင်ကြသောသူများ အတွက် နိုဗယ်ဆုနှင့် စီးပွားရေးသိပ္ပံ အတွက် နိုဗယ်အမှတ်တရဆု
ဆုတံဆိပ်ပေးအပ်သူ ဆွီဒစ်ပညာ့တံခွန်အသင်း
နိုဗယ်ဆုကော်မတီ (ဆွီဒင်တော်ဝင်သိပ္ပံ အကယ်ဒမီ)
နိုဗယ်ကော်မတီ (ကာရိုလင်စကာ သိပ္ပံ)
နော်ဝေနိုဗယ်ကော်မတီ
နိုင်ငံ ဆွီဒင်နိုင်ငံ၏ အလံတော် ဆွီဒင်,
နော်ဝေနိုင်ငံ၏ အလံတော် နော်ဝေ (ငြိမ်းချမ်းရေး ဆုတစ်မျိုးသာ)
ပထမဆုံးဆုတံဆိပ် ၁၉၀၁
၁၉၆၉ (စီးပွားရေးသိပ္ပံ)
ဝက်ဘ်ဆိုဒ် nobelprize.org

နိုဗယ်ဆုသည် ဆွီဒင် နိုင်ငံသား အဲလဖရက် နိုဗယ်(Alfred Nobel) အား အကြောင်းပြု၍ ပေါ်ပေါက်လာခဲ့သည်။ နိုဗယ်သည် ၁၈၃၃ တွင် ဖွားမြင်၍ ၁၈၉၆ တွင် ကွယ်လွန်သည်။ သူ့အဖသည် သိပ္ပံသုတေသနပညာရှင်ဖြစ်၍ သူ့အမိသည် စာပေဝါသနာပါသူ ဖြစ်သည်။ နိုဗယ်သည် ကျန်းမာရေးကောင်းလှသူ မဟုတ်ချေ။ ငယ်စဉ်အခါကပင် ကျန်းမာရေးချို့တဲ့သူ ဖြစ်သည်။ နာဖျားမကျန်း ဖြစ်သည့်အခါ အမိပြောပြသော ဆွီဒင်ရှေးဟောင်းပုံပြင်တို့ကို နားထောင်၍ သက်သာရာ သက်သာကြောင်းကို ရှာတတ်သည်။ ကြီးပြင်းသောအခါ အဖကဲ့သို့ သိပ္ပံပညာ၌ စိတ်ဝင်စားသည်။ အထူးသဖြင့် ဓာတုဗေဒရူပဗေဒ၊ စက်မှုအင်ဂျင်နီယာတို့၌ စိတ်ဝင်စားသည်။ အတွေးအခေါ်၌ ဝါသနာပါသော၊ အာဝဇ္ဇန်း ရွှင်သော၊ ပုံပြောကောင်းသောသူ ဖြစ်သည်ဟုလည်း သိရသည်။ အမေရိကန်ပြည်ထောင်စုသို့ သွား၍ နာမည်ကျော် အင်ဂျင်နီယာ ဆရာကြီးတဦးထံ၌ စက်မှုအင်ဂျင်နီယာကို ပူးပူးကပ်ကပ် သင်ယူသည်။ ဆွီဒင်နိုင်ငံသို့ ပြန်ရောက်သောအခါ လူသုံးပစ္စည်း အမျိုးမျိုးကို တီထွင်သည်။ သူ အထူးတီထွင်သော အရာသည် ဒိုင်းနမိုက်ခေါ် ယမ်းဘီလူး ဖြစ်သည်။ တီထွင်ခါစတွင် တူးမြောင်းများ တူးဖော်ရေးအတွက်လည်းကောင်း၊ ကျောက်တောင်များ၌ မီးရထားသွား လိုဏ်ခေါင်းဖောက်ရေးအတွက်လည်းကောင်း မြေကြီးနှင့် ကျောက်တောင်တို့ကို ဖောက်ခွဲရန် ယမ်းဘီလူးကို အသုံးများကြသည်။ သူ၏ တီထွင်မှုအမျိုးမျိုးကို အကြောင်းပြုလျက် နိုဗယ်သည် ကမ္ဘာပေါ်၌ အချမ်းသာဆုံး သူဌေးများတွင် တဦးအပါအဝင် ဖြစ်လာသည်။ နောင်အခါ ယမ်းဘီလူးကို စစ်ခင်းနိုင်ငံများသည် စစ်ပွဲများ၌ အသုံးပြုလာကြသောကြောင့် သူ့ယမ်းဘီလူးသည် လူ့လောက ပျက်စီးရာ ပျက်စီးကြောင်းလည်း ဖြစ်ရသည်ကို တွေ့လာသောအခါ နိုဗယ်သည် ပြင်းစွာ တုန်လှုပ်၍ စိတ်မချမ်းမသာ ဖြစ်ရှာသည်။ ထို့ကြောင့် လူ့လောက ငြိမ်းချမ်း တိုးတက်မှု ရှိလာစေသော ဆန္ဒဖြင့်လည်းကောင်း၊ မေတ္တာစိတ်၊ ကရုဏာစိတ် ပျံ့နှံ့မှု ရှိလာစေသော ဆန္ဒဖြင့် လည်းကောင်း သူ့စည်းစိမ်တခုလုံးကို လှူဒါန်းခဲ့သည်။ နိုဗယ်သည် သူမကွယ်လွန်မီ တနှစ်အလိုဖြစ်သော ၁၈၉၅ ခုတွင် တကမ္ဘာလုံးက အံ့အားသင့်ရသော သေတမ်းစာကို ရေးခဲ့သည်။ ထိုသေတမ်းစာအရ သိရသည်မှာ ရင်းနှီးမတည်ငွေ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းစေ၍ ထိုအဖွဲ့အစည်းသို့ သူ့စည်းစိမ်တခုလုံးကို အပ်နှင်းကြောင်း၊ သူ့စည်းစိမ်ကို အရင်းအနှီးပြုလျက် ထိုအရင်းအနှီးမှ နှစ်စဉ်ရသော အကျိုးအမြတ်ငွေများကို ငါးစု အညီအမျှခွဲလျက် (၁) ရူပဗေဒဖြင့်လည်းကောင်း၊ (၂) ဓာတုဗေဒဖြင့်လည်းကောင်း၊ (၃) ဆေးပညာဖြင့်လည်းကောင်း၊ (၄) ရသစာပေဖြင့်လည်းကောင်း၊ (၅) ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ဖြင့်လည်းကောင်း လူ့လောကကို ထူးထူးချွန်ချွန် အကျိုးပြုနိုင်ကြသော ပုဂ္ဂိုလ်ငါးဦးကို အဆိုပါ အဖွဲ့အစည်းက နှစ်စဉ်နှစ်တိုင်း ရွေးချယ်၍ ဆုချီးမြှင့်စေလိုကြောင်း သိရပါသည်။ နှစ်စဉ်ရရှိသော အကျိုးအမြတ်ငွေ အင်အားအလိုက် ဆုတဆုလျှင် ယခုအခါ၌ ဒေါ်လာတသိန်းကျော် တန်နေပြီဟု သိရသည်။ နိုဗယ်စာပေဆုကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ရှိ ဆွီဒစ်ပညာ့တံခွန်အသင်းက ကြီးမှူးလျက် ဆွီဒင်ဘုရင်မင်းမြတ်က ၁၉၀၁ ခုနှစ်မှ စ၍ ဆုရသူများအား အပ်နှင်းလေ့ရှိရာ ၁၉၇၅ ခုအထိ ဆုရ စာရေးဆရာပေါင်း ၇၀ နီးပါးမျှ ရှိလာပြီ ဖြစ်သည်။ ထို စာရေးဆရာများသည် သူတို့နိုင်ငံများ၌သာမက အခြားနိုင်ငံများ၌လည်း ကျော်စောကြသူများဖြစ်၍ ပြင်သစ်ဂျာမနီနော်ဝေစပိန်ပိုလန်အီတလီအင်္ဂလန်ဆွီဒင်ဘဲလဂျီယန်အိန္ဒိယဒိန်းမတ်အိုင်ယာလန်အမေရိကန်ပြည်ထောင်စုရုရှားဖင်လန်ချီလီဆွစ်ဇာလန်အိုက်စလန်ယူဂိုစလပ်ဗီးယားဂရိအစ္စရေးဂွါတာမာလာဂျပန်ဩစတရေးလျား နိုင်ငံတို့မှ ဖြစ်ကြပါသည်။ ။