ဒုံးပျံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကာဇက်စတန်နိုင်ငံ ဘီကိုနာအာကာသစခန်းရှိ ဆိုယုဇ်-ယူ ဒုံးပျံ
အပိုလို ၁၅ စေတန် ၅ ဒုံးပျံကို လွှတ်တင်စဉ်

ဒုံးပျံ ဆိုသည်မှာ ဒုံးကျည်၊ အာကာသယာဉ်၊ လေယာဉ် နှင့် အခြား ယာဉ်အမျိုးမျိုး ဖြစ်နိုင်ပြီး ဒုံးပျံ အင်ဂျင်မှ တွန်းကန်မှုကို ရရှိသော ယာဉ်မျိုးကို ခေါ်သည်။ ဒုံးပျံများတွင် လိုအပ်သော တွန်းအားကို ဒုံးပျံနှင့် အတူ သယ်ဆောင်လာသော လောင်စာများကို လောင်ကျွမ်းခြင်းမှ ရရှိသည်။ ဒုံးပျံ အင်ဂျင်သည် သက်ရောက်အား နှင့် တန်ပြန်အား ကို အသုံးချ၍ အလုပ်လုပ် ကြသည်။ ထိုဒုံးပျံ အင်ဂျင်များသည် လောင်ကျွမ်းသော ဓာတ်ငွေ့များကို နောက်သို့ အလျှင် အမြန် လွှတ်ထုတ်ခြင်းဖြင့် ဒုံးပျံကို ရှေ့သို့ တွန်းထုတ်ပေးသည်။

While comparatively inefficient for low speed use, rockets are relatively lightweight and powerful, capable of generating large accelerations and of attaining အလွန်မြင့်မားသောအလျင် with reasonable efficiency. ဒုံးပျံများသည် လေထုအပေါ်မှီခိုခြင်းမရှိ၊ အာကာသတွင်လည်းကောင်းစွာအလုပ်လုပ်သည်။

ဒုံးပျံများကို စစ်ရေး နှင့် အပန်းဖြေရေး အတွက် အသုံးပြုချင်းသည် ၁၃ ရာစုနှစ်တွင် တရုတ်နိုင်ငံမှ စတင်ခဲ့သည်။ သိပ္ပံဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာ နှင့် ဂြိုဟ်အချင်းချင်း ခရီးသွားရာ နေရာတို့တွင် ၂၀ ရာစု နှစ် အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးချခြင်း မရှိခဲ့ပေ။ ၂၀ ရာစု နှစ်မှသာ ဒုံးပျံ နည်းပညာဖြင့် အာကာသ စူးစမ်းလေ့လာမှု ပြုနိုင်ခဲ့ကြပြီး လပေါ်တွင် လမ်းလျှောက်နိုင်ခြင်းလည်း အပါအဝင်ပင် ဖြစ်သည်။

ဒုံးပျံများကို မီးပန်းဖောက်ခြင်း၊ လက်နက်၊ လေယာဉ်ပျံ အရေးပေါ် ခုံကန်ထုတ်ခြင်း၊ ဂြိုဟ်တု များ လွှတ်တင်ရာတွင် အထောက်အကူ ပြုခြင်း၊ လူပါဝင်သော အာကာသ ခရီးစဉ် နှင့် အာကာသ စူးစမ်းလေ့လာရေး တို့တွင် အသုံးပြုကြသည်။ အရှိန်နှေးသော အသုံးချမှု များအတွက် ထိရောက်မှု အားနည်းသော်လည်း ဒုံးပျံများသည် ပေါ့ပါးပြီး အားအလွန်ကောင်းကာ အလွန် မြန်သော အရှိန်မြင့်နှုန်း ကို သင့်တင့်လျောက်ပတ်သော အားသုံးခြင်းဖြင့် ရနိုင်သည်။

ဓာတုဗေဒ ဒုံးပျံသည် အသုံးအများဆုံး ဒုံးပျံဖြစ်ပြီး ၎င်းတို့၏ တွန်းကန်အားကို လောင်စာများ ပေါက်ကွဲလောင်ကျွမ်းခြင်း မှ ရရှိသည်။ ဓာတုဗေဒ ဒုံးပျံများသည် အလွန်များပြားသော စွမ်းအင်များကို အလွယ်တကူ လွှတ်ထုတ်နိုင်သော နေရာတွင် သိုလှောင်ထားသဖြင့် အလွန် အန္တရာယ်များသည်။ သို့သော်လည်း ဂရုတစိုက် ဒီဇိုင်းထုတ်ခြင်း၊ စမ်းသပ်ခြင်း၊ တည်ဆောက်ခြင်းအားဖြင့် အန္တရာယ် ဖြစ်နိုင်သည့် အလားအလာကို လျော့ချနိုင်သည်။

V-2 ဒုံးပျံ၏ ဖွဲ့စည်းပုံ

မည်သို့ပင်ဆိုစေ အမည်မရှိသော ဒုံးပျံများသည် လူများ၏ သတ်မှတ်မှုများဖြင့် မွမ်းမံပြင်ဆင်ထားခြင်း မရှိချေ။ နောက်ပိုင်း၌ ဒုံးပျံများသည် အသံမြန်နှုန်း (Mach 1) မှ (Mach 5) အထိမြန်လာအောင် တီထွင်လာခဲ့ကြပြီး ကမ္ဘာပတ်လမ်းကြောင်းအတွင်းရောက်ရှိချိန် တစ်နာရီ ကီလိုမီတာ အထိ တိုးမြင့်ပျံသန်းလာနိုင်သည်။

ဆိုဗီယက်အာကာသယာဉ်မှူး ယူရီဂါဂါရင်သည် ဧပြီလ ၁၂ ရက်နေ့ ၁၉၆၁ ခုနှစ် ပစ်လွှတ်ခဲ့သော အာကာသခရီးအတွင်းသို့ လိုက်ပါခဲ့ပြီး အာကာအတွင်းသို့ရောက်ရှိခဲ့သည် ပထဦးဆုံးလူသားတစ်ဦးဖြစ်လာခဲ့သည်။

ဒုံးပျံသမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ရှေးခေတ်[ပြင်​ဆင်​ရန်​]

ရှေးဦးပိုင်းတရုတ်ဒုံးပျံ

ယမ်းမှုန့်ဖြင့်အရာဝတ္ထုများကို ပျံသန်းစေနိုင်သည်ဟူသောနိယာမအရ ဗုံးများ၊ အမြောက်မှား၊ မီးမြား(ဒုံးပျံ)များကိုတီထွင်လာကြသည်။ ယမ်းမှုန့်တွေ့ရှိမှုမှာ တောက်ဝါဒီအဂ္ဂိရတ်ဆရာများ မသေဆေးကို ရာစုနှစ်ပေါင်းများစွာရှာဖွေတီထွင်ကြံဆမှုမှ ထွက်ပေါ်လာသည်ဟုယူဆရသည်။