ဇယ်ခေါင်

ဝီကီပီးဒီးယား မှ
ဦးဇယ်ခေါင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ကချင်ပြည်နယ် မဲဆန္ဒနယ် ၃
အနိုင်ရမဲ အရေအတွက်၁၂,၃၅၃ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1981-09-07) ၇ စက်တင်ဘာ၊ ၁၉၈၁ (အသက် ၄၂)
နမ့်ဝါကျေးရွာ၊ ဝိုင်းမော်မြို့နယ်ကချင်ပြည်နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ခင်လင်းမာ
သားသမီး
မိဘဦးလွမ်းဇယ်
ဒေါ်ဘောမ်နမ်
မိခင်ကျောင်းမြစ်ကြီးနားတက္ကသိုလ် (B.Sc Botany)

ဦးဇယ်ခေါင် (၇ စက်တင်ဘာ ၁၉၈၁ မွေးဖွား) သည် မြန်မာနိုင်ငံသား လော်ဝေါ်လူမျိုး နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ ကိုယ်စားပြု တာဝန်ထမ်းဆောင်လျက်ရှိသည်။[၁][၂]

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ဦးဇယ်ခေါင်ကို ၁၉၈၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ နမ့်ဝါကျေးရွာတွင် မွေးဖွားခဲ့သည်။ မြစ်ကြီးနားတက္ကသိုလ်မှ သိပ္ပံဘွဲ့ (ရုက္ခဗေဒ) ဘွဲ့ကို ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပါတီစည်းရုံးရေး တာဝန်ထမ်းဆောင်ခဲ့သည်။[၁]

နိုင်ငံရေး[ပြင်ဆင်ရန်]

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာကို ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအရေအတွက် ၁၂,၃၅၃ ဖြင့် အနိုင်ရ ရွေးကောက်ခံခဲ့ရသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Mp Profile (in my)။ Pyidaungsu Hluttaw။ 3 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2018 တွင် ပြန်စစ်ပြီး။
  2. Mp Profile (in my)။ Amyotha Hluttaw။ 14 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2018 တွင် ပြန်စစ်ပြီး။
  3. Elections Results – Global New Light Of Myanmar။ Myanmar1329.rssing.com။ 22 August 2018 တွင် ပြန်စစ်ပြီး။