စိန့်လူစီယာနိုင်ငံ
| စိန့်လူစီယာနိုင်ငံ | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - The Land, The People, The Light | |||||
| နိုင်ငံတော်သီချင်း - စိန့်လူစီယာ၏ သားသမီးများ | |||||
| ပထဝီ |
|||||
![]() |
|||||
| မြို့တော် | ကက်စထရီမြို့ | ||||
| အကြီးဆုံးမြို့ | ကက်စထရီမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC -၄ | ||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ဖက်ဒရယ် ပါလီမန် ဒီမိုကရေစီ နှင့် စည်းမျဉ်းခံ ဘုရင်စနစ် | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၁.၇၄၆ ဘီလီယံ (အဆင့် - ) | ||||
| GDP(PPP) | US $၁၀,၁၇၇ (အဆင့် - ) | ||||
| HDI | ▼ ၀.၈၂၁ (အမြင့်) (အဆင့် - ၆၉) | ||||
| ငွေ | အရှေ့ ကာရစ်ဘီယံ ဒေါ်လာ | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .lc | ||||
| Calling code | +၁-၇၅၈ | ||||
စိန့်လူစီယာနိုင်ငံသည် အရှေ့ဘက် ကာရစ်ဘီယံပင်လယ် အတွင်းတွင် တည်ရှိသော ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာ နှင့် နယ်နိမိတ် နေရာတွင် ရှိသည်။ အန်တေးကျွန်း အငယ်စားများ၏ အစိတ်အပိုင်းဖြစ်ပြီး စိန့်ဗင်းဆင့်ကျွန်း၏ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်၊ ဘာဘေးဒိုးစ်နိုင်ငံ၏ အနောက်မြောက်ဘက်၊ မာတင်းနစ်နိုင်ငံ၏ တောင်ဘက်တို့တွင် တည်ရှိသည်။ ကုန်းမြေဧရိယာ ၆၂၀ စတုရန်းကီလိုမီတာ (၂၃၈ စတုရန်းမိုင်) ရှိပြီး ၂၀၀၉ ခုနှစ် ခန့်မှန်းချက် အရ ခန့်မှန်းခြေ လူဦးရေ အားဖြင့် ၁၇၃ , ၇၆၅ ခန့် မျှ ရှိသည်။ မြို့တော်မှာ ကက်စထရီမြို့ ဖြစ်သည်။ စိန့်လူစီယာနိုင်ငံသည် အာသာလူးဝစ်နှင့် ဒဲရက်ဝေါလ်ကော့ ဆိုသော နိုဘယ်လ်ဆုရှင် နှစ်ဦး၏ နေထိုင်ရာ နိုင်ငံ ဖြစ်သည်။ လူဦးရေ အချိုးအစား နှင့် ကြည့်ပါက ဖာရိုးကျွန်းပြီးလျှင် နိုဗယ်ဆုရသူ အများဆုံး နိုင်ငံ ဖြစ်သည်။
လေညာကျွန်းများထဲမှ တစ်ကျွန်းဖြစ်သော စိန့်လူစီယာ နိုင်ငံသည် ပထမဆုံး ဥရောပသား ကိုလိုနီ နယ် ရှာဖွေသူ ပြင်သစ်နိုင်ငံမှ စိန့်လူစီကို အစွဲပြု၍ နာမည် မှည့်ခေါ်ထားခြင်း ဖြစ်သည်။ သူတို့သည် ဒေသခံ ကာရစ် လူမျိုးများနှင့် ၁၆၆၀ တွင် သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ကြသည်။ အင်္ဂလန်မှ ထိုကျွန်းကို ၁၆၆၃ မှ ၁၆၆၇ ခုနှစ် အထိ သိမ်းယူ ထိန်းချုပ်ထားခဲ့သည်။ နောက်ပိုင်းနှစ်များတွင် အင်္ဂလန်နှင့် ပြင်သစ်တို့ စစ်ပွဲ ၁၄ ကြိမ်မျှ ဖြစ်ပွားပြီး ပြင်သစ်နှင့် အင်္ဂလိပ်တို့ ကျွန်းကို ၇ ကြိမ်စီ အုပ်ချုပ်ခဲ့ကြသည်။ ၁၈၁၄ ခုနှစ်တွင် အင်္ဂလိပ်တို့က ကျွန်းကို အပြီးအပိုင် ထိန်းချုပ် နိုင်ခဲ့ကြသည်။ အင်္ဂလိပ်နှင့် ပြင်သစ်တို့ အုပ်ချုပ်မှု မကြာခဏ ပြောင်းလဲခဲ့သဖြင့် စိန့်လူစီယာကို "အနောက်အင်ဒီ၏ ဟယ်လင် " ဟုလည်း ခေါ်ဝေါ်လေ့ ရှိကြသည်။
