ဘာဘေးဒိုးစ်နိုင်ငံ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 13°10′12″N 59°33′09″W / 13.17000°N 59.55250°W / 13.17000; -59.55250

ဘာဘေးဒိုးစ်နိုင်ငံ
ဘာဘေးဒိုးစ်နိုင်ငံ၏ အလံတော်
အလံတော်
ဘာဘေးဒိုးစ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "Pride and Industry"
နိုင်ငံတော် သီချင်း: "In Plenty and In Time of Need"
ဘာဘေးဒိုးစ်နိုင်ငံ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ဘရစ်တောင်းမြို့
13°06′N 59°37′W / 13.100°N 59.617°W / 13.100; -59.617
ရုံးသုံး ဘာသာစကားများအင်္ဂလိပ်
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများBajan Creole
လူမျိုးစု (၂၀၁၀[၁])
ကိုးကွယ်မှု
Demonym
အစိုးရပြည်ထောင်စု ပါလီမန်သမ္မတစနစ်
ဆန်ဒရာ မေဆန်
မီယာ မာတလေ
ဥပဒေပြုလွှတ်တော်ပါလီမန်
ဆီးနိတ်
House of Assembly
ယူနိုက်တက်ကင်းဒမ်းမှ လွတ်လပ်ရေးရရှိ
• အချုပ်အခြာအာဏာရရှိ
၃၀ နိုဝင်ဘာလ ၁၉၆၆
• ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာ
၇ ဒီဇင်ဘာ ၁၉၆၆
• သမ္မတစနစ်စတင်
၃၀ နိုဝင်ဘာလ ၂၀၂၁
ဧရိယာ
• စုစုပေါင်း
၄၃၉ km2 (၁၆၉ sq mi) (အဆင့်: ၁၈၃)
• ရေထု (%)
မပြောပလောက်
လူဦးရေ
• ၂၀၁၉ ခန့်မှန်း
၂၈၇,၀၂၅[၂] (အဆင့် - ၁၈၂)
• ၂၀၁၀ သန်းခေါင်စာရင်း
၂၇၇,၈၂၁[၃]
• သိပ်သည်းမှု
၆၆၀/km2 (၁,၇၀၉.၄/sq mi) (အဆင့် - ၁၅)
GDP (PPP)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၅.၃၉၈ ဘီလီယံ
• Per capita
$၁၈,၇၉၈[၄]
GDP (nominal)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၅.၂၀၇ ဘီလီယံ
• Per capita
$၁၈,၁၃၃[၄]
HDI (၂၀၁၉)Increase ၀.၈၁၄[၅]
အလွန်မြင့် · ၅၈
ငွေကြေးဘာဘေဒိုး ဒေါ်လာ ($) (BBD)
အချိန်ဇုန်AST (UTC−4)
ယာဉ်ကြောစနစ်ဘယ်[၆]
တယ်လီဖုန်းကုဒ်+1 -246
Internet TLD.bb


ဘာဘေးဒိုးစ်နိုင်ငံသည် အတ္တလန္တိတ်သမုဒ္ဒရာ အနောက်ပိုင်းရှိ အင်တီလီးစ် (Lesser Antilles) ကျွန်းစု ထဲမှ ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ အလျား ၃၄ကီလိုမီတာနှင့် အကျယ် ၂၃ ကီလိုမီတာမျှသာရှိပြီး ၄၃၁စတုရန်းကီလိုမီတာမျှသာရှိသော နိုင်ငံငယ်လေးတစ်ခုဖြစ်သည်။ ဝင်းဒ်ဝါ့ဒ်ကျွန်း နှင့် ကရစ်ဘီယံပင်လယ် တို့မှ အရှေ့ဘက် ကီလိုမီတာ ၁၀၀ မျှသာဝေးကွာသည်။ [၇] စိန့်ဗင်းဆင့်နှင့်ဂရင်နာဒင်းစ် ကျွန်းနိုင်ငံမှ အရှေ့ဘက် ၁၆၈ ကီလိုမီတာအကွာ၊ ထရီနီဒက်နှင့်တိုဘာဂိုကျွန်းနိုင်ငံမှ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၀၀ အကွာ တွင် တည်ရှိသည်။ အတ္တလန္တိတ်သမုဒ္ဒရာ ဟာရီကိန်းမုန်တိုင်းဧရိယာမှ ကင်းလွတ်သော နယ်မြေဖြစ်သည်။ အစောပိုင်းတွင် ပေါ်တူဂီကိုလိုနီနယ်အတွင်း ကျရောက်ခဲ့ဖူးပြီး ၁၆၂၅တွင် အင်္ဂလန်ဘုရင်၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ နောက်ပိုင်းတွင် ဗြိတိသျှအင်ပါယာအတွင်း ကျရောက်ခဲ့သည်။ [၈] လူဦးရေ စုစုပေါင်း ၂၇၅,၃၃၈ ခန့်ရှိသည်။ [၉] လူဦးရေ ၈၀,၀၀၀ ခန့်မှာ မြို့တော် ဘရစ်ချ်တောင်း တွင် နေထိုင်ကြသည်။ [၁၀] ၁၉၆၆ တွင် ဘာဘေးဒိုးစ်နိုင်ငံသည် လုံးဝလွတ်လပ်သော တိုင်းပြည်ဖြစ်လာခဲ့ပြီး ဓနသဟာယအဖွဲ့ဝင်နိုင်ငံလည်းဖြစ်လာသည်။ တိုင်းပြည်၏အကြီးအကဲအဖြစ် အင်္ဂလန်ဘုရင်မ ဒုတိယမြောက်အယ်လီဇဘက် ကိုထားရှိခဲ့သည်။[၁၁] ၂၀၂၁ အောက်တိုဘာတွင် ဆန်ဒရာ မေဆန်ကို နိုင်ငံ၏ပထမဆုံးသမ္မတအဖြစ် ပါလီမန်မှရွေးချယ်တင်မြှောက်ခဲ့သည်။ ၂၀၂၁ နိုဝင်ဘာ ၃၀ တွင် သမ္မတမေဆန်သည် ဘုရင်မအယ်လီဇဘက်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် အစားထိုးခဲ့ရာ သမ္မတနိုင်ငံဖြစ်လာခဲ့သည်။[၁၂][၁၃] ဘာဘေးဒိုးစ်နိုင်ငံသည် ကရစ်ဘီယံဒေသအတွင်း ခရီးသွားလုပ်ငန်းအဖွံ့ဖြိုးဆုံးတိုင်းပြည်ဖြစ်ပြီး ဒေသတွင်း လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း (Human Development Index|HDI) လည်း ၀.၇၈၈ ဖြင့် အမြင့်ဆုံးဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

နိုင်ငံရေး[ပြင်ဆင်ရန်]

အစိုးရအဖွဲ့[ပြင်ဆင်ရန်]

စီးပွားရေး[ပြင်ဆင်ရန်]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

ရာသီဥတု[ပြင်ဆင်ရန်]

လူဦးရေနှင့်လူမျိုးများ[ပြင်ဆင်ရန်]

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

စစ်ရေး[ပြင်ဆင်ရန်]

ပညာရေး[ပြင်ဆင်ရန်]

ကျန်းမာရေး[ပြင်ဆင်ရန်]

ခရီးသွားလုပ်ငန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Barbados Archived 23 January 2021 at the Wayback Machine. CIA World Factbook
  2. United Nations. "World Population Prospects 2019".
  3. Barbados – General Information။ GeoHive။ 1 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Report for Selected Countries and Subjects
  5. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)။ United Nations Development Programme။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-5။ ၁၁ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး
  6. Barbados (29 August 2006)။ 15 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ (fco.gov.uk), updated 5 June 2006.
  7. Chapter 4 - The Windward Islands and Barbados - U.S. Library of Congress
  8. Secretariat။ Barbados - HistoryCommonwealth of Nations
  9. Staff (2008)။ Latest Socio-Economic IndicatorsBarbados Statistical Service။ 5 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  10. Staff (2008)။ Places of interest - BRIDGETOWNGovernment of Barbados။ 13 September 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  11. HRM Queen Elizabeth II (2010)။ History and present government - Barbados။ Monarchy of Barbados။ 10 May 2010 တွင် ပြန်စစ်ပြီး။
  12. Barbadians celebrate the birth of a republic and bid farewell to the QueenCNN (2021-11-30)။ 2021-11-30 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-01-29 တွင် ပြန်စစ်ပြီး။
  13. Safi၊ Michael။ "Barbados parts way with Queen and becomes world's newest republic"၊ The Guardian၊ 30 November 2021။