ဂူဂယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Google, Inc.
အမျိုးအစား Public
(NASDAQGOOG)
(NASDAQGGEA)
လုပ်ငန်း Internet, Computer software
တည်ထောင်သည့်နှစ် Menlo Park, California (4 September 1998)
တည်ထောင်သူများ Sergey Brin
Larry Page
ဌာနချုပ် Googleplex, Mountain View, California,
Template:Country data U.S. United States
ဝန်ဆောင်မှု ဧရိယာ Worldwide
အရေးပါ ပုဂ္ဂိုလ်များ Dr. Eric E. Schmidt
(Chairman) & (CEO)
Sergey Brin
(Technology President)
Larry Page
(Products President)
ထုတ်ကုန်ပစ္စည်း See list of Google products
ဝင်ငွေ US$ 37.905 billion (2011)[၁]
အခွန်မဆောင်မှီ ဝင်ငွေ US$ 11.632 billion (2011)[၁]
အသားတင်ဝင်ငွေ US$ 09.737 billion (2011)[၁]
ရင်းနှီးမြှုပ်နှံမှု US$ 72.574 billion (2011)[၁]
စုစုပေါင်း ရှယ်ယာတန်ဖိုး US$ 58.145 billion (2011)[၁]
အလုပ်သမားဦးရေ 53,546 (2012)[၂]
ဝက်ဘ်ဆိုက် Google.com
References: [၃]

ဂူဂယ် (Google) ဆိုသည်မှာ အင်တာနက်တွင် ဝက်ဘ်ဆိုဒ်ရှာဖွေရေးနှင့် အွန်လိုင်းကြော်ငြာလုပ်ငန်းများကို ကြီးမားကျယ်ပြန့်စွာ ဆောင်ရွက်နေသော အမေရိကန်နိုင်ငံရှိ အများနှင့်သက်ဆိုင်သော ကော်ပိုရေးရှင်း တစ်ခုဖြစ်သည်။ ကုမ္ပဏီ၏ တည်နေရာမှာ ကယ်လီဖိုးနီးယား ပြည်နယ် Mountain View တွင်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ ၂၀၀၇ အထိ အချိန်ပြည့်အလုပ်သမား ၁၃၇၄၈ ဦး ရှိသည်ဟု သိရသည်။ Google ၏ဆောင်ပုဒ်မှာ ကမ္ဘာပေါ်ရှိသတင်းအချက်အလက်များကို စုစည်း၍ အားလုံးအသုံးချနိုင်ရန်နှင့် အကျိုးရှိအောင် သုံးနိုင်ရန် ("organize the world's information and make it universally accessible and useful.") ဟူ၍ ဖြစ်သည်။

Google ကိုစတင်တည်ထောင်သူများမှာ ကယ်လီဖိုးနီးယားပြည်နယ် စတန်းဖို့ဒ် တက္ကသိုလ်မှ ပါရဂူဘွဲ့သင်တန်းတက်ရောက်နေသော ကျောင်းသားနှစ်ဦးဖြစ်သော Larry Page နှင့် Sergey Brin တို့မှ Google အား ရှာဖွေရေး စီမံကိန်းတစ်ခုအဖြစ် ၁၉၉၆ ဇန်နဝါရီလ တွင်စတင်ခဲ့ခြင်း ဖြစ်သည်။ Google ဟာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှ ပုဂ္ဂလိကကုမ္ပဏီ အဖြစ်စတင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ အဖြစ်သက်မှတ်ခဲ့သည်။ အစကနဦး ဝက်ဘ်ဆိုဒ်ရှာဖွေရေးနှင့် စီးပွားရေးကြော်ငြာ လုပ်ငန်း များအပြင် ဝက်ဘ်ဆိုဒ်အခြေပြု အီလက်ထရောနစ် စာပို့စနစ်များ၊ အွန်လိုင်း မြေပုံလမ်းညွှန်များ ၊ ရုံးသုံး ဆော့ဖ်ဝဲလ်များနှင့် အွန်လိုင်းတွင် ဗီဒီယိုဖိုင်များ ဝေမျှခြင်းများ လုပ်ငန်းများ ကို လုပ်ကိုင်လျှက်ရှိသည်။

ဂူဂယ်သည် အဓိကသည် ဝက်ဘ်ဆိုဒ်ရှာဖွေရေးကို အဓိက လုပ်ဆာင်သောလည်း တခြားသော အွန်လိုင်းသုံး ပရိုဂရမ်များကိုလည်း ထုတ်လုပ်ခဲ့သည်။ အွန်လိုင်းစာပို့မှုအတွက် ဂျီမေးလ် (Gmail)၊ အွန်လိုင်းသိုလှောင်မှုအတွက် ဂူဂယ်ဒရိုက် (Google Drive)၊ အွန်လိုင်း ရုံးသုံးပစ္စည်း ဂူဂယ်ဒေါ့ (Google Docs) နှင့် လူမှုကွန်ရက် ဂူဂဲလ်ပလပ်စ် (Google+) တို့ထုတ်လုပ်ထားသည်။ ကွန်ပျူတာတွင် အသုံးပြရန်အတွက် အင်တာနက်ရှာဖွေရေး အက်ပလီကေးရှင်း၊ ဓါတ်ပုံတည်းဖြတ်ခြင်း အက်ပလီကေးရှင်း နှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများကိုလည်း ထုတ်ဝေထားသည်။ နောက်ထပ် အဓိက လုပ်ငန်းဖြစ်သောလုပ်ငန်းမှာ မိုဘိုင်းဖုန်းများတွင် လည်ပတ်မှု စနစ်ဖြစ်သော အန်ထရိုက် လည်ပတ်မှုစနစ် (Android OS) နဲ့ ကွန်ပျူတာ လည်ပတ်မှုစနစ် ခရုန်း (Chrome OS) တို့ဖြစ်သည်။ အခုနောက်ပိုင်းတွင်အမာထည် လုပ်ငန်းများကိုလည်း တိုးချဲ့လာခဲ့သည်။ ပစ္စည်းကောင်း၍ ဈေးချိုသော နက်စပ်ဖုန်း (Nexus) နှင့် မိုတိုရိုလာ မိုဘိုင်းကို ၂၀၁၂ ခုနှစ် မေလတွင် ဝယ်ယူခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဂူဂယ် ဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုကို ကန်စမြို့တွင် စတည်ခဲ့သည်။

ဂူဂယ်သည် တစ်ကမ္ဘာလုံးတွင် အချက်အလက်စင်တာများ တည်ဆောက်ထားပြီး ဆာဗာပေါင်း ၁ သန်းကျော်နှင့် လည်ပတ်နေသည်။ ၁ ရက်လျှင် အွန်လိုင်းရှာဖွေမှုပေါင်း သန်း ၁၀၀၀ ကျော်ကို ရှာဖွေပေးနေသည် (၂၀၀၉ ခုနှစ် အချက်အလက်များအရ)။ ၂၀၁၃ ဒီဇင်ဘာလ အချက်အလက်များအရ www.google.com သည် ကမ္ဘာပေါ်တွင် လည်ပတ်မှုအများဆုံး ဝက်ဘ်ဆိုဒ် အဖြစ်ရပ်တည်ခဲ့သည်။ ဂူဂယ်ဝက်ဘ်ဆိုဒ်ကို ဘာသာစကား မျိုးစုံဖြင့် ဖတ်ရှုနိုင်ပြီး တခြားလူသုံးများသော ဝက်ဘ်ဆိုဒ်များမှာ ယူကျု့ (YouTube) နှင့် ဘလော့ဂါ (Blogger) တို့ဖြစ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ဂူဂယ် ပေါ်ပေါက်လာတဲ့ သမိုင်းတစ်လျှောက်မှာ မှတ်သား စရာလေးတွေ ရှိခဲ့ပါတယ်။ တကယ်တော့ ဂူဂယ် ဆိုတာဟာ ၁၉၉၆ ဇန်နဝါရီလမှာ လာရီပေ့ချ် (Larry Page) နဲ့ ဆာဂျေး ဘရင်း (Sergey Brin) ဆိုတဲ့ စတန်းဖို့ဒ် တက္ကသိုလ်က ပီအိပ်ချ်ဒီ ကျောင်းသားလေး ၂ ယောက် တင်သွင်းခဲ့တဲ့ Search engine အကြောင်း ရေးသားထားတဲ့ စာတမ်းလေး တစ်စောင် ကနေပြီး စတင်ပေါက်ဖွားလာတာပဲ ဖြစ်ပါတယ်။ အစကတော့ သူတို့ရဲ့ search engine ကို BackRub လို့ အမည်ပေးခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ဆိုဒ်တစ်ခုရဲ့ အရေးပါမှုကို သူ့ကို ရည်ညွှန်းထားတဲ့ backlinks တွေပေါ်မူတည်ပြီး ခန့်မှန်း သတ်မှတ် ဖို့ ဒီဇိုင်းထုတ်ထားလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ မတိုင်မီကတည်းက ဒီ နည်းစံနစ်ကို သုံးထားတဲ့ Rankdex ဆိုတဲ့ search engine တစ်ခု ရှိနေနှင့် ပြီးသားပါ။ သူတို့ နှစ်ယောက်ဟာ သီးစစ်လုပ်ကြရင်း နဲ့ အခု ဂူဂယ် ဖြစ်လာမယ့် search engine အတွက် အခြေခံ အုတ်မြစ်တွေကို ခိုင်အောင် ချနိုင်ခဲ့ကြပါတယ်။ အစပိုင်းမှာ သူတို့ search engine ရဲ့ လိပ်စာဟာ စတန်းဖို့ဒ် ယူနီဗာစီတီရဲ့ subdomain တစ်ခုဖြစ်တဲ့ google.stanford.edu အနေနဲ့ စတင်ခဲ့တာပါ။ google.com ဒိုမိန်း ကို ၁၉၉၇ စက်တင်ဘာလ ၁၅ ရက်နေ့ မှာမှ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ စက်တင်ဘာလ ၄ ရက် မှာ Google Inc. ကို သူငယ်ချင်းတစ်ယောက်ရဲ့ ကားဂိုထောင်ထဲမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စတင်နိုင်ဖို့ လိုအပ်တဲ့ ငွေ အရင်းအနှီးကို Sun Microsystems ကို စတင်တည်ထောင်ခဲ့သူ Andy Bechtolsheim က ဒေါ်လာ ၁၀၀၀၀၀ တန် ချက်လက်မှတ်တစ်ခု စတင် ထုတ်ပေးရာမှ အခြားရင်းနှီးမြုပ်နှံသူများ ပါဝင်လာပြီး စုစုပေါင်း ဒေါ်လာ ၁.၁ သန်းအထိ တိုးတက်များပြားလာခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၉၉ မတ်လ ရောက်တဲ့ အခါကျမှ ဆီလီကွန် တောင်ကြားမှာ ရှိတဲ့ Palo Alto မှာ ကုမ္ပဏီကို ပြောင်းရွှေ့ပြီး ကျကျနန အခြေချ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီ အဆောက်အဦးတွေကို Googleplex လို့ လူသိများလာခဲ့ပါတယ်။ ဂူဂယ်ဟာ သူ့ရဲ့ ရိုးစင်းတဲ့ ဒီဇိုင်းနဲ့ လွယ်ကူစွာ အသုံးချနိုင်မှုတို့ကြောင့် အသုံးချသူ အများစုက နှစ်သက်ခဲ့ကြပါတယ်။ ၂ဝဝဝခုနှစ် က စတင်ပြီး ဂူဂယ်မှာ search keywords တွေကို အခြေခံတဲ့ ကြော်ငြာများ စတင် ထည့်သွင်းလာပါတယ်။ ဂူဂယ် ဆိုတဲ့ နာမည် ဖြစ်လာပုံက တော့ googol (အဓိပ္ပါယ်က 10pow(100)) ဆိုတဲ့ စာလုံးကို google လို့ မှားပေါင်းရာက စလာခဲ့တာဖြစ်ပြီး Merriam Webster Collegiate Dictionary နဲ့ Oxford English Dictionary တွေမှာ google ရဲ့ အဓိပ္ပါယ်ကို “အင်တာနက်မှ အချက်အလက်များရယူရန် ဂူဂယ် search engine ကို အသုံးပြုခြင်း” လို့၂၀၀၆ မှ စတင်ပြီး ထည့်သွင်း ပေးခဲ့ပါတယ်။

အချက်အလက်စင်တာများ[ပြင်​ဆင်​ရန်​]

၂၀၁၄ ခုနှစ်အထိ ဂူဂယ်သည် အမေရိကန်နိုင်ငံ တွင် အချက်အလက်စင်တာ ၆ ခု၊ ချီလီနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ စင်ကာပူ နှင့် ထိုင်ဝမ်နိုင်ငံတို့တွင် စင်တာ ၁ ခုထိ ထားရှိလည်ပတ်နေသည်။ ၂၀၁၁ ခုနှစ်အတွင်းက နောက်ထပ် အာရှတိုက်တွင် အချက်အလက်စင်တာ ၃ ခု တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း၂၀၀ ထပ်မံ ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး ၎င်းအချက်အလက်စင်တာများကို စင်ကာပူ၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့တွင် တည်ဆောက်မည်ဟု ကြေငြာခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဝါရှင်တန်ပို့စ် သတင်းစားက ဂူဂယ်၏ အချက်အလက်စင်တာများကြား အချက်အလက်များပေးပို့မှုသည်အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေး အေဂျင်စီမှ "MUSCULAR" ဟုခေါ်သော ပရိုဂရမ် နှင့် တားဆီးထားပြီး အချက်အလက်ပေးမှုများကြားတွင် မည်သို့မှ စာဝှက်ထားခြင်း (encrypt) မရှိကြောင်း ရေးသားခဲ့သည်။ ထို့ကြောင့် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အချက်အလက်ပေးပို့မှုများတွင် စာဝှက်ထားမှုများ ပြုလုပ်ခဲ့သည်။

Products and services[ပြင်​ဆင်​ရန်​]

ဂူဂယ်ရဲ့ အဓိက ဆားဗစ်က Google web search engine ဖြစ်ပေမယ့် သူ့မှာ အခြား ထင်ရှား လူကြိုက်များတဲ့ ဆားဗစ်တွေ အတော်များများ ရှိပါသေးတယ်။Google ရဲ့ အခြားဆားဗစ်တစ်ခုဖြစ်တဲ့ Google Mail (Gmail) သည်လည်း ထင်းရှားသော အီလက်ထရောနှစ် စာပို့စနစ်ဖြစ်သည်။ Google ReaderGoogle DocumentGoogle Photo အစရှိသည်တို့သည် ၎င်း၏ အခမဲ့ ဆားဗစ်များဖြစ်ကြသည်။အခမဲ့ ဆားဗစ်ဟုဆိုသော်လည်း ၎င်းတို့ သတ်မှတ်ပေးထားသော ၁ GB ပြည့်သွားပါက ငွေပေး၍ ဝယ်ယူအသုံးပြုရပါသည်။ Google Chrome Internet Explorer သည်လည်း သွပ်လပ်ပေါ့ပါးသော Browser တစ်ခုဖြစ်သည်။

ကြော်ငြာလုပ်ငန်း[ပြင်​ဆင်​ရန်​]

ဆော့ဖ်ဝဲများ[ပြင်​ဆင်​ရန်​]

Google ကသူ၏ Google Web Mail Service ထဲတွင် ဖုန်းဝန်ဆောင်မှုအသစ်ထပ်မံထည်သွင်းလိုက်ပါသည်။ အရင်က ဖုန်းခေါ်ဆိုနိုင်သော်လည်း Gtalk တွင် @gtalk2viop ဆိုသော address ကိုတဆင်ခံပြီး ဖုန်းနာပါတ်ရိုက်ထည့်မှ ခေါ်ဆိုနိုင်ခဲ့သည်။ ယခု feature အသစ်တွင် Phone feature အပြည့်ပါဝင်လာသောကြောင့် ခေါ်ဆိုမှု ပိုမိုအဆင်ပြေလာပါသည်။ Country code ကိုလည်း တပါတည်း တွဲထည့်ပေးထားပါသည်။ ၄င်း feature အသစ်တွင် Call History, ဖုန်းခေါ်ဆိုမှုနှုန်းထားနှင့် online မှ ငွေအလွယ်တကူခြေနိုင်သော feature များထည့်ပေးထားပါသည်။[၄]

စီးပွားရေး ထုတ်ကုန်များ[ပြင်​ဆင်​ရန်​]

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဂူဂဲလ်ရှာဖွေရေးပစ္စည်း (Google Search Appliance ) ဟု အမည်ရသော ပရိုဂရမ်ကို စတင်မိတ်ဆက်ခဲ့သည်။ ကြီးမားသော အဖွဲ့အစည်းများအတွက် နည်းပညာ ရှာဖွေမှုများကို ပိုမိုထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ ၃ နှစ်ကြာသောအခါ သေးငယ်သော အဖွဲ့အစည်းများအတွက် ရည်ရွယ်သော မီနီဗားရှင်း ကိုမိတ်ဆက်ခဲ့သည်။ ၂၀၀၆ ခုနှစ် နှောင်းပိုင်းတွင်တော့ စိတ်ကြိုက်ရှာဖွေရေး။ စီးပွားရေး အက်ဒီရှင် (Custom Search Business Edition) ကို စတင်ရောင်းချခဲ့သည်။ အဲ့ဒီဟာက google.com ကို ကြေငြာများမပါဝင်ပဲ အသုံးပြနိုင်သည်။ သို့ပေမယ့် ၂၀၀၈ ခုနှစ်မှာတော့ ဝန်ဆောင်မှုကို အွန်လိုင်းဝန်ဆောင်မှုအဖြစ် ပြောင်းလဲခဲ့သည်။

ဂူဂယ် အက်ပလီကေးရှင်း များကို ပိုမိုဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ ဂျီမေးလ် (Gamil) နှင့် ဂူဂယ် ဒေါ့ (Google Docs) တို့ကို ကိုယ်ပိုင်ဒိုမိန်းဖြင့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးခဲ့သည်။ ထိုကဲ့သို့သော ဝန်ဆောင်မှုများကို Edition အမြောက်အများ ထုတ်ဝေခဲ့သည်။ အခြေခံ အခမဲ့ (စံသတ်မှတ်ထားသော Edition)၊ စီးပွားရေး၊ ပညာရေး နှင့် အစိုးရအတွက် စသည်ဖြင့် အမျိုးမျိုးထုတ်ဝေခဲ့သည်။

ကော်ပိုရိတ်ရေးရာ နှင့် ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

ဖော်ကျွန်းမဂ္ဂဇင်း၏ ဖော်ပြချက်အရ ဂူဂယ်ကုမ္ပဏီဟာ ၂၀၀၇၊ ၂၀၀၈ နှင့် ၂၀၁၂ ခုနှစ်တို့မှ အလုပ်လုပ်ရန်အတွက် အကောင်းဆုံးကုမ္ပဏီအဖြစ် သတ်မှတ်ခံရသည်။ ၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်တို့တွင် စတုတ္ထနေရာတွင် ရပ်တည်ခဲ့သည်။ ၂၀၁၀ မှာ ဘွဲ့ရလူငယ်များအတွက် အလုပ်လုပ်ရန် ဆွဲဆောင်မှုအရှိဆုံးကုမ္ပဏီအဖြစ်လည်း သတ်မှတ်ခံထားရသည်။ ဂူဂယ်ရဲ့ လုပ်ငန်းရေးရာ ဆောင်ပုဒ်များကတော့ "မကောင်းတာမလုပ်ဘဲ ပိုက်ဆံရနိုင်တယ်"၊ "သင်ဟာ တူညီဝတ်စုံမဝတ်ဘဲ လူအများလေးစားရသောလူဖြစ်နိုင်သည်"၊ "အလုပ်ကို စိန်ခေါ်ရမည်ဖြစ်ပြီး၊ စိန်ခေါ်မှုဟာ ပျော်စရာဖြစ်သင့်ပါတယ်" ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် အချက်အလက်များအရ ဂူဂယ်တွင် ဝန်ထမ်း ၄၇၇၅၆ ဦးအလုပ်လုပ်နေကြပြီး ဆော့ဝဲလ် ရေးသူ ၁ သောင်းကျော် ပါဝင်ပြီး ရုံးခွဲ ၄၀ ကျော်မှာ ရုံးစိုက်ထားပါတယ်။

Easter eggs and April Fool's Day jokes[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]