ကြေးဝိုင်း

ဝီကီပီးဒီးယား မှ

ကြေးဝိုင်း[ပြင်ဆင်ရန်]

ဆိုင်းဝိုင်းဖွဲ့စည်းပုံကို ပိုင်းခြား၍ ကြည့်လျှင် ဆိုင်းဝိုင်း၌ ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ်မကြီး၊ နှဲဟူသည်တို့မှာ အဓိက အစိတ်အပိုင်းများဖြစ်ကြသည်ကို တွေ့ရလိမ့်မည်။ အကျယ် တစ်ပေကိုးလက်မခန့်ရှိသော ပန်းပြားပေါင်း ရှစ် ပြားကိုစပ်၍၊ ကြေးဝိုင်းလုပ်လေ့ရှိသည်။ သို့သော် တစ်ခါတစ်ရံ ပန်းပြားခြောက်ခုဖြင့်သာ စပ်လုပ်ကြသည်။ ထိုသို့ပန်းပြား ခြောက်ခုဖြင့် လုပ်သောအခါ၊ ပန်းပြား တပြား၏အကျယ်မှာ နှစ်ပေလေးလက်မဖြစ်သည်။ ကြေးဝိုင်း၏ အဝန်းမှာ ၁၄ ပေ ခန့်ရှိသည်။ အမြင့်မှာ တစ်ပေလေးလက်မခန့် မြင့်သည်။ ကြေး ဝိုင်းတွင် ကြေးနောင်ပေါင်း ၁၈ လုံးဖြစ်စေ၊ ၁၉ လုံးဖြစ်စေ တပ်ဆင်ရသည်၊ ကြေးနောင်ကို လက်ခတ်နှင့် တီးရသည်။ ကြေးဝိုင်းကို ပတ်ဝိုင်းနည်းတူ မှန်စီရွှေချပြုလုပ် လေ့ရှိကြ သည်။ ရှေးရိုးမူအတိုင်းမှာ ကြေးနောင်ဝိုင်းကို ပန်းပြားကြီး များဖြင့် တပ်ဆင်လေ့ရှိသော်လည်း၊ နှောင်းအခါ၌ ပန်းပြား အစား ပွတ်လုံးများဖြင့် တပ်ဆင်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)