ပတ်ဝိုင်း

ဝီကီပီးဒီးယား မှ

ပတ်ဝိုင်း[ပြင်ဆင်ရန်]

ဆိုင်းဝိုင်းဖွဲ့စည်းပုံကို ပိုင်းခြား၍ ကြည့်လျှင် ဆိုင်းဝိုင်း၌ ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ်မကြီး၊ နှဲဟူသည်တို့မှာ အဓိက အစိတ်အပိုင်းများဖြစ်ကြသည်ကို တွေ့ရလိမ့်မည်။

ပတ်ဝိုင်းမှာ မှန်စီရွှေချထားသော ပန်းပြားကြီးပေါင်းရှစ်ခုကို ဆက်စပ်ဝိုင်း ဖွဲ့ကာ၊ ပုံဟုခေါ်သော ပတ်လုံးများ ဆွဲချိတ်ထားသည့် ဝိုင်းပင် ဖြစ်သည်။ ထိုပန်းပြားကြီးရှစ်ခုအနက် ခုနစ်ခုမှာ ပန်းပြားကြီး တစ်ခုလျှင် ပန်းပြားငယ်သုံးခုမှ လေးခုအထိ ထုလုပ်ဆက်စပ် ထားသည်။ ကျန်ပန်းပြားငယ်တစ်ခုမှာမူ နောက်ထိုင်များ၏ ဖက်၌ ရှိသည်။ ထိုပန်းပြားတွင် ဆိုင်းဆရာ ဝင်ရန်ထွက်ရန် အပေါက်ပါရှိ၍၊ ထိုအပေါက်ကို မင်းပေါက်ဟု ခေါ်သည်။ ထို မင်းပေါက်ပါရှိသော ပန်းပြားမှလွဲ၍၊ ကျန်ပန်းပြားတို့၏ ထပ်တွင် ပန်းပြားငယ်အရေအတွက်ကိုလိုက်၍ ပတ်လုံးချိန်ရန် စရွေးပေါင်း သုံးခုစီဖြစ်စေ၊ လေးခုစီဖြစ်စေရှိသည်။ မင်းပေါက် ပါသော အပြား၌ ဝဲယာနှစ်ဘက်တွင် စရွေးနှစ်ခုရှိသည်။ ပန်း ပြားကြီးတစ်ခုလျှင် အကျယ်နှစ်ပေခန့်ရှိသည်။ မင်းပေါက် ရှိသော ပန်းပြားမှာ နှစ်ပေကျော်မျှကျယ်သည်။

အတိုင်းအတာအရွယ်အစား[ပြင်ဆင်ရန်]

ဆိုင်းဝိုင်း ၏အဝန်းမှာ မြန်မာအသုံးအနှုန်းအားဖြင့် ဆယ်တောင်ထွာရှိ၍၊ ပေဖွဲ့သော် ၁၅ ပေ ၁ဝ ၁/၂ လက်မမျှရှိသည်။ ပတ်ဝိုင်း၏ အမြင့်မှာ ခြေထောက်ပါ နှစ်ပေ ရှစ်လက်မခန့်ရှိသည်။

ပတ် ဝိုင်းခွေ၍၊ ပတ်လုံးများကို ဆွဲချိတ်ထားရာ၌၊ ပတ်လုံးနှင့် ပန်း ပြားတို့ မထိမကပ်ရလေအောင် ပန်းပြားအတွင်း၌ကြိမ်ကို သံ နှင့်ရိုက်၍ ခံထားသည်။ ယင်းကို ပတ်ခံဟူ၍လည်းကောင်း၊ ပတ်ခေါင်းအုံးဟူ၍လည်းကောင်း ခေါ်ကြသည်။ ပတ်ဝိုင်း၏ ပန်းပြားထိပ်များတွင် ဖန်ပဒိုင်းခေါ် ဖန်အိုးရောင်စုံများကို တပ်ဆင်လေ့ရှိသည်။ ည အခါ၌ ထိုဖန်ပဒိုင်းတွင် ဖရောင်းတိုင်ထည့်ကာ မီးထွန်းညိ|ရ သည်။ ပတ်ဝိုင်းတွင် ပတ်လုံးပေါင်း ၁၉ လုံးမှ ၂၁ လုံးအထိ ရှိကြသည်။ ပတ်ဝိုင်းတို့ကို မှန်စီရွှေချထားလေ့ရှိသည်။ မူလက ပတ်ဝိုင်း၌ ခြေများမရှိချေ။ သက္ကရာဇ် ၁၂၈၂ ခုနှစ်က အစပြု ၍ ပတ်ဝိုင်းနှင့် ကြေးဝိုင်းကိုပါ အမြင့် ငါးလက်မခွဲရှိသော ခြေ ထောက်များ တပ်ဆင်ပေးလာကြသည်။

ပြုလုပ်သော ပစ္စည်း[ပြင်ဆင်ရန်]

ဗုံ (ပုံ) ကိုယ်ထည်[ပြင်ဆင်ရန်]

ပတ်ဝိုင်း၌ပါဝင်သော ပတ်လုံးတို့ကို ပိတောက်သားနှင့် ပြုလုပ်ရသည်။

တီးခတ် မျက်နှာပြင်[ပြင်ဆင်ရန်]

ပတ်လုံး (ပုံ) ကိုယ်ထည် ၏ နှစ်ဖက် ထိပ်အဝ များကို နွားသရေနှစ်ဘက်ပိတ်ပြီးလျှင် နွားသားရေကြိုးများနှင့် တင်းအောင် ဆွဲကျက်ထားလေသည်။

ပတ်စာ[ပြင်ဆင်ရန်]

ဆိုင်းတွင် ပတ်စာမှာလည်း အရေးကြီးသည်။ ပတ်စာကို အစာရေစာဟုလည်း ခေါ်သည်။ စည်တိုနှင့် ပလုတ်တုတ်မှအပ၊ ပတ်လုံး သားရေ မျက်နှာပြင်တို့ကို ရှေးအခါက မကျည်းသားကို ပြာချပြီး ထမင်းနှင့် ရောနယ်ထားသော ပတ်စာဖြင့် ကပ်၍ အသံညှိကြသည် ။ ပတ်လုံးသံ အတက် အကျ မှာ ပတ်စာ အရည်အသွေး နှင့် အထူအပါး ပေါ် မူတည်သည်။ မန်ကျည်းပြာမှာ တစ်ခြားပြာထက် အငန်ဓာတ်ပိုသည်။ မန်ကျည်းပြာ အပြင် ညောင်ပြာကို လည်း သုံးနိုင်သည်။ ညက်အောင် နယ်ထားသော ပတ်စာတပ်၍ အသံညှိသည့် အခါ ရာသီဥတု အပူအအေးပေါ်တည်ပြီး အသံပြောင်းသွားလေ့ရှိသည်။[၁] ဆိုင်းဆရာများအနေနှင့် ပတ်စာကို ရွေးချယ်ရာတွင် အပျော့၊ အမာ စသည်ဖြင့် နှစ်သက်သလို သုံးလေ့ရှိကြသည်။ ပတ်စာ အပျော့ အမာကို ရွေးချယ်ရာတွင် နှာသီးဖျား၏ အမာ၊ နှာသီးဖျား၏ အပျော့ကို စံထားတတ်ကြသည်။

ယခု ကာလတွင်မူ နိုင်လွန်ပတ်စာဟု ခေါ်သည့် ကော်မှုန့်တစ်မျိုးအား ကြိတ်ကာရေနှင့်ဖျော်ပြီးနယ်ထားသောပတ်စာကို အသုံးပြုနေပြီ ဖြစ်သည်။ ပြာနုနှင့် ထမင်းကို သမအောင်ရော၍ ကြိတ်နယ်ထားသော ပတ်စာမှာ တစ်ညတာ တစ်ပွဲမျှသာ သုံးနိုင်သည်။ နိုင်လွန်ပတ်စာမှာ လေလုံအောင်ဘူးဖြင့်ထည့်၍ သိမ်းထားလျှင် မကုန်မချင်း သုံးနိုင်သည်။ [၂]

နိုင်ငံခြားကော်မှုန့်ပတ်စာမှာ မြန်မာနည်းဖြစ်သည့် ထမင်းလုံးပတ်စာနှင့် ယှဉ်ပါက ကော်မှုန့်ပတ်စာမှာ အသံဝပ်၍၊ ထမင်းလုံးပတ်စာမှာ အသံလွင်သဖြင့် ဝါရင့် ဆိုင်းဆရာအများစုက ထမင်းလုံးပတ်စာကို ပိုမို နှစ်ကြသည်။ [၃]

ပတ်ဝိုင်းတွင် ပတ်လုံးများ နေရာချပုံ တီးခတ်ပုံ နှင့် အသံထွက်[ပြင်ဆင်ရန်]

ဆိုင်းဆရာသည် မင်းပေါက်ကို ကျောခိုင်းကာ ပရိတ်သတ်ကို မျက်နှာမူ၍ ပတ်ဝိုင်း အလယ်တွင် ချထားသော ခွေးချေ ထိုင်ခုံပေါ်တွင် ထိုင်ရသည်။ ဆိုင်းဆရာ၏ လက်ဝဲဖက် အစွန် (မင်းပေါက် ဘေး) မှ စ၍ အသံအနိမ့်ဆုံး ပတ်လုံး (ပုံ အမှတ်စဉ် ၁) ကို ချိတ်ဆွဲပြီး ကျန်ပတ်လုံးများကို အသံနိမ့်ရာမှ မြင့်ရာသို့ အစဉ်အတိုင်း ညာဖက်သို့ ချိတ်ဆွဲထားသည်။ ဆိုင်းဆရာ၏ ညာဖက်အစွန်ဆုံး (မင်းပေါက်၏ ကျန် ဘေးတဖက်) ပတ်လုံးမှာ အသံ အမြင့်ဆုံး ဖြစ်သည်။ ဆိုင်းဆရာသည် မိမိ၏ လက်နှစ်ဖက်ကို သုံး၍ ပတ်လုံးများကို ရိုက်ခတ်ကာ တီးရသည်။

နေရာ ပုံအမှတ်စဉ် ပုံအမည် အသံ အသံခေါ်နည်းတမျိုး နောက်တနည်း[၄] အနောက်တိုင်းအသံ
ဗယ် ဒုန်းကဲ လေးပေါက် လေးပေါက်ဒုန်းကဲ ဒုံးခဲ G
နှစ်ဆစ်ဒုန်း နှစ်ပေါက် လဲသဲးလဲ နှစ်ဆစ်လုံး B
သဖြန်ဒုန်း တစ်ပေါက် တဆစ်ဒုန်း တစ်ဆစ်လုံး C
ဗယ်တျော ခြောက်ပေါက် ခုနစ်သံချီညှိလျှင် ခုနစ်ပေါက်ညှိသည်။ ဘယ်တျောလုံး E
ငါးပေါက်ညှင်း ငါးပေါက် ပုလဲတီးလျှင် ခြောက်ပေါက်ညှိသည်။ ဘယ်တေလုံး F
ဒူးလုံး လေးပေါက် လက်ခေါ်လုံး ဒူးလုံး G
နှစ်ပေါက်လုံး နှစ်ပေါက် ပုလဲညှိလျှင် သုံးပေါက်ညှိသည်။ တေလက်ခေါ်လုံး B
သရွင်းလုံး တစ်သံမှန် - လည်သည်းလုံး(သို့)တျာလက်ခေါ်လုံး C
လက်လယ် ပတ်စာတပ်လုံး ခုနစ်ပေါက် - ပတ်စာတပ်လုံး E
၁၀ ငါးပေါက် ငါးပေါက် - ငါးပေါက်လုံး F
၁၁ လေးပေါက် လေးပေါက်လတ် - လေးပေါက်လုံး G
၁၂ သုံးပေါက် - - သုံးပေါက်လုံး A
၁၃ နှစ်ပေါက် - - နှစ်ပေါက်လုံး B
၁၄ သဖြန် သံမှန် - သံကုန်လုံး C
လက်ဖျား ၁၅ ခုနစ်သံ - - တျောလုံး D
၁၆ ငါးပေါက်ဖျား - - ခြောက်ပေါက်ဖျားလုံး E
၁၇ လေးပေါက်ဖျား - - ငါးပေါက်ဖျားလုံး F
၁၈ သုံးပေါက်ဖျား - - လေးပေါက်ဖျား G
၁၉ နှစ်ပေါက်ဖျား - - သုံးပေါက်ဖျား A
၂၀ သံမှန်ဖျား - - နှစ်ပေါက်ဖျား B
၂၁ ခုနစ်သံဖျား - - သံကုန်ဖျား C

[၅]

ဆိုင်းတီး သင်ရိုး နှင့် ဆိုင်းဆရာတိုးတွင် ရှိအပ်သော အရည်အချင်း[ပြင်ဆင်ရန်]

ဆိုင်းပညာရှင် (ဆိုင်းဆရာ) တစ်ဦးတွင် အောက်ပါ အရည်အချင်းများ ရှိရန် လိုအပ်သည်။[၆]

  1. အဆို
  2. အတီး
  3. အကပညာ

ဆိုင်းပညာသင်ရိး[ပြင်ဆင်ရန်]

မန္တလေး ပန်တျာ ကျောင်းတွင် ဆိုင်းပညာ သင်ရိုး အရ သုံးနှစ်ခန့် သင်ကြားပို့ချပေးသည်။

ပထမနှစ်[ပြင်ဆင်ရန်]

စည်းနဲ့ဝါးကို စတင်သင်ယူရသည်။

တံတျာ၊ သီတာ၊ သာယာ၊ ဝေဘာ၊ ထွေလာ စသည့် သီချင်း ၁၃ ပုဒ်ကို အပြီး သင်ယူရသည်။

ဒုတိယနှစ်[ပြင်ဆင်ရန်]

ဒုတိယနှစ်တွင် ဝေယံကိုပင် ကြိုးသီချင်းမှစပြီး မြိုင်ဟေမာ ယိုးဒယားသီချင်းတွင် ဆုံးသွားသည်အထိ သီချင်း (၁၃)ပိုဒ် သင်ရသည်။

တတိယနှစ်[ပြင်ဆင်ရန်]

တတိယနှစ်တွင် ရွှေပင်ရွှေဘုန်း ကြိုးသီချင်းမှ စတင်သင်ယူရပြီး နောက်ဆုံး ဆယ်-ဆယ်ရောင် သီချင်းတွင် ပြီးဆုံးသည်။

သံစဉ်လေ့ကျင့်မှု[ပြင်ဆင်ရန်]

မြန်မာ့ဂီတ တူရိယာများတွင် တျာ-တေ-တျော-ဆိုသည့် အခြေခံအသံ သုံးပါးသာ ရှိပါသည်။

အဆိုပါ အခြေခံ အသံသုံးပါးကို ချဲ့လိုက်သည့် အခါ အသံ ၇-ပါး ဖြစ်လာသည်။ ထို အသံ ၇-ပါးကို လေ့ကျင့်ရသည်။

သံစဉ် ၇-ပါးကို ကျွမ်းကျင်လာပြီးလျင် စည်းနဲ့ဝါးကို လေ့ကျင့်ရသည်။ ပြီးလျင် ထံတျာ ပုဇဉ်းတောင်သံကြိုးကို လေ့ကျင့်ရသည်။

အဆိုပါ အပိုင်းကို ကျွမ်းကျင်ပြီဆိုလျင် သီတာ၊ သာယာ၊ ဝေဘာ၊ ထွေတလာ၊ ဘုံဆောင်၊ ဇေယျာ၊ စိမ်းလဲ့လဲ့ စသည့် သင်လက် ကြီုးသီချင်းများကို လေ့ကျင့်ရသည်။ ပြီးလျင်

  1. စံရာတောင်ကျွန်း
  2. ရွှေပြည်ကြီးဧရာ
  3. မြို့နန်း
  4. ကိုးပါး
  5. ရွှေဘုန်း


စသည့် သာနိုး (၅) ပိုဒ် ကို သင်ရသည်။

အထက်ပါ သီချင်းများကို ခြုံငုံပြီး သင်ရိုး (၁၃-ပိုဒ်)ဟု ခေါ်သည်။ သင်ရိုးကို ပိုင်နိုင်သူသည် ကျန်တီးကွက်များကို ဆက်လက်တီးခတ်နိုင်လေသည်။[၇]

မြန်မာ ဆိုင်းပညာရှင်များ[ပြင်ဆင်ရန်]

  1. ကိုကိုနိုင်၊ မွန်ပြည်နယ် (ရွှေဆိုင်းတော်မင်္ဂလာ)
  2. မြန်မာပြည်ကျောက်စိမ်း
  3. စိန်ကုလား
  4. စိန်စတင်း
  5. စိန်တင်ညွန့်
  6. စိန်တင့်လွင်
  7. စိန်ဓူဝံ
  8. စိန်ဗေဒါ
  9. စိန်မွတ္တား
  10. စိန်မျက်ပြူး
  11. စိန်လှမောင်
  12. ဇာနည်ကို
  13. တက္ကသိုလ်သီရိဇော်
  14. ပေါက်ကျိုင်း
  15. ဘိုဟိန်း
  16. မန္တလေးကျော်မင်း
  17. မန္တလေးဝင်းနောင်
  18. မန္တလေးစိန်သောင်း
  19. မန္တလေးသိန်းဇော်
  20. ရဲရင့်နောင်
  21. ရွှေဒေါင်းမင်း
  22. လင်းလက်ဗိုလ်
  23. ဦးဟန်ပ

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  2. သိန်းသန်းဝင်း၊ (မလှိုင်) (၂၀၀၉)။ မြန်မာ့ဆိုင်း။ ပထမအကြိမ်။ စာပေဗိမာန်။
  3. http://waiyanthiri.blogspot.com/2015/11/blog-post_22.html ဘလော့ဂါ ဝေယံသီရိ ၏ (နက္ခတ္တ မဂ္ဂဇင်း-၁၉၉၆-၁၀) ပါ ဆောင်းပါးရှင် ဦးသန်းဖေမြင့် ရေးသည့် မန္တလေး ပန်တျာကျောင်း ဆိုင်းပညာရှင်ကြီး ဦးစိန်တင်ညွန့် နှင့် အင်တာဗျူး ဆောင်းပါး
  4. သိန်းသန်းဝင်း၊ (မလှိုင်) (၂၀၀၉)။ မြန်မာ့ဆိုင်း။ ပထမအကြိမ်။ စာပေဗိမာန်။
  5. အလင်္ကာကျော်စွာ၊ ဒေါ်စောမြအေးကြည်၊ (ဘီအေ) (ရန်ကုန်၊ ၁၉၆၈)။ ဂီတနှင့် အက။ ပြည်သူ့လက်စွဲစာစဉ်။ စာပေဗိမာန် |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  6. http://waiyanthiri.blogspot.com/2015/11/blog-post_22.html ဘလော့ဂါ ဝေယံသီရိ ၏ (နက္ခတ္တ မဂ္ဂဇင်း-၁၉၉၆-၁၀) ပါ ဆောင်းပါးရှင် ဦးသန်းဖေမြင့် ရေးသည့် မန္တလေး ပန်တျာကျောင်း ဆိုင်းပညာရှင်ကြီး ဦးစိန်တင်ညွန့် နှင့် အင်တာဗျူး ဆောင်းပါး
  7. http://waiyanthiri.blogspot.com/2015/11/blog-post_22.html ဘလော့ဂါ ဝေယံသီရိ ၏ (နက္ခတ္တ မဂ္ဂဇင်း-၁၉၉၆-၁၀) ပါ ဆောင်းပါးရှင် ဦးသန်းဖေမြင့် ရေးသည့် မန္တလေး ပန်တျာကျောင်း ဆိုင်းပညာရှင်ကြီး ဦးစိန်တင်ညွန့် နှင့် အင်တာဗျူး ဆောင်းပါး