ကြက်သွန်နီ
| ကြက်သွန်နီ Onion |
||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||
|
||||||||||||
| ဒွိနာမ | ||||||||||||
| ''Allium cepa'' | ||||||||||||
ကြက်သွန်နီသည် အော်လီယံ(Allium) မျိုးရင်းတွင် ပါဝင်သော အော်လီယံဆက်ဖါ(Allium cepa) မျိုးစိတ် ဖြစ်သည်။ မြေပေါ်တွင် ထောင်မတ်နေသော အညှေက်(vertical shoot) ပါရှိသည်။ [၁] ၎င်းသည် ကြက်သွန်ဖြူနှင့် မျိုးစိတ်ချင်းနီးစပ်သည်။ အလယ်ပိုင်း အာရှဒေသတွင် ကြက်သွန်နီအရိုင်းများ ပေါက်ရောက်သည်။ [၂]
[ပြင်ဆင်ရန်] ပုံသဏ္ဍာန်
အပင် ပင်ပျော့ ပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁ ပေခန့်ထိရှိသည်။ ပင်စည်မှာ ဥ၏ အောက်ခြေတွင် ရှိပြီး အနည်းငယ် မာကျော၍ အဝိုင်းငယ်ပုံသဏ္ဍာန်ရှိသည်။ ၎င်းမှ အမြစ်များ ဖြာထွက်သည်။ အရွက် အရွက်စုပြုံထွက်သည်။ ပြွန်ပုံရှိပြီး ပြောင်ချော၍ ပျော့ပျောင်းသည်။ အခေါင်းပါသည်။ အပေါ်ဘက်သို့ သေးသွယ်၍ ကျဉ်းမြောင်းသွားသည်။ ရွက်ထိပ်ချွန်သည်။ အစိမ်းရင့်ရောင် ရှိသည်။ ရွက်ရင်းဖြူသည်။ အပွင့် လုံးဝိုင်းသော ထီးပုံသဏ္ဍာန် ပန်းခိုင်တွင် ကြယ်ပုံပန်းပွင့်အဖြူလေးများ ပွင့်၏ ။ ပွင့်ဖတ်အုံ ရှည်မျောမျော ပုံရှိပြီး ထိပ်ချွန်သည်။ ဝတ်ဆံဖိုတိုင်မှာ ပွင့်ချပ်ထက် ရှည်သည်။ပြာသို ၊ တပို့တွဲတွင် ပွင့်သည်။ ဥ နီညိုရောင်ရှိပြီး လုံးဝိုင်းသည်။ ဥအပေါ်ယံကို ပါးလွှာသော အဖတ်များဖြင့် အထပ်ထပ် ဖုံးအုပ်နေသည်။အတွင်း၌ အရည်ရွှမ်းသော အသားဖတ်များ ရှိ၏။
[ပြင်ဆင်ရန်] အသုံးဝင်ပုံများ
ကြက်သွန်နီကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ကမ္ဘာ့လူမျိုးပေါင်းစုံတို့တွင် အသုံးပြုကြသည်။ ကြက်သွန်နီဥ (bulb) အပြင် ကြက်သွန်မြိတ်ကိုလည်း စားသုံးနိုင်သည်။ ယခုအခါ ကြာရှည်ခံအောင် အအေးခံ၍လည်းကောင်း၊ အခြောက်ခံရေထုတ်၍လည်းကောင်း၊ အမှုန့်ပြုလုပ်၍လည်းကောင်း သိုလှောင်ကြသည်။ အရှေ့တိုင်းသာများက ကြက်သွန်နီကို ဟင်းထဲထည့်ချက်စားသည့်အပြင် ပါးပါးလှီး၍ လတ်လတ်ဆတ်ဆတ် အစိမ်းစားကြသော်လည်း ဥရောပတိုင်းသားများကမူ ဟင်းထဲတွင်သာ ထည့်ချက်ပြီး စားလေ့ရှိကြသည်။ ကြက်သွန်နီမျိုးပေါ်မူတည်၍ အချို၊ အစပ်၊ အမွှေး အရသာစုံရှိသည်။ ကြက်သွန်နီကို ရှာလကာရည်နှင့် နှပ်၍ သနပ်ပြုလုပ်၍လည်း စားသုံးကြသည်။ ဩစတြေးလျနိုင်ငံတွင် အရန်ဟင်းခတ်အမွှေးအကြိုင်အဖြစ် ငါးဟင်းတွင် ထည့်သုံးသည်။ ဗြိတိန်တွင် ဒိန်ခဲ (cheese) နှင့် ရောနယ်၍ သနပ်ပြုလုပ်စားလေ့ရှိသည်။ အီရန်၊ အိန္ဒယနှင့် ပါကစ္စတန်တို့တွင် နေ့စဉ်စားသုံးရသော အခြေခံအစားအစာအဖြစ် သတ်မှတ်ထားသည်။
[ပြင်ဆင်ရန်] ကြက်သွန်နီအမှုန့်
ကြာရှည်ခံအောင် စီမံပြုပြင်ထားသော ဟင်းခတ်အမွှေးအကြိုင်အမှုန့်ဖြစ်သည်။ ရေထုတ်ထားသော ကြက်သွန်နီများကို ညက်နေအောင်ကြိတ်ပြီး အမှုန့် ပြုလုပ်ထားခြင်းဖြစ်သည်။ များသောအားဖြင့် အနံ့ပြင်းသော ကြက်သွန်နီမျိုးကို ပြုလုပ်လေ့ရှိသည်။ ကြက်သွန်နီမှုန့်ပြုလုပ်လေ့ရှိသောအမျိုးများမှာ
- ကြက်သွန်နီအဖြူမှုန့်
- ကြက်သွန်နီအနီမှုန့်
- ကြက်သွန်နီအဝါမှုန့်
- ကြက်သွန်နီအမှုန့်လှော်
ကြက်သွန်နီအမှုန့်သည် ခွေးများအတွက် အဆိပ်အတောက်ဖြစ်စေသည်။ [၃]
[ပြင်ဆင်ရန်] ကြက်သွန်နီစားသုံးမှုသမိုင်း
လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွကတည်းကပင် ကြက်သွန်နီကို လူသားတို့ စားသုံးခဲ့ကြသည်။ ကြေးခေတ် ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ဘီစီ(၅၀၀၀) ခေတ်က ကျောက်လက်နက်များတွင် ကြက်သွန်နီကို စားသုံးခဲ့ကြောင်း သဲလွန်စများတွေ့ရသည်။ [၄] သို့ရာတွင် ကြက်သွန်နီကို စိုက်ပျိုးထုတ်လုပ်ကြောင်း အထောက်အထားများကိုကား မတွေ့ရပေ။ ရှေးဟောင်းသုတေသန ဆိုင်ရာ ခိုင်လုံသော အထောက်အထားများအရ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)ကျော်က အီဂျစ်ပြည်တွင် ကြက်သွန်နီ စိုက်ပျိုးခဲ့ကြောင်း အထောက်အထားများကို တွေ့ရသည်။ [၄]
ကြက်သွန်နီကို ပျံ့နှံ့ပေါက်ရန် လွယ်ကူသည်။ ရှေးခေတ် အီဂျစ်လူမျိုးများသည် ကြက်သွန်နီ၏ လုံးဝန်းကျစ်လျစ်သောပုံပန်းနှင့် အလွှာအထပ်ထပ် ရှိနေခြင်းကြောင့် အသက်ရှည်စေသည်ဟုယုံကြည်ကာ ကြက်သွန်နီကို ကိုးကွယ်ခဲ့ကြသည်။ [၅]
ရှေးအီဂျစ်အားကစားသမားတို့သည် ကြက်သွန်နီကသွေးလှည့်ပတ်မှုကို ညီမျှအားကောင်းစေသည်ဟု ယုံကြည်ကာ ကြက်သွန်နီအများအပြားစားသုံးကြသည်။ ရောမ ဂလေဒီယေတာ တို့သည် ကြွက်သားများ သန်မာစေရန် ကြက်သွန်နီနှင့်ပွတ်တိုက်ပေးကြသည်။ ကြေးစားအငှားခ ပေးချေရာတွင် ကြက်သွန်နီပမာဏဖြင့် ပေးလေ့ရှိသည်။ အောင်ပွဲရ၍ ဆုချလျှင်လည်း ကြက်သွန်နီကို ဆုအဖြစ် ပေးလေ့ရှိသည်။ [၅] ဆရာဝန်များကလည်း ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြ်ငးများမှ သက်သာစေရန်၊ မြွေဆိပ်ပြေစေရန်နှင့် ဆံပင်ကျွတ်ခြင်းမှ ကင်းဝေးစေရန်အတွက် ကြက်သွန်နီကို ဆေးအဖြစ်ညွှန်းခဲ့ကြသည်။ ကြက်သွန်နီသည် အမေရိကတိုက်သို့ ၁၄၉၂ခုနှစ်တွင် ကိုလံဘတ်စ် နှင့်အတူ ရောက်ရှိလာခဲ့သည်။ သို့ရာတွင် အမေရိကတွင် ကြက်သွန်နီအရိုင်းများ ရှိနှင့်ပြီးဖြစ်သည်။ ဒေသခံ အင်ဒီးယန်းတို့သည် ကြက်သွန်နီအရိုင်းကို စားသုံးကြသည်။ [၅] အမျိုးသမီးများ သားမြုံခြင်းကို ကုသရန်အတွက်လည်း ကြက်သွန်နီကို ဆေးအဖြစ် ဆရာဝန်များက ညွှန်းခဲ့ကြသည်။ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်၊ နွားများကိုပါ ကြက်သွန်နီ တိုက်ကျွေးခဲ့ကြသည်။ သို့သော် ယခုခေတ် လေ့လာတွေ့ရှိချက်များအရ ကြက်သွန်နီသည် အိမ်မွေးတိရ္ဆာန်များ၏ အစာချေဖျက်ခြင်းကို အဆိပ်အတော် ဖြစ်စေနိုင်သည်။
[ပြင်ဆင်ရန်] ကြက်သွန်နီနှင့်ဆေးဖက်ဝင်မှု
| Nutritional value per includeonly>၁၀၀ g (includeonly>၃.၅ oz) | |
|---|---|
| စွမ်းအင် | includeonly>၁၆၆ kJ (includeonly>၄၀ kcal) |
| ကာဗွန်ဟိုက်ဒရိုတ် | 9.34 g |
| - သကြား | 4.24 g |
| - အစာမျှင် | 1.7 g |
| အဆီ | 0.1 g |
| - ပြည့်ဝဆီ | 0.042 g |
| - မိုနိပြည့်ဝဆီ | 0.013 g |
| - ပိုလီပြည့်ဝဆီ | 0.017 g |
| ပရိုတိန်း | 1.1 g |
| ရေ | 89.11 g |
| Vitamin A equiv. | 0 μg (0%) |
| သီယမိုင်း(vit. B1) | 0.046 mg (4%) |
| ရီလိုဖလိုဗင်(vit. B2) | 0.027 mg (2%) |
| နီယဇင်(vit. B3) | 0.116 mg (1%) |
| ဘီတာမင် ဘီ6 | 0.12 mg (9%) |
| ဖိုလိတ် (vit. B9) | 19 μg (5%) |
| ဗီတာမင် ဘီ12 | 0 μg (0%) |
| ဗီတာမင် စီ | 7.4 mg (9%) |
| ဗီတာမင် အီး | 0.02 mg (0%) |
| ဗီတာမင် ကေ | 0.4 μg (0%) |
| ကယ်ဆီယမ် | 23 mg (2%) |
| သံဓာတ် | 0.21 mg (2%) |
| မန်းဂနီဆီယမ် | 0.129 mg (0%) |
| ဖော့စဖောရပ် | 29 mg (4%) |
| ပိုတက်ဆီယမ် | 146 mg (3%) |
| ဆိုဒီယမ် | 4 mg (0%) |
| ဇင့် | 0.17 mg (2%) |
| Percentages are relative to US recommendations for adults. Source: USDA Nutrient Database |
|
သာမန်အအေးမိရောဂါ၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အရိုးကြွပ်ဆတ်သောရောဂါ (osteoporosis)နှင့် အခြားရောဂါများကို ကုသရာတွင် ထိရောက်သည်။ [၆] ထိခိုက်ဒဏ်ရာကြောင့် ညိုမည်းရောင်ရမ်းနာကျင်သောရောဂါကို သက်သာစေနိုင်ကြောင်း အချို့က ယူဆကြသည်။ ကြက်သွန်နီများများစားလျှင် ဦးခေါင်းပိုင်းနှင့် လည်ပင်းကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည်။ [၇] အိန္ဒိယအချို့လူမျိုးစုများကမူ ကြက်သွန်နီသည် လိင်စိတ်ကိုတိုးပွားစေသည်ဟုယူဆကာ မစားသုံးကြပေ။ [၈] ကမ္ဘာ့ဒေသအတော်များများတွင် ကြက်သွန်နီကို အပူလောင်ခြင်းအတွက် ကုသရာတွင်အသုံးပြုသည်။ မော်လ်တာလူမျိုးတို့သည် မီးဖုတ်ထားသော ကြက်သွန်နီခြမ်းကို အပူလောင်ဒဏ်ရာပေါ်တွင် တစ်ညတာ အုံပေးခြင်းဖြင့် ကုသကြသည်။ ကြက်သွန်နီသည် အမျိုးသမီးများသွေးဆုံးချိန်တွင် ဖြစ်ပွားတတ်သော အရိုးကြွပ်ခြင်းအတွက် အထူးသင့်လျော်သည်။ [၉] အမေရိကန်ဓာတုပညာရှင်တစ်ဦးက ကြက်သွန်နီသည် လည်ချောင်းနာခြင်းကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိထားသည်။ [၁၀] အိန္ဒိယတွင် ကြက်သွန်နီကို ထန်းလျက် နှင့် ရောစားခြင်းဖြင့် လည်ချောင်းနာရောဂါကို ကုသကြသည်။ ကြက်သွန်နီတွင်ပါဝင်သော 3-mercapto-2-methylpentan-1-ol ဟုခေါ်သည့်ဓာတ်တစ်မျိုးက ဆဲလ်များပျက်စီးခြင်းဖြင့် ရောဂါများဖြစ်ပွားစေခြင်းကို ကာကွယ်ပေးသည်။ [၁၁]
[ပြင်ဆင်ရန်] ကြက်သွန်နီနှင့် မြန်မာ့တိုင်းရင်းဆေး
[ပြင်ဆင်ရန်] အာနိသင်
မြန်မာဆေးကျမ်း များ အလိုအရ ကြက်သွန်နီသည် ချို၏ ၊ စပ်၏ ၊ အနည်းငယ်ပူ၏ ၊ လေသလိပ် ၊ အဖျား ၊ ချောင်းဆိုးနာတို့ကို နိုင်၏ ။ ဆီးရွှင်စေ၏ ။ နှုတ်မမြိန်၊ အော့အန်ရောဂါ တို့ကို ပျောက်စေ၏။ ခွန်အားကို ဖြစ်စေ၍ သုက်အားကို ပွားများစေတတ်၏ ။ အော့အန်ခြင်း စသော ရောဂါများကို ပျောက်ကင်းစေတတ်၏။
[ပြင်ဆင်ရန်] အသုံးပြုပုံ
- ကြက်သွန်နီဥကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်း၍ ဆီးရွှင်စေ၏။
- ကြက်သွန်နီစေ့ကို ထောင်းစားက အားတိုးစေ၏။
- မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါ ပျောက်၏။
- ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ ဝမ်းဗိုက်နာရောဂါ ပျောက်၏။
- သကြားနှင့် ကြက်သွန်နီ အရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ ၊ ဝမ်းရောဂါ ပျောက်၏။
- ကြက်သွန်နီ လတ်လတ်ဆတ်ဆတ် ညှစ်၍ ကြွေဇွန်း ထက်ဝက် သကြားအနည်ငယ် ထည့်ပြီး တစ်နေ့တစ်ကြိမ် သောက်သော် သွေးပါက လိပ်ခေါင်းရောဂါသက်သာ၏။
- ညအခါ မျက်စိမမြင်ရသည့် ကြက်မျက်သင့်သောရောဂါ အတွက် ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့် ၍ မျက်စဉ်း ခတ်ပေးသော် ပျောက်၏။
- ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်သော် နားကိုက်ရောဂါ ပျောက်၏။
- ကြက်သွန်နီအရည်ညှစ်၍ နားထဲ တစ်နေ့ သုံးကြိမ်ထည့်သော် နားပြည်ယိုရောဂါ ပျောက်၏။
- ကြက်သွန်နီကို ဓားနှင့် လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစားထုံးသုတ်၍ ကင်းမြီးကောက် စသော အဆိပ်ရှိသတ္တဝါ ကိုက်သည့်နေရာ၌ ၎င်းထိပ်ဝဖြင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်း ခြင်း ဖြင့် အဆိပ်မတက်နိုင်တော့ချေ။
- ကြက်သွန်နီကို ဒူလာပါဒရက် ၊ မီးယပ်ပိန်ခြောက် ၊ ရင်နာ လေနာ ရောဂါများအတွက် ဖော်စပ်သောဆေးများတွင်လည်း ထည့်သွင်း အသုံးပြုနိုင်၏။[၁၂]
[ပြင်ဆင်ရန်] စိုက်ပျိုးသောကြက်သွန်နီ
စပိန်ကြက်သွန်နီတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိသည်။ အဝါသည် အနံ့အရသာ ပြည့်စုံသည်။ ချက်ပြုတ်သောအခါ အညိုရောင် ပြောင်းသွားသည်။ အနီရောင်က အရောင်လှပသည်။ အဖြူရောင်ကမူ မက္ကဆီကန် လူမျိုးများအကြိုက်ဖြစ်သည်။ ကြက်သွန်နီသည် လွယ်ကူစွာပေါက်ရောက်လွယ်ပြီး ပူနွေးစွတ်စိုသော ရာသီဥတုကို နှစ်ခြိုက်သည်။ စိုက်ပျိုးရာတွင် မြေအောက် တစ်လက်မမြှုပ်၊ တစ်ပင်နှင့်တစ်ပင် (၁၀)လက်မခြား စိုက်ပျိုးရမည်ဖြစ်သည်။ အပွင့်ပွင့်ခဲသည်။ မျိုးပွားခြင်းသည် အပင်ကို ပွားခွဲခြင်းသာဖြစ်သည်။
[ပြင်ဆင်ရန်] စိုက်ပျိုးပုံ
[ပြင်ဆင်ရန်] ပျိုးထောင်ခြင်း
အကျယ် ၃ ပေ ၊ အမြင့် ၈ လက်မ အရှည် သင့်တော်သလို ဘောင်များပြုလုပ်ပြီးနောက် မျိုးစေ့ကို လက်ဖြင့် ညီညာစွာချ၍ ထွန်ခြစ်ဖြင့် မြေဆွဲ ကာဖုံးအုပ်ရမည်။ ထို့နောက် ရေပန်းကရားဖြင့် ရေလောင်းပြီးနောက် ကောက်ရိုးအုပ်ထားရမည်။ ၅ ရက်ကျော်မှ ကောက်ရိုးဖယ်ပေးရသည်။ ရေကို လိုသလို လောင်းပေးခြင်းနှင့် လက်ပေါင်းလိုက်ခြင်း ပြုလုပ်သွားပြီး ပျိုးသက် ၄၅ ရက်ရှိက ပြောင်းရွှေ့စိုက်နိုင်သည်။
[ပြင်ဆင်ရန်] ပြောင်းရွှေ့စိုက်ပျိုးခြင်း
အကျယ် ၄ ပေ ၊ အလျား ၆ပေရှိ စိုက်ကွင်းများတွင် တစ်လက်မခန့် နက်သော မြောင်းကလေးများ ၆ လက်မအကွာ ဖော်သွားပြီး ယင်းမြောင်းများ၌ တစ်ပင်နှင့်တစ်ပင် ၄ လက်မခြား၍ စိုက်ရမည်။
[ပြင်ဆင်ရန်] ပြုစုခြင်း
စိုက်ပြီး ရေလောင်းပြီးနောက် တစ်လအကြာတွင် တစ်ကြိမ်ရေသွင်းပေးရန်လိုသည်။ ၎င်းနောက် ၆-၈ ရက်အကြာတစ်ကြိမ် ၊ ၈ ကြိမ်အထိ လိုအပ်သလို ရေပေးရမည်။
[ပြင်ဆင်ရန်] ရိတ်သိမ်းခြင်း
တပေါင်းလ အရွက်များ နွမ်းရိစပြုချိန် တွင် ကြက်သွန်ဥများ ဖော်နိုင်သည်။ ကြက်သွန်ဥများ ဖော်ပြီးနောက် အရိပ်ထဲ၌ ကောင်းစွာ ခြောက်သွေ့ စေရမည်။
[ပြင်ဆင်ရန်] မျက်စိမွှန်စပ်စေခြင်း
ကြက်သွန်နီကို ခွဲစိပ်လိုက်သောအခါ ၎င်းတွင်ပါရှိသည့် အော်လီနေ့စ် (alliinase) ဟုခေါ်သော အင်ဇိုင်း ဇီဝဆဲလ်များသည် ဓာတ်ပြိုကွဲကြကာ အမိုင်နိုအက်ဆစ်(mino acid) ဆာလ်ဖောက်ဆိုက် (sulphoxide) နှင့် ဆာလဖြူရစ်အက်ဆစ်(sulphenic acid) တို့အဖြစ် ပြိုကွဲထွက်လာသည်။ ၎င်း ဆာလ်ဖြူရစ်အက်ဆစ်မှ တဖန် ထပ်ဆင့်ဓာတ်ပြိုကွဲရာ lachrymatory factor synthase or LFS ဟုခေါ်သော ဒုတိယအင်ဇိုင်းတစ်မျိုး ဖြစ်ပေါ်လာသည်။ ၎င်းသည် အငွေ့ပျံလွယ်သော ဓာတ်ငွေ့ဖြစ်ပြီး မျက်ရည်များကို ထွက်စေသည်။ [၁၃] [၁၄] lachrymatory agents ဟူသည် မျက်စိကိုစပ်မွှန်စေသော ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။
အနီးအနားတွင် ရေရှိလျှင် ၎င်းဓာတ်ငွေ့နှင့်ရေတို့ဓာတ်ပြုမှုကြောင့် ဓာတ်ပြယ်စေသည်။ သို့ဖြစ်၍ ကြက်သွန်နီလှီးသောအခါ အနီးတွင် ရေဇလုံထား၍ဖြစ်စေ၊ ကြက်သွန်နီကို ရေနှစ်၍ဖြစ်စေ မျက်စိစပ်ခြင်းကို ရှောင်ရှားနိုင်သည်။ [၁၄] အခြားတစ်နည်းမှာ ၎င်းဓာတ်ငွေ့များပိုမိုများပြားသော အခွံကို နောက်ဆုံးမှ ခွာရန်ဖြစ်သည်။ [၁၅] ထက်မြိနေသောဓားကို အသုံးပြုခြင်းသည်လည်း ကြက်သွန်နီအင်ဇိုင်းဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်သဖြင့် မျက်စိစပ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ နောက်တစ်နည်းမှာ မျက်မှန်တပ်ကာကွယ်ခြင်းဖြစ်သည်။ အော်လီယံမျိုးကွဲများပေါ်မူတည်၍ အင်ဇိုင်းထွက်သော ပမာဏ ကွာခြားသည်။
[ပြင်ဆင်ရန်] မျိုးပွားပျံ့နှံ့ခြင်း
ကြက်သွန်နီသည် အစေ့မှလည်းကောင်း အပင်ပေါက်ငယ်များဖြင့်လည်းကောင်း မျိုးပွား စိုက်ပျိုးကြသည်။
[ပြင်ဆင်ရန်] ကြက်သွန်နီမျိုးကွဲများ
- Bulb onion – အညှောက်တစ်ခုတည်းသာထွက်သော ကြက်သွန်နီမျိုး
- Multiplier onions – အညှောက်များစွာ အတက်များစွာထွက်သော ကြက်သွန်နီမျိုး
- Tree onion or Egyptian onion - Produce bulblets in the flower head; a hybrid of Allium cepas.
- Welsh onion – Sometimes referred to as green onion or spring onion, although these onions may refer to any green onion stalk.
- Leek
- Yellow onion - generally tapered ends, brown skin over the onion.
- Sweet onion - flatter ends and sold individually. Spanish and Vidalia
[ပြင်ဆင်ရန်] ဥရောပကြက်သွန်နီ
- Cipolla Rossa di Tropea, a red onion from Calabria, Italy (PGI)
- Cipollotto Nocerino, a spring/salad onion sized Allium Cepa from Campania, Italy (PDO)
- Oignon doux des Cévennes, a sweet onion from the south east of France (PDO)
[ပြင်ဆင်ရန်] ကြက်သွန်နီသိုလှောင်ခြင်း
ကြက်သွန်စိမ်းနှင့် ကြက်သွန်မိတ်တို့အား ရေခဲသေတ္တာတွင် သိမ်းဆည်းထားနိုင်သည်။[၁၆] ဟင်းစား ကြက်သွန်နီနှင့် ကြက်သွန်နီအချိုများအား အခန်းအပူချိန်၊ ရိုးရိုးအလွာတွင် သင်တင့်စွာ ထားရှိခြင်း၊ ခြောက်သွေ၊ အေးမြပြီး မှောင်သော လေဝင်ပေါက်နေရာတွင်ထားရှိခြင်းနှင့် အပေါက်ကျဲကျဲ ရပ်ထားသော ဂုန်နီအိပ်အတွင်းဖြင့် ထုတ်ပိုးထားခြင်းဖြင့် သိမ်းဆည်းနိုင်သည်။ [၁၆]ဤပတ်ဝန်းကျင်အခြေအနေတွင် ချက်ပြုတ်ရာတွင်သုံးသည့် ကြက်သွန်နီ၏ ကြာရှည်စွာသိမ်းဆည်းထားနိုင်မှု သက်တမ်းသည် ၂ ပတ်မှ သုံးပတ်၊ ကြက်သွန်နီအချိုတွင် ၁ ပတ်မှ ၂ ပတ်အထိ ဖြစ်သည်။[၁၆] ချက်ပြုတ်ရာတွင်သုံးသော ကြက်သွန်နီများသည် သစ်တော်သီးနှင့် ပန်းသီးတို့မှ အနံအသက်များအား စုပ်ယူသည်။[၁၆] ထို့ပြင် သီးနှံများ၏သိမ်းဆည်းထားသည့် ခြောက်သွေ့မှုကို ဆွဲယူသဖြင့် ဆွေးမြေ့ပျက်စီးစေသည်။[၁၆]ကြက်သွန်နီအချို၏ သကြားနှင့် ရေပါဝင်မှုနှုန်းသည် ချက်ပြုတ်ရာတွင်သုံးသော ကြက်သွန်နီထက် ပိုသည်။ ထို့ကြောင့် ပိုမိုချို၍ သိမ်မွေ့သော အရသာရှိသော်လည်း ကြာရှည်စွာ သိမ်းထားနိုင်သည့် သက်တမ်းအား လျော့ချပစ်သည်။[၁၆] ကြက်သွန်နီအချိုအား ရေခဲသေတ္တာတွင် သိမ်းဆည်းထားနိုင်ပြီး ကောင်းမွန်စွာ မကာကွယ်ထားပါက ကြာရှည်စွာသိမ်းထားနိုင်သည့် သက်တမ်းမှာ ၁ လနီးပါဖြစ်သည်။ [၁၆]လှီးဖြတ်ထားသည့် ကြက်သွန်နီများအား လုံခြုံတင်းကြပ်စွာ ထုတ်ပိုးပြီး အခြားပစ္စည်းများ၏ အဝေးတွင် ထားသည့် မည်သည့်ကြက်သွန်နီမဆို ၂ ရက်မှ ၃ ရက်အတွင်းအသုံးပြုနိုင်သည်။[၁၆]
[ပြင်ဆင်ရန်] ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုမှတ်တမ်း
| Top Ten Onion Producers — 2008 |
|
|---|---|
| 20,817,295 | |
| 8,178,300 | |
| 4,003,491 | |
| 3,349,170 | |
| 2,015,200 | |
| 2,007,120 | |
| 1,849,275 | |
| 1,728,417 | |
| 1,712,500 | |
| 1,299,815 | |
| World Total | 46,960,583 |
| Source: ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)[၁၇] |
|
[ပြင်ဆင်ရန်] ရုပ်ပုံများ
[ပြင်ဆင်ရန်] ဆက်စပ်ရန်
[ပြင်ဆင်ရန်] ကျမ်းကိုး
- ↑ http://www.uri.edu/ce/factsheets/sheets/onions.html
- ↑ Allium cepa Linnaeus. Flora of North America.
- ↑ Susan McKay (April 2009). "Canine Queries". Dogs Monthly. ABM.
- ↑ ၄.၀ ၄.၁ Onions Allium cepa. selfsufficientish.com. Retrieved on 2006-04-02။
- ↑ ၅.၀ ၅.၁ ၅.၂ About Onions: History. Retrieved on 2008-01-30။
- ↑ World's Healthiest Foods. Whfoods.com (2006-06-06). Retrieved on 2009-09-04။
- ↑ Onion and garlic use and human cancer. (The American Journal of Clinical Nutrition). Ajcn.org (2006-11-01). Retrieved on 2009-09-04။
- ↑ Simoons, Frederick (1998). Plants of life, plants of death. Univ of Wisconsin Press, 153. ISBN 0299159043. Retrieved on 2009-07-13.
- ↑ Onion Compound May Help Fight Osteoporosis (2005-04-11). Retrieved on 2008-01-30။
- ↑ Chemical & Engineering News Vol. 85 No. 35, 1 Sept. 2008, "Letters", p. 7
- ↑ Rose, Peter et al. (2003). "Inhibition of peroxynitrite-mediated cellular toxicity, tyrosine nitration, and α1-antiproteinase inactivation by 3-mercapto-2-methylpentan-1-ol, a novel compound isolated from Allium cepa". Biochemical and Biophysical Research Communications 302 (2): 397–402. doi:. PMID 12604361. Retrieved on 28 June 2009.
- ↑ http://arogyamonline.com/commodity/materials/?raw=99
- ↑ Eric Block, "Garlic and Other Alliums: The Lore and the Science" (Cambridge: Royal Society of Chemistry, 2010)
- ↑ ၁၄.၀ ၁၄.၁ Scott, Thomas. What is the chemical process that causes my eyes to tear when I peel an onion?. Ask the Experts: Chemistry. Scientific American. Retrieved on 2007-04-28။
- ↑ FAQ. Onions-usa.org. Retrieved on 2009-09-04။
- ↑ ၁၆.၀ ၁၆.၁ ၁၆.၂ ၁၆.၃ ၁၆.၄ ၁၆.၅ ၁၆.၆ ၁၆.၇ Canadian Produce Marketing Association >Home Storage Guide for Fresh Fruits & Vegetables Retrieved August 2010
- ↑ http://faostat.fao.org/site/567/DesktopDefault.aspx?PageID=567#ancor
- Block, E. (2010). Garlic and Other Alliums: The Lore and the Science. Royal Society of Chemistry (UK). ISBN 978-0-85404-190-9.
- Sen, Colleen T. (2004). Food culture in India. Greenwood Publishing. ISBN 0-313-32487-5.
- Barbagallo, Tricia (June 1, 2005). Black Beach: The Mucklands of Canastota, New York (PDF). Retrieved on 2008-06-04။