ကိုကိုနိုင်၊ မွန်ပြည်နယ် (ရွှေဆိုင်းတော်မင်္ဂလာ)

ဝီကီပီးဒီးယား မှ
ကိုကိုနိုင်
မွေးဖွား (၁၉၆၆-၀၃-၁၄) မတ် ၁၄၊ ၁၉၆၆ (အသက် ၅၈)
ငန်းတေးရပ်ကွက်၊ မော်လမြိုင်မွန်ပြည်နယ်
ဂီတဟန်ဆိုင်း မဟာဂီတ မြန်မာသံစဉ် ကာလပေါ်
အလုပ်အကိုင်ဆိုင်းဆရာ, ဂီတစာဆို
တူရိယာဆိုင်းဝိုင်း (ပတ်ဝိုင်း) , စန္ဒယား
တက်ကြွသည့်နှစ်များ၁၉၇၂-လက်ရှိ
Notable instruments
ဆိုင်းဝိုင်း, စန္ဒယား

မွန်ပြည်နယ် ကိုကိုနိုင် သည် မြန်မာနိုင်ငံသား ဆိုင်းဆရာဖြစ်သည်။[၁] [၂] "မွန်ပြည်နယ် ကိုကိုနိုင် မင်္ဂလာဆိုင်း" အမည်ဖြင့် ဆိုင်းအဖွဲ့ ကို တည်ထောင်ထားသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဖခင် ဦးစံပွင့် နှင့် မိခင် ဒေါ်ဖွားသင် တို့မှ ၁၉၆၆ မတ်လ ၁၄ ရက်နေ့ တွင် မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက် တွင် ဖွားမြင်သည်။ မွေးချင်း ဆယ်ယောက်တွင် အငယ်ဆုံးဖြစ်သည်။

ဂီတမျိုးဆက်[ပြင်ဆင်ရန်]

ဆရာ ဦးကိုကိုနိုင် ၏ သား မင်းကိုကိုထက် သည် ဖခင် အမွေကို ဆက်ခံပြီး ဆိုင်းဆရာတဦး ဖြစ်လာသည်။

ဆိုင်းပညာ[ပြင်ဆင်ရန်]

ဆိုင်းကို အသက် ၆ နှစ်သားမှ စတင်တီးခတ်ခဲ့သည်။ လက်ဦးဆရာမှာ စိန်မြတင်ဖြစ်သည်။ အသက် ၁၆ နှစ် အရွယ်တွင် ဆိုင်းဆရာကြီး ကြို့ပင်ကောက် ဦးကြည်လှိုင်၏ သင်ကြားပြသမှုဖြင့် "မွန်ပြည်နယ်ကိုကိုနိုင်" ဆိုင်းအဖွဲ့ကို တည်ထောင်ခဲ့သည်။ ဆရာများမှာ မော်လမြိုင်စိန်ကုလား၊ စိန်သန်းမြင့်၊ စိန်လှမြိုင်၊ စိန်စတင်း၊ မြစတင်း တို့ဖြစ်သည်။

မြန်မာ့ရိုးရာ အဆို အက အရေး အတီး ဗဟိုအဆင့် ပြိုင်ပွဲများတွင် ပညာရှင်အဆင့် ဆိုင်းအတီး ရွှေတံဆိပ် (၆) ဆုရှင်ဖြစ်သည်။ ဆိုင်းပြိုင်ပွဲ ဒိုင်လူကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

ထုတ်လုပ်ဖြန့်ချိခဲ့သော ဆိုင်း ‌တီးလုံးစီးရီးများ[ပြင်ဆင်ရန်]

ကမ္ဘာကျော် တေးသံသွင်းမှ ထုတ်လုပ်ဖြန့်ချိခဲ့သော ဆိုင်းတီးလုံး စီးရီး (၁၇) ခု ထွက်ရှိခဲ့ပြီးဖြစ်သည်။

  1. ဂီတမြတ်မွန် ဓမ္မတေး ဧည့်ခံဆိုင်း (အဆို စိုင်းထီးဆိုင် စိုးစန္ဒာထွန်း ဇော်ဝမ်း ရီရီသန့် တွံတေးစိုးအောင် ကိုထွန်းရွှေ ရာဇာဝင်းတင့် ယမင်းသူ တို့နှင့် တွဲဖက်)
  2. အလှူတော်အကြို ဆိုင်းလက်သံများ (၁)
  3. အလှူတော်အကြို ဆိုင်းလက်သံများ (၂)
  4. နတ်လူဗြဟ္မာ သာဓုခေါ်ပါ (အဆို တွံတေးစိုးအောင် နှင့် တွဲဖက်)

ကိုးကား[ပြင်ဆင်ရန်]

  1. သမိုင်းထဲကမြန်မာ့ဆိုင်း - မွန်ပြည်နယ်ကိုကိုနိုင် အပိုင်း(၁) by Channel K Myanmar https://www.youtube.com/watch?v=Sm3Nf13TJSc
  2. သမိုင်းထဲကမြန်မာ့ဆိုင်း - မွန်ပြည်နယ်ကိုကိုနိုင် အပိုင်း(၂) by Channel K Myanmar https://www.youtube.com/watch?v=0D5z5csa05Y