နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း

ဝီကီပီးဒီးယား မှ

နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း (DPI or Deep packet inspection) သည် မည်သည့် အစုံလိုက်သုံး ကွန်ရက် ပစ္စည်းကိရိယာမဆို၏ လုပ်ဆောင်ချက်ဖြစ်ပြီး ၎င်းသည် အချို့သော ရည်ရွယ်ချက် များအတွက် ခေါင်းစီး မပါသည့် ပါဝင်သော အကြောင်းအရာကို သုံးသည့် ဆက်သွယ်ရေး တစ်ခု (ထုံးစံအားဖြင့် အမှန်တကယ် သယ်ဆောင်နိုင်သော ဝန်ချိန်) ၏ အဆုံးမှတ် တစ်ခု မဟုတ်ပါ။ ဤအရာလုပ်ဆောင်သည်မှာ အစုံလိုက်သုံး packet စစ်ဆေးရေး အမှတ်ကို ဖြတ်သောအခါ ထို program အပေါ် မည်သည့် အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ရန် လိုက်လျောခြင်းမရှိသော protocol ၊ virus များ၊ spam ၊ ကျူးကျော် ဝင်ရောက်ခြင်းများ သို့မဟုတ် ကြိုတင်သတ်မှတ်ထားသော စံနှုန်းများကို ရှာဖွေခြင်း စာရင်းအင်း အချက်အလက် ကောက်ယူခြင်း ဖြစ်သည်။ IP packet များအတွက် ခေါင်းစီး များစွာ ရှိပြီး၊ ကွန်ရက်ပစ္စည်း ကိရိယာသည် ပုံမှန်လုပ်ဆောင်မှုအတွက် ဤအရာများ၏ ပထမဆုံးကိုသာ သုံးရန်လိုအပ် (IP header) သည်၊ သို့သော် ဤအဓိပ္ပာယ် သတ်မှတ်ချက် ရှိသော်ငြားလည်း ဒုတိယ ခေါင်းစီးသုံးခြင်း (TCP, UDP) သည် ပုံမှန်အားဖြင့် တိမ်သော packet ဟု ယူဆကြသည်။ (အနေအထားရှိသော packet စစ်ဆေးခြင်း ဟု ခေါ်သည်)။

ကွန်ရက်နည်းပညာများနည်းတူ နက်ရှိုင်းသော အစုံလိုက်သုံးpacket စစ်ဆေးခြင်း (နှင့် စစ်ထုတ်ခြင်း) သည် ပို၍ အဆင့်မြင့်သော ကွန်ရက် စီမံအုပ်ချုပ်မှု၊ အသုံးပြုသူ ဝန်ဆောင်မှု နှင့် လုံခြုံရေး လုပ်ဆောင်ချက်များ နှင့် အင်တာနက် အချက်အလက်တူးဖော်ခြင်း၊ ခိုးနားထောင်ခြင်း နှင့် ဆင်ဆာပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ DPI နည်းပညာကို အင်တာနက် စီမံအုပ်ချုပ်မှုအတွက် နှစ်ပေါင်းများစွာ တိုင်အောင် အသုံးပြုခဲ့ပြီးဖြစ်သော်လည်း ကွန်ရက် ကြားနာရေး ထောက်ခံသူအချို့သည် ထိုနည်းပညာမှာ ပြိုင်ဘက်ကင်းစွာ အသုံးပြုခံ ရနိုင်ခြင်း သို့မဟုတ် အင်တာနက်၏ လွတ်လပ်ခြင်းကို လျော့ချခြင်း တို့ကိုစိုးရိမ်ကြသည်။ လောလောဆယ်တွင် စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှုပေးသူများနှင့် အစိုးရများသည် DPI ကို နေရာအတော်များများတွင်ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြသည်။

နောက်ခံ အကြောင်း[ပြင်ဆင်ရန်]

DPI သည် ကျူးကျော်ဝင်ရောက်ခြင်းကို စုံစမ်းခြင်း စနစ် (IDS or Intrusion Detection System) နှင့် ကျူးကျော်ဝင်ရောက်ခြင်း ကို ကာကွယ်သည့် စနစ် (IPS) တို့၏ လုပ်ဆောင်ချက်ကို ထုံးစံဖြစ်သော အခြေအနေ ပြည့်ဝ သည့် ဖိုင်းယားဝေါ(လ်) နှင့် ပေါင်းစပ်သည်။ ထိုပေါင်းစပ်ခြင်းသည် ၎င်းတိုက်ခိုက်မှုမျိုးကို IDS/IPS နှင့် အခြေအနေပြည့်ဝသည့် ဖိုင်းယားဝေါ (လ်) နှစ်ခုစလုံးမှ သူတို့ကိုယ်တိုင် မဖမ်း ယူနိုင်သည့်အချို့သော တိုက်ခိုက်မှုများကို စုံစမ်းရန်ဖြစ်နိုင်ပေသည်။ အခြေအနေပြည့်ဝသည့် ဖိုင်းယားဝေါ (လ်) များသည် အစုံလိုက်သုံး စီးဆင်းခြင်း၏ အစနှင့်အဆုံးကို မြင်နိုင် စွမ်းရှိသော် လည်း သီးသန့်လုပ်ငန်းသုံး ပရိုဂရမ်တစ်ခုအတွက် ပြင်ပနယ်ပယ်တွင် ရှိ သော ဖြစ်ရပ်များကို ၎င်းတို့ကိုယ်တိုင် ဖမ်းယူနိုင်ခြင်းမရှိပါ။ IDS များသည် ကျူးကျော်ဝင်ရောက်ခြင်းများကို စုံစမ်းနိုင်သော်လည်း ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ပိတ်ပင်တားဆီးရန် ၎င်းတို့တွင် စွမ်းဆောင်ရည် အနည်းငယ်သာ ရှိသည်။ DPI များကို ဝါယာနန်းကြိုး အမြန်နှုန်းများဖြင့် လာသော ဗိုင်းရပ်(စ်)များနှင့် ပိုးများ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် အသုံးပြုသည်။ ပို၍ အတိအကျပြောရလျှင်၊ DPI သည် ကြားခံကိရိယာ ကို ပိုလျှံ၍ တိုက်ခိုက်မှုများ၊ ဝန်ဆောင်မှုကို ငြင်းဆန်ခြင်း (DoS) တိုက်ခိုက်မှုများ၊ ခေတ်မှီဆန်းပြားသော ကျူးကျော် ဝင်ရောက်ခြင်းများနှင့် အစုံလိုက်သုံး တစ်ခု အတွင်းတွင် ဆံ့ သော ပိုးရာခိုင်နှုန်း အနည်း ငယ်တို့ကို ဆန့်ကျင်ရာတွင် အကျိုးသက်ရောက်မှု ရှိအောင်လုပ်နိုင်သည်။

DPI လုပ်ဆောင်နိုင်သော စက်များတွင် OSI မော်ဒယ်(လ်) ၏ အလွှာ ၂ နှင့် အလွှာ ၃ အပြင် ဘက်ကို ကျော်လွန်၍ ကြည့်နိုင်ပြီး လိုအပ်ပါက OSI မော်ဒယ်(လ်)၏ အလွှာ ၂-၇ ကို ဖောက် ၍ ကြည့်ရန် DPI ကို လှုံ့ဆော်နိုင်သည်။ ဤအရာတွင် ခေါင်းစီးများနှင့် အချက်အလက် ပရိုတိုကော ဖွဲ့စည်းတည်ဆောက်ပုံများနှင့် မက်ဆေ့(ခ်ျ)၏ အမှန်တကယ် သယ်ဆောင် နိုင်သော ဝန်ချိန် တို့ပါဝင်သည်။ OSI မော်ဒယ်လ်၏ အလွှာ ၃ ပြင်ပရှိ သတင်းအချက်အလက် ပေါ် အခြေခံ၍ စက်သည် အခြားအရေးယူဆောင်ရွက်မှုကို ကြည့်ခြင်း သို့မဟုတ် ဆောင် ရွက်ခြင်းပြုသော အခါ DPI ၏ အလုပ် လည်ပတ်မှုကို လှုံ့ဆော်စေသည်။ အစုံလိုက်သုံး တစ်ခု ၏ အချက်အလက် အပိုင်းမှ ထုတ်နုတ်ထားသော သတင်းအချက်အလက် ပါဝင်သည့် ကိုယ်ပိုင် လက္ခဏာ database ပေါ်တွင် အခြေခံ၍ အသွားအလာကို DPI အနေဖြင့် အ မျိုးအစားခွဲခြားနိုင်သည်။ ခေါင်းစီး သတင်း အချက်အလက် ပေါ်တွင်သာ အခြေခံ၍ အမျိုးအစား ခွဲခြင်းထက် ပို၍ အနုစိတ်သော ထိန်းချုပ်မှုကို ခွင့်ပြုသည်။ အမှုကိစ္စ အများအပြားတွင် DPI လှုပ်ရှားမှုများကို တိမ်းရှောင်ရန် လျှို့ဝှက်စာ ဖြင့်သိမ်းခြင်းနှင့် ရှုပ်ထွေးစေသည့် နည်းလမ်း များကို အဆုံးမှတ်များမှ အသုံးပြုနိုင်သည်။

အမျိုးအစားသတ်မှတ်ထားသော အစုံလိုက်သုံးpacket ကို ဦးတည်ရာ ပြန်ညွှန်း ပေးခြင်း၊ အမှတ်အသားပြုခြင်း/တံဆိပ်တပ်ခြင်း (ဝန်ဆောင်မှု၏ အရည်အသွေး ကိုကြည့်ပါ)၊ တားဆီး ပိတ်ပင်ခြင်း၊ နှုန်းကန့်သတ်ခြင်းနှင့် ကွန်ရက်အတွင်းတွင် သတင်းပို့ခြင်း ကိုယ်စားလှယ်ထံသို့ သတင်းပေးပို့ခြင်းတို့ကို ပြုနိုင်သည်။ ဤနည်းအားဖြင့် HTTP အမှားများ၏ ကွဲပြားသော အမျိုး အစား များကို ခွဲခြားစစ်ထုတ်နိုင်ပြီး ခွဲခြမ်းစိတ်ဖြာရန် ဆက်လက်ပေးပို့နိုင်သည်။ DPI စက်များသည် အစုံလိုက်သုံးပက်ကက် စီးဆင်းခြင်းများကို ခွဲခြားဖော်ထုတ်နိုင်ပြီး (အစုံလိုက်သုံး ပက်ကက် အလိုက်ခွဲ ခြမ်းစိတ်ဖြာခြင်း အစား) စုဆောင်းမိသော စီးဆင်းခြင်း သတင်းအချက် အလက် ကို အခြေခံ၍ ထိန်းချုပ်ခြင်း လှုပ်ရှားမှုများကို ခွင့်ပြုသည်။

စီးပွားရေး လုပ်ငန်းရှိ DPI[ပြင်ဆင်ရန်]

မကြာသေးခင်ကအထိ စီးပွားရေးလုပ်ငန်းရှိ လုံခြုံရေး သည် ပတ်လည်တစ်လျှောက်ရှိ စည်း ကမ်းမျှသာဖြစ်ပြီး အဓိကဖြစ်သော ခံယူချက်ဖြစ်သည့် အပြင်ဘက်ကမ္ဘာမှ ခွင့်ပြုခြင်း မခံ ရသည့် အသုံးပြုသူများကို မထားရှိပဲ၊ ခွင့်ပြုခြင်း ခံရသည့် အသုံးပြုသူများကို အကာအကွယ် ပေးထားခြင်းတို့ဖြစ်သည်။ ထိုအရာကို ပြီးမြောက် အောင်မြင်ရန်အတွက် မကြာခဏ အများ ဆုံး အသုံးပြုသည့် ကိရိယာမှာ အခြေအနေပြည့်ဝသော Firewall ဖြစ်သည်။ ၎င်း သည် ပြင်ပကမ္ဘာမှ အတွင်းဘက် ကွန်ရက်ပေါ်ရှိ ကြို တင်သတ်မှတ်ထားသော နေရာများသို့ နူးညံ့ ကောင်းမွန်သော ထိန်းချုပ်မှု ဆက်သွယ်ခြင်းကို ခွင့် ပြုနိုင်ပြီး အကယ်၍ ပြင်ပကမ္ဘာသို့ တောင်းဆိုမှုတစ်ခုကို မကြာသေးမီက ပြုလုပ်ခဲ့မှသာ အခြား လက်ခံရာများသို့ ပြန်လည် ဆက်သွယ်မှုကို ခွင့်ပြုသည်။

မည်သို့ပင်ဖြစ်စေ ကွန်ရက်အလွှာများတွင်ရှိသော ခုခံနိုင်စွမ်းမရှိခြင်းများသည် အခြေအနေ ပြည့်ဝသော Firewall တစ်ခုအတွက် မမြင်နိုင်ပါ။ စီးပွားရေးလုပ်ငန်းတွင် ဘက်ထရီသုံး လက်ဆွဲကွန်ပျူတာ အသုံးပြုခြင်းများ တိုးလာခြင်းမှာလည်း ကော်ပိုရေးရှင်း ကွန်ရက် အတွင်းသို့ ဗိုင်းရပ်(စ်)များ၊ ပိုးများနှင့် သူလျှိုထည်များ ကဲ့သို့သော ခြိမ်းခြောက်မှုများ ထိုးဖောက် ဝင်ရောက်ခြင်းကို ကာကွယ်ရန် ပို၍ ခက်ခဲစေသည်။ အဘယ်ကြောင့်ဆိုသော် အသုံးပြုသူများသည် ဘက်ထရီသုံး လက်ဆွဲ ကွန်ပျူတာကို အများပြည်သူနေရာများရှိ အိမ်သုံး ကျယ်ပြန့် သော လှိုင်းခွင် ဆက်သွယ်မှုများ သို့မဟုတ် ကြိုးမဲ့ကွန်ရက်များကဲ့သို့သာ လုံခြုံမှု နည်းသော ကွန်ရက်များသို့ ဆက်သွယ်သောကြောင့် ဖြစ်သည်။ Firewall များသည်လည်း ခွင့်ပြု ထားသောနှင့် တားမြစ်ထားသော တရားဝင်ဆက်သွယ်ရရှိနိုင်သည့် လုပ်ငန်းအသုံးပြုခြင်းများ သုံးခြင်းကို မခွဲခြားပေ။ DPI သည် IT အုပ်ချုပ်သူများနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ အား အလွှာအားလုံးတွင် မူဝါဒများချမှတ်စေရန် ဆောင်ရွက်စေပြီး ၎င်းမူဝါဒကို ပြဋ္ဌာန်းသည်၊ ထိုခြိမ်းခြောက်မှုများကို ကူညီတိုက်ခိုက်ရန် လုပ်ငန်းသုံး ပရိုဂရမ်နှင့် အသုံးပြုသူ အလွှာတို့ပါ ပါဝင်သည်။

နက်ရှိုင်းသောအစုံလိုက်သုံးပက်ကက်စစ်ဆေးခြင်းသည် ကြားခံကိရိယာကိုပိုလျှံ၍ စီးဆင်းခြင်းတိုက်ခိုက်မှုများ အမျိုးအစားအနည်းငယ်ကိုစုံစမ်းနိုင်သည်။ DPI ကို စီးပွားရေးလုပ်ငန်းမှ အချက်အလက် ယိုစိမ့်မှု ကာကွယ်ခြင်း (DLP) အတွက် အသုံး ပြုနိုင်သည်။ အီးမေး(လ်) အသုံးပြုသူမှ အကာအကွယ်ပြုထားသော ဖိုင်တစ်ခုကို ကြိုးစား ပေးပို့သောအခါ သူသည် ထိုဖိုင်ကိုပေးပို့ရန် သင့်လျော်သော အသုံးပြုခွင့်ကို မည်သို့ ရရှိနိုင် ကြောင်းနှင့် ပတ်သက်သော သတင်းကို ပေးခြင်းခံရကောင်းခံရနိုင်သည်။

ကွန်ရက်/အင်တာနက် ဝန်ဆောင်မှု ပေးသူများရှိ DPI[ပြင်ဆင်ရန်]

၎င်းတို့၏ အတွင်း ကွန်ရက်များလုံခြုံစေရန် DPI ကို အသုံးပြုခြင်းအပြင် အင်တာနက် ဝန်ဆောင်မှု ပေးသူများ သည် အသုံးပြုသူများအား ပေးသော အများပြည်သူသုံး ကွန်ရက် များပေါ်တွင်လည်း ထိုနည်းပညာကို အသုံးချသည်။ ISP များမှ အသုံးများသော DPI များမှ တရားဝင်ဖြစ်သော ကြားဖြတ်ယူခြင်း ၊ မူဝါဒ အဓိပ္ပာယ်သတ်မှတ်ချက်နှင့် ပြဋ္ဌာန်းခြင်း၊ လျာထားသော ကြော်ငြာခြင်း၊ ဝန်ဆောင်မှု အရည်အသွေး ၊ အဆင့်ဆင့် ဝန်ဆောင်မှုများ ပေးခြင်းနှင့် မူပိုင်ခွင့် ပြဋ္ဌာန်းခြင်း တို့ဖြစ် သည်။

တရားဝင်ဖြစ်သော ကြားဖြတ်ယူခြင်း[ပြင်ဆင်ရန်]

ကမ္ဘာတစ်ဝန်းလုံးရှိ အစိုးရအများစုမှနေ၍ ဝန်ဆောင်မှုပေးသူများသည် တရားဝင်ဖြစ်သော ကြားဖြတ်ယူခြင်း စွမ်းဆောင်ရည်ကို လုပ်ဆောင်နိုင်ရန်လိုအပ်သည်။ ဆယ်စုနှစ်များဆီက အမွေ အနှစ် တယ်လီဖုန်း ပတ်ဝန်းကျင်တွင် အစိုးရ၏ စောင့်ကြည့်ခြင်း ပစ္စည်းကိရိယာကို ဆက်သွယ်သော ကြားဖြတ်ယူသည့် ပရောက်ဆီ ဆာဗာ တစ်ခုကို သုံးခြင်းဖြင့် အသွားအလာ လမ်းကြောင်း ဆက်သွယ်မှု နေရာ (TAP)ကို ဖန်တီးကာ ထိုအရာကို ဖြည့်ဆည်းပေးခဲ့သည်။ ဤအရာသည် မျက်မှောက်ခေတ် ဒစ်ဂျစ်တယ် ကွန်ရက်များတွင် မဖြစ်နိုင်ပါ။ ဤလုပ်ငန်း လုပ်နိုင်မှု၏ ရှာမှီးမှု အပိုင်းသည် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်းပေးခြင်းခံရနိုင်ကာ DPI ပါဝင် သည်၊ DPI လုပ် ဆောင်နိုင်သော ထုတ်ကုန်များဖြစ်သည့် " LI သို့မဟုတ် - CALEA တိုင်ကြားခြင်း " တို့ကို အသုံးပြု နိုင်သည်- အသုံးပြုသူတစ်ဦး၏ အချက်အလက်စီးဆင်း ခြင်းကို ဆက်သွယ်ရရှိရန်- တရားရုံး အမိန့် ဖြင့် ညွှန်ကြားခြင်း ခံရသောအခါတွင် ဖြစ်သည်။

မူဝါဒ အဓိပ္ပာယ် သတ်မှတ်ချက် နှင့် ပြဋ္ဌာန်းခြင်း[ပြင်ဆင်ရန်]

ဝန်ဆောင်မှုအဆင့် သဘောတူညီချက် ဖြင့် တာဝန်ရှိသည်ဟု ခံယူထားသော ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများသည် ၎င်းတို့၏ ဝယ်ယူသူများ ဝန်ဆောင်မှုအဆင့်အချို့ကို ပေးပြီး တစ် ချိန်တည်းမှာပင် လက်ခံနိုင်သော အသုံးပြုခြင်း မူဝါဒ ကို ပြဋ္ဌာန်းသည်။ ထိုအရာသည် မူပိုင်ခွင့် ချိုးဖောက်ခြင်းများ၊ တရားမဝင် ပစ္စည်းများနှင့် လှိုင်းအကျယ် အသုံးပြုမှု မမျှတခြင်း တို့ကို ကာကွယ်ရန် DPI ကို အသုံးပြု၍ မူဝါဒ အချို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြုလုပ် ပေသည်။ အချို့သော နိုင်ငံများတွင် ISP များသည် နိုင်ငံ၏ ဥပဒေများပေါ်မူတည်၍ စစ်ထုတ်ခြင်းကို ဆောင်ရွက်ရန် လိုအပ်သည်။ DPI သည် ဝန်ဆောင်မှု ဖြည့်ဆည်း ပေးသူများ အား " အွန်လိုင်း မှ သင်လက်ခံရရှိသော သတင်းအချက်အလက် အစုံလိုက်ကို အလွယ်တကူ သိရှိရန် ခွင့်ပြု သည်- အီးမေး(လ်)မှ၊ ဝက်(ဘ်)ဆိုဒ် များသို့၊ ဂီတ၊ ဗီဒီယိုနှင့် ဆော့(ဖ်)ဝဲ ဒေါင်းလုပ်(ဒ်) လုပ်ခြင်းများ မျှဝေခြင်းသို့" မူဝါဒများကို ဟိုမှသည်သို့IP လိပ်စာ၊ အချို့သော ပရိုတိုကောများ သို့မဟုတ် အသုံးချခြင်း သို့မဟုတ် အပြုအမူ အချို့ကို ခွဲခြားဖော်ထုတ်သည့် ကိုယ်တိုင် လေ့ လာသင်ကြားသောနည်းတို့ သို့ သို့မဟုတ် မှ အဆက်အသွယ်ကို ခွင့်ပြုခြင်း သို့မဟုတ် ခွင့်မပြု ခြင်းဖြင့် အဓိပ္ပာယ် သတ်မှတ်နိုင်သည်။

လျာထားသော ကြော်ငြာခြင်း[ပြင်ဆင်ရန်]

ISP များသည် ၎င်းတို့၏ ဝယ်ယူသူများ၏ အသွားအလာအားလုံးကို လမ်းကြောင်းပြုလုပ်ပေး သော ကြောင့် ၎င်းတို့သည် ဝက်(ဘ်) ဖွင့်ကြည့် ခြင်း အလေ့အထများကို အလွန်အသေး စိတ်သော နည်း ဖြင့် စောင့်ကြည့်နိုင်ပြီး၊ သူတို့၏ ဝယ်ယူသူများ၏စိတ်ဝင်စားမှုများနှင့် ပတ်သက်သော သတင်း အချက်အလက်ကို ရရှိရန် သူတို့အား ခွင့်ပြုသည်။ ထိုအရာကို လျာထားသော ကြော်ငြာခြင်း တွင် အထူးပြုသော ကုမ္ပဏီများမှ အသုံးပြုခြင်းခံရနိုင်သည်။ အနည်းဆုံး အမေရိကန် ဝယ်ယူ သူ ၁၀၀,၀၀၀ သည် ဤနည်းဖြင့် ခြေရာခံခြင်းခံရပြီး အမေရိကန် ဝယ်ယူ သူများ၏ အများဆုံး ၁၀% ကို ဤနည်းဖြင့် ခြေရာခံခဲ့ကြပြီးဖြစ်သည်။ နည်းပညာပေးသူများတွင် NebuAd ၊ Front Porch နှင့် Phorm တို့ပါဝင်သည်။ သူတို့၏ ဝယ်ယူသူ များကို စောင့်ကြည့် သော အမေရိကန် ISP များတွင် Knology နှင့်Wide Open West နှင့် ဖြစ်နိုင်ချေအားဖြင့် Embarq လည်း ပါဝင်သည်။ ထို့အပြင် ယူကေ ISP ဗြိတိသျှ တယ်လီကွန်းမှ သူတို့၏ ဝယ်ယူသူ များ၏ အသိ တရား သို့မဟုတ် သဘောတူညီချက်မပါဘဲ ဖိုရွမ်မှ နည်းပညာကို စမ်းသပ်ခဲ့ကြောင်း ဝန်ခံခဲ့ သည်။

ဝန်ဆောင်မှု၏ အရည်အသွေး[ပြင်ဆင်ရန်]

အဆင့်တူသူအချင်းချင်း (P2P) အသွားအလာ လမ်းကြောင်းကဲ့သို့ အသုံးချခြင်းများသည် လှိုင်းကျယ် ဝန်ဆောင်မှုပေးသူများအတွက် တိုးပွားလာသော ပြဿနာများကို တင်ပြသည်။ P2P အသွားအလာကို ထုံးစံအားဖြင့် ဖိုင်မျှဝေခြင်းကို ပြုလုပ်သော အသုံးချခြင်းများ မှ သုံး သည်။ ၎င်းသည် စာရွက်စာတမ်းများ၊ ဂီတနှင့် ဗီဒီယိုများ ဖြစ်နိုင်သည်။ ကြီးမားသော အရွယ်ရှိ မီဒီယာဖိုင်များ၏ မကြာခဏ ကူးပြောင်းခြင်းကြောင့် P2P သည် တိုးလာသော အသွားအလာ လမ်းကြောင်း ဝန်များကို မောင်းနှင်ပြီး နောက်ထပ်ကွန်ရက် စွမ်းဆောင်ရန် နေရာကို လိုအပ် သည်။ အသုံးပြုသူ အနည်းစုမှာ ကြီးမားသော P2P အသွားအလာ ပမာဏကို ဖြစ်ပေါ်လည် ပတ်စေပြီး လှိုင်းအကျယ် အနည်းငယ်ကို သုံးသည့် အီးမေး(လ်) သို့မဟုတ် ဝက်(ဘ်) ဖွင့်ကြည့် ခြင်း ကဲ့သို့သော အ သုံးချ ဆော့(ဖ်)ဝဲကို သုံးသော လှိုင်းကျယ် ဝယ်ယူ သုံးစွဲသူအများစု အတွက် စွမ်းဆောင် ရည်ကို နိမ့်ကျစေသည်ဟု ဝန်ဆောင်မှု ပေးသူများက ဆိုကြသည်။ ညံ့ဖျင်းသော ကွန်ရက် လုပ်ဆောင်ချက်သည် ဝယ်ယူသူ စိတ်မကျေနပ်မှု အားတိုးစေပြီး ဝန်ဆောင်မှု ဝင်ငွေကို ကျ ဆင်းစေသည်။

DPI သည် အော်ပရေတာများအား သူတို့၏ ရနိုင်သော လှိုင်းအကျယ်ကို ပို၍ရောင်းချရန် ခွင့် ပြုနေစဉ်အတွင်း ကွန်ရက် ပြည့်ကျပ်မှုကို ကာကွယ်ခြင်းဖြင့် အသုံးပြုသူအားလုံးကို ညီမျှသော လှိုင်းအကျယ် ဖြန့်ဝေခြင်းကို သေချာအောင်လုပ်သည်။ အပိုအားဖြင့် ပို၍ မြင့်မားသော ဦးစား ပေးမှု တစ်ခုကို VoIP သို့မဟုတ် ငြိမ်သက်ခြင်း အနည်းငယ်ကို လိုအပ်သော ဗီဒီယိုဖြင့် ပြောဆို သောခေါ်ဆိုမှု၊ ၎င်းကို မလိုအပ်သော ဝက်(ဘ်)ရှာဖွေခြင်းသို့ ခွဲဝေချထားပေးနိုင်သည်။ ဤအရာသည် ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများ၏ ကွန်ရက်များကို ဖြတ်သန်းသွားသော အသွားအလာလမ်းကြောင်း အရ လှိုင်းအကျယ်ကို အင်တိုက်အားတိုက် ခွဲဝေ ချထားပေးရန် ဝန်ဆောင်မှု ဖြည့် ဆည်းပေးသူများ အသုံးပြုသော နည်းလမ်းဖြစ်သည်။ DPI သည် နှင့် P2P ယှဉ်လျှင် အကျိုးသက်ရောက်မှု မရှိပြီး လှိုင်းအကျယ် စီမံအုပ်ချုပ်မှု ၏ အခြားနည်းလမ်းများမှာ ပို၍ အကျိုးသက်ရောက်မှုရှိကြောင်း အခြားသော ရောင်းချသူများမှ အခိုင်အမာပြောဆိုသည်။

တပ်ဆင်ပေးသော ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

မိုဘိုင်းနှင့် လှိုင်းကျယ်ဝန်ဆောင်မှုပေးသူများသည် DPI အား အဆင့်ဆင့်ပေးသော ဝန်ဆောင်မှု အစီအစဉ်များကို ဆောင်ရွက်ရန်၊ " တံတိုင်းကာရံထားသော ပန်းခြံ " ဝန်ဆောင် မှုများကို " တန်ဖိုးတိုးလာသော " ၊ " သင်စားနိုင်သမျှ " နှင့် " အရွယ်အစား တစ်ခုသည် အားလုံးနှင့် အံဝင်ခွင်ကျဖြစ်သည် " အချက်အလက် ဝန်ဆောင်မှုများမှ ခွဲခြားရန် နည်းလမ်း တစ်ခု အနေဖြင့် သုံးသည်။ " အရွယ်အစားတစ်ခုသည် အားလုံးနှင့် အံဝင်ခွင်ကျ ဖြစ်သည် " အစား " တံ တိုင်းကာရံထားသော ပန်းခြံ "၊ အသုံးချခြင်းများ တစ်ခုလျှင်၊ ဝန်ဆောင်မှု တစ်ခုလျှင် သို့မဟုတ် " သင်စားနိုင်သမျှ " တို့ကို ငွေကြေးကောက်ခံနိုင်ခြင်းအားဖြင့် အော်ပရေတာသည် တစ်ဦးတစ်ယောက်ချင်း ဝယ်ယူသုံးစွဲသူတို့ကို သူ၏ ကမ်းလှမ်းခြင်းကို အံဝင်ခွင်ကျ စီမံထား နိုင်ပြီး အသုံးပြုသူတစ်ဦးလျှင် ရရှိသော သူတို့၏ ပျမ်းမျှဝင်ငွေ (ARPU) ကို တိုးစေသည်။ မူဝါ ဒကို အသုံးပြုသူ သို့မဟုတ် အသုံးပြုသူ အုပ်စုတစ်ခုစီခြင်းအားဖြင် ဖန်တီးပြီး DPI စနစ်သည် ထို မူဝါဒ ကို ပြန်လည်ပြဋ္ဌာန်းကာ ကွဲပြားသော ဝန်ဆောင်မှုများနှင့် အသုံးချခြင်းများ များစွာကို အသုံးပြုသူမှ ဆက်သွယ် နိုင်ရန်ခွင့်ပြုသည်။

မူပိုင်ခွင့် ပြဋ္ဌာန်းခြင်း[ပြင်ဆင်ရန်]

တစ်ခါတစ်ရံတွင် ISP များကို မူပိုင်ခွင့် ပိုင်ရှင်များမှ တောင်းခံခြင်း သို့မဟုတ် တရားရုံးများ သို့မဟုတ် တရားဝင်ဖြစ်သော မူဝါဒမှ မူပိုင်ခွင့်များကို ပြဋ္ဌာန်းရန် ကူညီသည်။ ၂၀၀၆ ခုနှစ်တွင် ဒိန်းမတ်၏ အကြီးဆုံး ISP များမှ တစ်ခုဖြစ်သော တယ်လီ၂ သည် တရားရုံးမှ အမိန့်စာ ပေးခြင်းခံရပြီး BitTorrent အတွက် စတင်သည့် အမှတ်ဖြစ်သော The Pirate Bay ကို ဝယ်ယူသူများ ဆက်သွယ်ခြင်းမှ ပိတ်ဆို့ တားဆီးရန် ပြောခြင်း ခံရ သည်။ ဖိုင်ရှယ်ယာဝင်များကို တစ်ချိန်လျှင် တစ်ခု တရားစွဲဆိုခြင်းအစား၊ အသံ ဒီဇိုင်းလုပ်ငန်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (IFPI)နှင့် အကြီးစား အသံသွင်း အမှတ်တံဆိပ် လေးခုဖြစ်သောEMI ၊ Sony BMG ၊ Universal Music နှင့် Warner Music တို့သည် Eircom ကဲ့သို့သော ISP များအား သူတို့၏ မူပိုင်ခွင့်များကို လုံလုံလောက်လောက် ကာကွယ်ခြင်း မပြု သည့်အတွက် စတင်တရားစွဲဆိုခဲ့သည်။

ISPများသည် ၎င်းတို့ထုတ်လွှတ်သော သတင်းအ ချက်အလက်ကို စောင့်ကြည့်ရန် ယေဘုယျ တာဝန်ယူခြင်း အောက်တွင် မထားလျှင် ရနိုင် ကြောင်းကို ဥရောပ ညွှန်ကြားချက် ၂၀၀၀/၃၁/ EC တွင် ရှင်းလင်းစွာ ဖော်ပြခြင်းနှင့် ညွှန်ကြား ချက် ၂၀၀၂/၅၈/ EC သည် ဥရောပ နိုင်ငံသားများအား ဆက်သွယ်ရေး သီးသန့်တည်ရှိမှု အခွင့်အရေး တစ်ရပ် ပေးထားခြင်းတို့ရှိသော်လည်း IFPI သည် ISP များအား ၎င်းတို့၏ ကွန်ရက် မှ မူပိုင်ခွင့်ရှိသော အရာများကို တရားမဝင် တင်ထားခြင်းနှင့် ဒေါင်းလုပ်(ခ်)လုပ်ထားခြင်းတို့ကို ဖယ်ရှားရန် အသွားအလာကို စစ်ထုတ်စေလိုသည်။ အမေရိကန် ရှပ်ရှင်အစည်းအရုံး (MPAA) သည် ရုပ်ရှင် မူပိုင်ခွင့်များ ကို ပြဋ္ဌာန်းသော်လည်း အခြားတစ်ဖက်တွင်မူ ဖယ်ဒရယ် ဆက်သွယ်ရေး ကော်မရှင် (FCC) နှင့်အတူ ရပ်တည်ချက်တူပြီး ကွန်ရက် ကြားနေရေးသည် သီးသန့်တည်ရှိမှု မူပိုင်ခွင့် ထိပါးခြင်းကို ဆန့်ကျင်သည့်နည်းပညာများဖြစ်သည့် နက်ရှိုင်းသော အစုံလိုက် အသုံးချ ပရိုဂရမ် စစ်ဆေးခြင်း နှင့် စစ်ထုတ်ခြင်း အခြားပုံစံများကို ထိခိုက်စေ နိုင် ကြောင်း ဖော်ပြ သည်။

စာရင်းအင်းပညာ[ပြင်ဆင်ရန်]

DPI သည် ISP များအား အသုံးပြုသူအုပ်စု၏ အသုံးပြုခြင်း ပုံစံများနှင့် ပတ်သက်ပြီး စာရင်း အင်း အချက်အလက်များကို စုစည်းရန်ခွင့်ပြုသည်။ ဥပမာ- ထိုအရာသည် 2 Mbit ဆက် သွယ်မှုရှိသော အသုံးပြုသူများသည် 5 Mbit ဆက်သွယ်မှုရှိသော အသုံးပြုသူများနှင့် မတူ ညီသောပုံစံဖြင့် ကွန်ရက်ကို အသုံးပြုခြင်း ရှိ၊ မရှိကို စိတ်ဝင်စားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဦးတည်ရာ အချက်အလက်ကို ရရှိခြင်းသည်လည်း ကွန်ရက်စီမံကိန်းကို ကူညီသည်။

အစိုးရများမှ နေ၍ နက်ရှိုင်းသော အစုံလိုက်သုံးpacket စစ်ဆေးခြင်း[ပြင်ဆင်ရန်]

ကွန်ရက်စောင့်ကြည့်ခြင်း နှင့် ဆင်ဆာပြုလုပ်ခြင်း

DPI ကို သူတို့၏ ကိုယ်ပိုင်ကွန်ရက်များ လုံခြုံမှုအတွက် အသုံးပြုခြင်းအပြင် မြောက်အမေရိကဥရောပ နှင့် အာရှရှိ အစိုးရများသည် စောင့်ကြည့်ခြင်း နှင့် ဆင်ဆာပြုလုပ်ခြင်း ကဲ့သို့သော ရည်ရွယ်ချက်များစွာအတွက် DPI ကို အသုံးပြုသည်- ထိုအစီအစဉ်များအနက်မှ အများစုမှာ အဆင့်သတ်မှတ်ခွဲခြားထားသည်။

အမေရိကန်ပြည်ထောင်စု[ပြင်ဆင်ရန်]

FCC သည် အင်တာနက် CALEA လိုအပ်ချက်များကို သဘောတူလက်ခံသည်။ ကမ္ဘာအနှံ့ရှိ တိုင်းပြည်အများစု ကဲ့သို့ အမေရိကန် ကွန်ဂရက်နှင့်အညီ FCC သည် အင်တာနက် ဝန်ဆောင် မှုများ အပါအဝင် အဝေးဆက်သွယ်ခြင်း ဖြည့်ဆည်းပေးသူ အားလုံးသည် သတ်မှတ်ထား သော အသုံးပြုသူများ၏ ပေးသွင်းသည့် အချက်အလက်များ တစ်ချိန်တည်း အရေးလည်းယူ၊ ပြန်လည်းပြန်ကြားပေးသော ဆက်သွယ်ရေးစနစ်ကို ဖြည့်ဆည်းပေးရန် ဟူသော တရားရုံး၏ အမိန့်ကို ဆောင်ရွက်ခြင်းအား အထောက်အပံ့ပေးနိုင်ရမည်ဟု သတ်မှတ်ပြဋ္ဌာန်းသည်။ ၂၀၀၆ ခုနှစ်တွင် FCC သည် အသစ်ဖြစ်သော ခေါင်းစဉ် ၄၇ ၊ အပိုဒ်ခွဲ Z ကို လိုက်နာပြီး၊ ထိုဥပဒေ များသည် အင်တာနက် ဆက်သွယ်ခြင်းကို ဖြည့်ဆည်းပေးသူများသည် ထိုလိုအပ်ချက်များကို ပြည့်မီစေရမည်ဟု ပြဋ္ဌာန်းသတ်မှတ်သည်။ DPI သည် ထိုလိုအပ်ချက်ကို ပြည့်မီစေရန် လို အပ်သော မူဝါဒလမ်းစဉ်များအနက်မှ တစ်ခုဖြစ်ပြီး ၎င်းကို ထိုရည်ရွယ်ချက်ဖြင့် အမေရိကန်ပြည်ထောင်စု တစ်ဝန်းလုံးတွင် အသုံးပြုခဲ့ပြီးဖြစ်သည်။

NSA အမိန့်စာမဲ့ စောင့်ကြည့်ခြင်း အငြင်းပွားမှု[ပြင်ဆင်ရန်]

နိုင်ငံတော်လုံခြုံရေး အေဂျင်စီ (NSA) သည် အေတီနှင့် တီ ဖြင့် ပူပေါင်းဆောင်ရွက်ခြင်းဖြင့် အင်တာနက် အသွားအလာ စောင့်ကြည့်ခြင်း၊ ခွဲထုတ်ခြင်းနှင့် တဆင့်ပေးပို့ခြင်းတို့ကို ပို၍ မြန်သော အသုံးချ ခြင်း ကို သုံးခဲ့သည်။ မည်သည့် အစုံလိုက်များသည် အီးမေး(လ်) သို့မဟုတ် အင်တာနက် ပရိုတိုကောပေါ်မှ အသံ (VoIP) ဖုန်းခေါ်ဆိုမှုကို သယ်ဆောင် သည်ကို ရှာဖွေ ရန် DPI ကို အသုံးပြုသည်။ အေတီ နှင့် တီ ၏ ဘုံကျောရိုး နှင့်တွဲဆက် နေသော အသွားအ လာ ကို အမျှင်နှစ်ခု အကြားတွင် " ခွဲခြားခံရသည်" ၊ ထုတ်လွှင့်ချက် စွမ်းအား၏ ၅၀ ရာခိုင်နှုန်း ကို အထွက်အမျှင်တစ်ခုစီသို့ ရောက်ရန် ထုတ်လွှင့်ချက်ကို ခွဲဝေသည်။ အထွက် အမျှင်များ၏ တစ်ခုသည် လုံခြုံစိတ်ချရသော အခန်းသို့ ခွဲဖြာထွက် ခြင်းခံရပြီး- ဆက်သွယ်ရေးများကို သယ် ဆောင်သော အခြားတစ်ခုသည် အေတီနှင့် တီ၏ ပြောင်းလဲခြင်းပစ္စည်းကိရိယာသို့ သွားသည်။

လုံခြုံစိတ်ချရသော အခန်းတွင် Narus (နာရပ်(စ်)) အသွားအလာ ပိုင်းခြားစိတ်ဖြာခြင်း နှင့် လောဂျစ် ဆာဗာများပါဝင်သည်။ ထိုစက် များသည် ပေးသွင်းသည့် အချက်အလက်များ တစ်ချိန်တည်း အရေးလည်းယူ ပြန်လည်း ပြန်ကြားပေးသော အချက်အလက် ကောက်ယူခြင်း (စဉ်းစားသုံးသပ်ရန် အတွက် အချက် အလက် မှတ်ယူခြင်း) ကို ပြုလုပ်နိုင်ပြီး တစ်စက္ကန့်လျှင် ၁၀ ဂစ်ဂါဘစ် ဖမ်းယူကြောင်း နာရပ်(စ်)မှ ဖော်ပြသည်။ အသွားအလာ အချို့ကို ရွေးချယ်ပြီး ခွဲခြားစိတ်ဖြာရန် အတွက် "ဗဟို အချက်အချာနေရာ" သို့ မြှုပ်နှံထားသောလိုင်းမှ တဆင့် ပေးပို့သည်။ Marcus (မားကပ်(စ်)) ကျမ်းကျိန်လွှာ အရ၊ ခွဲဖြာထွက်သော အသွားအလာ "ဆန်ဖရန်စ္စစကို ပင်လယ် အော်ဒေသရှိ AT&T’s အသွားအလာ၏ အားလုံး သို့မဟုတ် အများ အပြားကို ကိုယ်စားပြုသည်" သို့ဖြစ်၍ " ဒေသတွင်း အချက်အလက် အဓိက ပါဝင်သော အချက်အလက်ရင်းမြစ်များကို မထည့်သွင်းရန် အစီအစဉ် စနစ်... ဖန်တီးသူများ သည် တည် နေရာ သို့မဟုတ် အမျှင်ခွဲထုတ်ခြင်း အနေအထားအားဖြင့် ကြိုးစားခဲ့ခြင်း မရှိပါ။"

DPI နည်းပညာ ကိုသုံးပြီး IBM (အိုင်ဘီအမ်) သို့မဟုတ် Dell Linux ( ဒဲ(လ်) လင်းနပ်(စ်)) ဆာဗာများ ပေါ်တွင် မောင်းနှင်သော နာရပ်(စ်) ဝေါဟာရဆိုင်ရာ အသွားအလာ ခွဲခြမ်းစိတ်ဖြာ သည့် ဆော့ (ဖ်)ဝဲ(လ်)သည် လျာထားသော အီးမေး(လ်) လိပ်စာ၊ အိုင်ပီ လိပ်စာ၊ သို့မဟုတ် ဖြစ်လာခဲ့လျှင် ဖုန်းနံပါတ် တို့တွင် အခြေခံ၍ တိကျသော မက်ဆေ့(ခ်ျ)ကို ရွေးယူရန် ၁၀ ဂစ် ဂါဘစ်/စက္ကန့် လျှင်ရှိသော အသွားအလာ မှတဆင့် ရွေးသည်။[21] FISA (ဖီဆာ) ၏ အမိန့်စာ ကိုရယူခြင်း မရှိဘဲ အမေရိကန်ပြည်ထောင်စုအတွင်းရှိ လူများနှင့် ပြည်ပရှိ ၎င်းတို့၏ အဆက် အသွယ်များ အကြား အီးမေး(လ်) နှင့် တယ်လီဖုန်း အပြန်အလှန် ပြောဆိုဖလှယ်ခြင်းများကို လျှို့ဝှက်စွာ ကြားဖြတ်ယူခြင်းအား အမိန့်ပေးရန် သမ္မတ တွင် လုပ်ပိုင်ခွင့်ရှိသည်ဟု သူတို့ ယုံ ကြည်ကြောင်း သမ္မတ George W. Bush (ဂျော့ ဒဗလျူ ဘု(ရှ်)) နှင့် ရှေ့နေချုပ် Alberto R. Gonzales (အယ်(လ်)ဘာတို အာ ဂွန်ဇါလီ(စ်)) တို့မှ အခိုင်အမာ ပြောဆိုသည်။ ကာကွယ်ရေး သတင်းအချက်အလက်စနစ်များ အေဂျင်စီ မှ နက်ရှိုင်းသော အစုံလိုက် သုံးpacket စစ်ဆေးခြင်းကို အသုံးပြုသည့် အာရုံခံ စင်မြင့်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

တရုတ်[ပြင်ဆင်ရန်]

တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အင်တာနက် ဆင်ဆာပြုလုပ်ခြင်း

တရုတ်နိုင်ငံသားများ သို့မဟုတ် နိုင်ငံတော် အကျိုးစီးပွားကို အန္တရာယ် ဖြစ်စေသည့် ကွန်ရက် အသွားအလာနှင့် ပါဝင်သည့် အကြောင်းအရာကို စောင့်ကြည့်ရန်နှင့် ဆင်ဆာပြုလုပ်ရန် တရုတ် အစိုးရသည် နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်းကို အသုံးပြု သည်။ ထိုအရာတွင် ကာမရာဂစိတ် ဖြစ်စေရန်ရေးသားပြသမှု ၊ ဘာသာရေးဆိုင်ရာ သတင်း အချက် အလက်နှင့် နိုင်ငံရေး သဘောထားကွဲလွဲမှုတို့ ပါဝင်သည်။ တရုတ်နိုင်ငံ အတွင်းရှိ လူ အများ သည် နောက်တွင်ဖော်ပြထားသော အကြောင်းအရာများပါဝင်သည့် ဝက်(ဘ်)ဆိုဒ် များကို ဆက်သွယ်ရာတွင် တားဆီးပိတ်ဆို့ခြင်းခံရကြောင်း တွေ့ရှိလေ့ရှိသည်။

တိုင်ဝမ် နှင့် တိဘက် လွတ်လပ်ရေး၊ Falun Gong (ဖာလန်ဂွန်)၊ Dalai Lama (ဒလိုင်လားမား) ၊ ၁၉၈၆ ခုနှစ် တွင် ဖြစ်ပွားခဲ့သော တီယန်မန် ရင်ပြင် ဆန္ဒပြပွဲများ နှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း များ၊ အာဏာရ ကွန်မြူနစ်ပါတီကို ဆန့်ကျင်သော နိုင်ငံရေးပါတီများ ၊ သို့မဟုတ် ကွန်မြူနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများတို့ ဖြစ်သည်။ VoIP အသွားအလာကို ၎င်းတို့ နိုင်ငံ၏ အတွင်း နှင့် အပြင်တွင် တားမြစ်ပိတ်ပင်ထားသည်။ စကိုက် ရှိ အသံ အသွားအလာကို ထိခိုက်ခြင်း မ ရှိသော်လည်း စာသား မက်ဆေ့(ခ်ျ)များမှာ DPI ပေါ်တွင် မူတည်ပြီး ဆဲဆိုသည့် စကားလုံးများ ကဲ့သို့ အပြော မခံသော အရာများ ပါဝင်သည့် မက်ဆေ့(ခ်ျ)များကို တကယ့်ကို ပေးပို့ခြင်းမရှိ ဘဲ၊ စကားပြောဆိုခြင်းရှိ ပါဝင်သူတိုင်းကို အသိပေး အကြောင်းကြားခြင်းလည်းမရှိပါ။ Youtube.com ၊ ဓာတ်ပုံ နှင့် ဘလော့(ဂ်) ဆိုဒ်များစွာကဲ့သို့သော ရုပ်မြင်နိုင်သည့် မီဒီယာ ဆိုဒ် များကိုလည်း တရုတ်နိုင်ငံမှ တားမြစ်ပိတ်ပင်ထားသည်။

အီရန်[ပြင်ဆင်ရန်]

အီရန်နိုင်ငံတွင်း အင်တာနက် ဆင်ဆာပြုလုပ်ခြင်း

၂၀၀၈ ခုနှစ်တွင် အီရန်အစိုးရသည် နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း အတွက် စနစ်တစ်ခုကို နော်ကီယာ ဆီမန်း ကွန်ရက်များ (NSN) မှ ဝယ်ယူခဲ့ကြောင်း ပြောဆို ကြသည်။ ၂၀၀၉ ခုနှစ် ဇွန်လထုတ် ဝေါ(လ်)စထရိ ဂျာနယ် တွင် ဖော်ပြထားသော NSN ပြော ရေးဆို ခွင့်ရှိသူ Ben Roome (ဘန် ရွမ်မီ) ၏ အစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြချက်အရ NSN သည် ဂျာမန် စီးပွားရေး လုပ်ငန်းများစွာကို ပူးပေါင်းတည်ထောင်ထားသော ကော်ပိုရေး ရှင်း ကြီးဖြစ်သော ဆီးမန်း အေဂျီ နှင့် ဖင်လန် ဆဲ(လ်)ဖုန်း ကုမ္ပဏီဖြစ်သော နော်ကီယာ ကော်ပိုရေးရှင်းတို့ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ဆောင်းပါးတွင် အမည် မဖော်ပြ ထားသော ပညာရှင်များ၏ ဖော်ပြချက်များအရ၊ စနစ်သည် "ဆက်သွယ်မှုကို ပိတ်ဆို့တား မြစ်ရန်သာ မဟုတ်ဘဲ တစ်ဦးတစ်ယောက်ချင်းစီနှင့် ပတ်သက်သော သတင်းအချက် အလက်ကို စုဆောင်း ရန် ၎င်းကို စောင့်ကြည့်ရန်နှင့် လုပ်ကြံသတင်း ရည်ရွယ်ချက်များ အတွက် ၎င်းကို ပြောင်းလဲ ရန် အာဏာပိုင်များအား စတင်လုပ်ဆောင်စေသည်။"

စနစ်ကို အီရန် အစိုးရ၏ တယ်လီဖုန်းဆက်သွယ်ရေး လက်ဝါးကြီးအုပ်ထားခြင်း၏ အစိတ် အ ပိုင်းဖြစ်သော တယ်လီဖုန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံ ကုမ္ပဏီမှ တပ်ယူခဲ့သည်။ ဂျာနယ် အရ NSN သည် " တရားဝင်ဖြစ်သော ကြားဖြတ်ဝင်ယူခြင်း " ဟူသော နိုင်ငံတကာမှ အသိအမှတ်ပြုထားသော အယူအဆအောက်တွင် ယမန်နှစ်က အီရန် သို့ ပစ္စည်းကိရိယာများ ပေးခဲ့သည်။" ဟု Mr. Roome (မစ္စတာ ရွမ်မီ) က ပြောခဲ့သည်။ ထိုအရာသည် အွန်လိုင်းတွင် ဆောင်ရွက်သော အကြမ်းဖက်မှု ၊ ကလေး ကာမရာဂစိတ် ဖြစ်စေရန် ရေးသားပြသမှု၊ မူးယစ် ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်း နှင့် အခြားရာဇဝတ်မှု များကို နှိမ်နှင်းရန် ဟူ သော ရည်ရွယ်ချက်များအတွက် အချက်အလက်များကြားဖြတ်ဝင်ယူခြင်း နှင့် ဆက်သွယ်မှုရှိ သည်။ ယင်းမှာ တယ်လီကွန်းကုမ္ပဏီအများစုတွင် မရှိသော လုပ်နိုင်စွမ်းဖြစ်သည် ဟု သူသည် ပြောခဲ့သည်..... အီရန်သို့ နော်ကီယာ ဆီမန်း ကွန်ရက်များရောင်းချခဲ့သော စောင့်ကြည့်သည့် စင်တာကို ကုမ္ပဏီ၏ ကြော်ငြာစာစောင်တွင် ဤသို့ ဖော်ပြခြင်းခံခဲ့ရသည်၊ 'ကွန်ရက်များအား လုံးပေါ်တွင်ရှိသော အသံနှင့် အချက်အလက် ဆက်သွယ်ရေး အမျိုးအစားအားလုံးကို စောင့် ကြည့်ခြင်းနှင့် ကြားဖြတ်ဝင်ယူခြင်း' ကို ခွင့်ပြုသည်။ မစ္စတာ ရွမ်မီပြောခဲ့သည် မှာ 'မတ်လကုန် တွင် 'ဆက်စပ်ဆင်ခြင်နိုင်စွမ်းသော အဖြေရှာခြင်းများ' ဟုခေါ်သည့် စောင့်ကြည့်သော ပစ္စည်း ကိရိယာကို Munich (မြူးနစ်) အခြေပြု ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Perusa (ပီရူးဆာ) မိတ်ဖက်များ ရန်ပုံငွေ ၁ LP သို့ ရောင်းချခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေး လုပ် ငန်းမှ နုတ်ထွက်ခဲ့သည်'။ ထိုအရာသည် ၎င်းတို့၏ အဓိက စီးပွားရေး လုပ်ငန်း၏ အစိတ်အပိုင်း ဖြင့် ဆက်လက်တည်ရှိနေတော့မည် မဟုတ်ပါဟု " ကုမ္ပဏီမှ ဆုံးဖြတ်ခဲ့ကြောင်း သူ ပြောခဲ့ သည်။ ဆယ်စုနှစ် အစောပိုင်းတွင် လုံခြုံစိတ်ချရသော ကွန်ပျူတာ ကော်ပိုရေးရှင်း မှနေ၍ အီရန်သည် NSN စနစ်ကို ဆက်တိုက်ဝယ်ယူခဲ့ခြင်းများ ဖြစ်ခဲ့သည်။

ဝါရှင်တန် ဒီစီ အခြေစိုက် ဘက်မလိုက်သော ဆန်းစစ်လေ့လာသူနှင့် Cato Institute ကာတို တက္ကသိုလ် အဖြည့် ပညာရှင်ဖြစ်သူ David Isenberg (ဒေးဗစ် အိုင်ဆင်ဘတ်) ၏ ဂျာနယ် အစီ ရင်ခံစာ၏ အစီရင်ခံခြင်းဆိုင်ရာ ယုံကြည်အားထားရမှုနှင့် ပတ်သက်၍ မေးခွန်းများ ပေါ်ထွက် ခဲ့ကာ အထူးသဖြင့် Mr. Roome (မစ္စတာ ရွမ်မီ) သည် သူနှင့် ပတ်သက်သော ကိုးကားချက် များကို ငြင်းဆန်ကြောင်းနှင့် Isenberg (အိုင်ဆင်ဘတ်) တွင် အစောပိုင်း ဖြစ်စဉ်တစ်ခုတွင် ဂျာ နယ် တစ်ခုတည်းမှ သတင်းထောက်တစ်ယောက်နှင့် အလားတူ မကျေနပ်ရခြင်း အကြောင်း များရှိခဲ့ကြောင်းတို့ဖြစ်သည်။ NSN သည် ဖော်ပြပါ ငြင်းဆိုချက်ကို ထုတ်ပြန်ခဲ့သည်- NSN သည် " အီရန်သို့ မည်သည့် နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း၊ ဝက်(ဘ်) ဆင်ဆာပြုလုပ်ခြင်း သို့မဟုတ် အင်တာနက် စစ်ထုတ်ခြင်း လုပ်နိုင်စွမ်းတို့ကို မဆို ပေးခဲ့ခြင်း မရှိပါ " ။ နယူးယော့(ခ်)တိုင်း(မ်)(စ်) တွင် တစ်ပြိုင်တည်းပါသော ဆောင်းပါးတွင်မူ NSN ရောင်းချခြင်းသည် " ဝါရှင်တန် တိုင်း(မ်)(စ်) အပါအဝင် ၂၀၀၉ ဧပြီလတွင် သတင်း အစီရင် ခံခြင်းများ ရုတ်ခြည်း တစ်သွန်တည်း ပေါ်လာခြင်း" တွင် သတင်းရေးသားခံခဲ့ရပြီး နိုင်ငံအတွင်း ရှိ အင်တာနက်နှင့် အခြားမီဒီယာတို့၏ ဆင်ဆာပြုလုပ်ခြင်းတို့ကို လေ့လာဆန်းစစ်ခဲ့သော် DPI ကို မဖော်ပြခဲ့ပါ။

DPI နှင့် ကွန်ရက် ကြားနေရေး[ပြင်ဆင်ရန်]

ကွန်ရက် ကြားနေရေး

သီးသန့်ဖြစ်မှု သို့မဟုတ် ကွန်ရက်ကြားနေရေးကို စိတ်ဝင်စားကြသော လူများနှင့် အဖွဲ့အစည်းများသည် အင်တာနက် protocol ၏ ပါဝင်သော အလွှာများကိုစစ်ဆေးခြင်းမှာစိတ်အနှောင့်အယှက်ဖြစ် စေသည်ဟု မြင်ကြသည်။ စကားအဖြစ် ဥပမာပြောကြသည်မှာ၊ " ကွန် ရက်အား လွတ်လပ်သော ဆက်သွယ်မှုနှင့် ခွဲခြားဆက်ဆံခြင်းမရှိသော အစုံလိုက်သုံး packet များပေါ်တွင် တည်ဆောက်ထားသည်!" ထိုအတောအတွင်းတွင် ကွန်ရက် ကြားနေရေး ဥပဒေများဆိုင်ရာ ဝေဖန်ရေးသမားများက ၎င်းတို့ကို " ပြဿနာတစ်ခုကို ရှာဖွေခြင်း၏ အဖြေတစ်ခု" ဟု ခေါ်ပြီး ကွန်ရက်များကို အဆင့်မြှင့်တင်ရန် နှင့် နောက်မျိုးဆက် ကွန်ရက် ဝန်ဆောင်မှုများကို စတင်ရန် ကွန်ရက်ကြားနေရေး ဥပဒေများသည် မက်လုံးများကို လျော့ချလိမ့်မည်ဟု ပြောသည်။

ဆော့(ဖ်)ဝဲ(လ်)[ပြင်ဆင်ရန်]

Opendpi (အိုးပင်း ဒီပီအိုင်)သည် ရှုပ်ထွေးအောင် ပြုလုပ်သော ပရိုတိုကော (protocol) များ မဟုတ် သည်တို့အတွက် လွတ်လပ်သော အရင်းမြစ် မူကွဲဖြစ်သည်၊ PACE တွင် skype သို့မဟုတ် စကားဝှက်ဖြင့် ရေးသားထားသော Bit Torrent (ဘစ်တိုရန့်) ကဲ့သို့သော ရှုပ်ထွေး အောင်ပြုလုပ်ထားသော/စကားဝှက်ဖြင့်ရေးသားထားသော protocol များ ပါဝင်သည်။ လွတ်လပ်သောရင်းမြစ် အသိုင်းအဝိုင်းသည် နက်ရှိုင်းသော အစုံလိုက် အသုံးချပရိုဂရမ် လုပ် ငန်းဆောင်ရွက်မှုများကို လုပ်ဆောင်ရန် အတွက် ရွေးချယ်စရာများ အစဉ်လိုက်တစ်ခုကို ပေး သည်၊ ပြည့်စုံသော စာရင်းတစ်ခုကို dPacket.org အသိုင်းအဝိုင်းမှ ထိန်းသိမ်းထားသည်။[၁]


ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. NGFW - Next Generation Firewall | Forcepoint။ 16 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 January 2011 တွင် ပြန်စစ်ပြီး။