၂၀၀၇
ပုံပန်းသွင်ပြင်
ထောင်စုနှစ်: | ၃ ထောင်စုနှစ် |
---|---|
ရာစုနှစ်များ: | |
ဆယ်စုနှစ်များ: | |
ခုနှစ်များ: |
၂၀၀၇ (MMVII) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် တနင်္လာနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၀၇ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၃ ထောင်စုနှစ်၏ ၇ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၇ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၀၀ ဆယ်စုနှစ်၏ ၈ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
ဇန်နဝါရီလ
[ပြင်ဆင်ရန်](၁) ရက်။
ဖေဖော်ဝါရီလ
[ပြင်ဆင်ရန်](၁) ရက်။
မတ်လ
[ပြင်ဆင်ရန်](၁) ရက်။
ဧပြီလ
[ပြင်ဆင်ရန်](၂၆) ရက်။
- ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ(မြောက်ကိုရီးယား)နှင့် မြန်မာ နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ပြန်လည်ထူထောင်ခဲ့သည်။
မေလ
[ပြင်ဆင်ရန်](၁) ရက်။
ဇွန်လ
[ပြင်ဆင်ရန်](၁) ရက်။
ဇူလိုင်လ
[ပြင်ဆင်ရန်](၁၁) ရက်။
- သရုပ်ဆောင် အကယ်ဒမီ ဒွေး ကွယ်လွန်ခဲ့သည်။
ဩဂုတ်လ
[ပြင်ဆင်ရန်](၅) ရက်။
- စာရေးဆရာတာရာမင်းဝေသည် မွန်းလွဲ ၁၂ နာရီ ၄ဝ တွင် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။
(၁၅) ရက်။
- ရွှေဝါရောင်တော်လှန်ရေး စတင်ဖြစ်ပွားသည်။
စက်တင်ဘာလ
[ပြင်ဆင်ရန်](၃) ရက်။
- အမျိုးသားညီလာခံ ကျင်းပပြီးစီးခဲ့သည်။
(၁၈) ရက်။
- ရန်ကုန်မြို့တွင် သံဃာတော်များ စတင်စီတန်းလှည့်လည်ခဲ့သည်။ ကနဦးပိုင်းတွင် ကြွေးကြော်သံများမပါရ၊ဒို့အရေးမအော်ရ၊နိုင်ငံရေးဆိုင်းဘုတ်များနှင့်အလံများကိုင်ဆောင်ခြင်းမပြုရဆိုသည့် ကန့်သတ်ချက်များရှိခဲ့သော်လည်း ဝန်းရံအားပေးသူများ၏ တောင်းပန်လျှောက်ထားမှုကြောင့် ဖြေလျှော့ပေးခဲ့သည်။
(၂၂) ရက်။
- ကံဆောင်သပိတ်မှောက်သံဃာတော်များနှင့် ဆန္ဒပြကျောင်းသားပြည်သူများ ရန်ကုန်မြို့၊တက္ကသိုလ်ရိပ်သာလမ်းရှိ အိမ်အမှတ်(၅၄) ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်သို့သွားရောက်ခွင့်ရခဲ့သည်။ ထိုတစ်ရက်သာ အတားအဆီးများကိုဖယ်ရှားခဲ့ပြီး နောက်ရက်များတွင် ယခင်အတိုင်း လုံခြုံရေးအတားအဆီးများ ပြန်လည်ချထားခဲ့သည်။
(၂၅) ရက်။
- အစိုးရမှ လူငါးဦးထက်စုဝေးခြင်းမပြုရ အမိန့်ထုတ်ပြန်သည်။ စစ်သားများတင်ဆောင်လာသည့် စစ်ထရပ်ကားများ ရန်ကုန်မြို့အနှံ့ စတင်ရောက်ရှိလာသည်။
(၂၆) ရက်။
- ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် ကြေးသွန်းဘုရားအနီးတွင် ကံဆောင်သပိတ်မှောက်သံဃာတော်များနှင့် ဝန်းရံကြသောကျောင်းသားပြည်သူများ စုဝေးနေစဉ် လာရောက်တားဆီးသည့်ရဲတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့သည်။ နှစ်ဦးနှစ်ဖက်ညှိနှိုင်းသော်လည်းမအောင်မြင်ဘဲ ရှေ့ဆုံးမှချီတက်သူ သက်တော်(၂၆)နှစ်ရှိ ဦးဃောသိတ၏ ဦးခေါင်းတော်အား နံပါတ်တုတ်ဖြင့်ရိုက်လိုက်ရာမှစကာ ရိုက်နှက်ဖြိုခွင်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့များဘက်မှ မျက်ရည်ယိုဗုံးများအသုံးပြုခဲ့သည်။ ဖမ်းဆီးရမိသူများကို ဒိုင်နာကားများပေါ်သို့တင်ဆောင်ကြပြီး အဖမ်းမခံနိုင်သူတချို့က ရဲများအလစ်တွင် ကားပေါ်မှဆင်း၍ထွက်ပြေးကြသည်။ တချို့သောသံဃာတော်များနှင့်ပြည်သူများက ရဲများကို ခဲများဖြင့်ပစ်ပေါက်၍ ခုခံခဲ့ကြသည်။ လွတ်မြောက်လာသောသံဃာတော်တချို့နှင့်ကျောင်းသားပြည်သူများက ဗဟန်းမြို့နယ်၊ရွှေဂုံတိုင်လမ်းမတွင် ပြန်လည်စုဝေးကာ ဆူးလေဘုရားလမ်းသို့ချီတက်သပိတ်မှောက်ခဲ့ကြသည်။ ဆန္ဒပြသံဃာထုများနှင့်လူအုပ်ကြီးများ မရောက်ရှိသေးခင်မှာပင် ဆူးလေဘုရားလမ်းကိုပိတ်ဆို့ထားကြသော စစ်သားများက မိုးပေါ်သို့သေနတ်ပစ်ဖောက်ခဲ့ကြသည်။ ယင်းနေ့ ညပိုင်းတွင် အစိုးရဘက်မှ ည ၉ နာရီမှ မနက် ၅ နာရီအထိ လမ်းပေါ်မထွက်ရ(ညမထွက်ရ)အမိန့်ထုတ်ပြန်ခဲ့သည်။
(၂၇) ရက်။
- မနက် ၁၂ နာရီ ၁၀မိနစ်အချိန်တွင် စစ်သားများ၊စွမ်းအားရှင်များ၊ရဲတပ်ဖွဲ့ဝင်များက တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံကျောင်းတိုက်ကို ဝင်ရောက်စီးနင်းမှုဖြစ်ပွားခဲ့သည်။ သံဃာတော်အပါး ၁၅၀ ဖမ်းဆီးခံခဲ့ရသည်။ ယင်းနေ့ နေ့လယ်ပိုင်းတွင် ထောင်နှင့်သောင်းနှင့်ချီသောလူအုပ်ကြီးက ဆူးလေဘုရားလမ်းတွင်စုဝေး၍ဆန္ဒပြကြသည်။ ထိုဆန္ဒပြမှုကြီးကို စစ်တပ်၊ရဲနှင့်စွမ်းအားရှင် သုံးဖွဲ့ပေါင်း၍ ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဂျပန်လူမျိုးသတင်းထောက် ခန်ဂျီနာဂါအိ(Kenji Nagai) အပါအဝင် လူ ၄၀ ကျော်သေဆုံးခဲ့သည်။ ထိုအချိန်တွင် တာမွေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စုဝေးလာကြသော ဆန္ဒပြကျောင်းသားပြည်သူများကို စစ်ထရပ်ကားများကပိတ်ဆို့ကာပစ်ခတ်ဖြိုခွင်းဖမ်းဆီးမှုဖြစ်ပွားခဲ့သည်။ ပန်းဆိုးတန်းခုံးကျော်တံတားပေါ်မှဆန္ဒပြလူအုပ်ကြီးသည်လည်း ပစ်ခတ်ဖြိုခွင်းခြင်းခံခဲ့ရသည်။ ဆူးေလဖြိုခွင်းမှုတွင်ဖမ်းဆီးရမိသူများကို မြို့တော်ခန်းမ၌ထိန်းသိမ်းထားရှိပြီး တာမွေဖြိုခွင်းမှုတွင်ဖမ်းဆီးရမိသူများကိုကျိုက္ကဆံကွင်း၌ထိန်းသိမ်းထားရှိခဲ့သည်။
(၂၈) ရက်။
- ဆန္ဒပြမှုများ အနည်းငယ်ကျဲသွားသည်။ အနော်ရထာလမ်းမပေါ်မှဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွင်းခံရသည်။ ပန်းဆိုးတန်းလမ်းမပေါ်တွင် လူ ၂၀၀ ကျော်က စစ်တပ်၊ရဲ၊စွမ်းအားရှင်များကို လှောင်ပြောင်သရော်ကာဆန္ဒပြခဲ့ကြသည်။(၂၇)ရက်နေ့ဖြိုခွင်းမှုတွင် ဖမ်းဆီးရမိသူများကို အင်းစိန်မြို့နယ်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)သို့ေပြာင်းရွှေ့ထိန်းသိမ်းထားရှိခဲ့သည်။
(၂၉) ရက်။
- ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်ရှေ့တွင် ဆန္ဒပြမှုအနည်းငယ်ဖြစ်ပွားခဲ့သော်လည်း အကြမ်းဖက်ဖြိုခွင်းခံရမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
(၃၀) ရက်။
- စစ်တပ်၊ရဲနှင့်စွမ်းအားရှင် သုံးဖွဲ့ပေါင်းကာ ရန်ကုန်မြို့အနှံ့ ပုန်းအောင်းတိမ်းရှောင်နေကြသူများကို ပိုက်စိပ်တိုက်လိုက်လံရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့ကြသည်။
အောက်တိုဘာလ
[ပြင်ဆင်ရန်](၁၈) ရက်။
- အဖွဲ့ဝင် (၅၄) ဦးပါဝင်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း(၂ဝဝ၈) ရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။
နိုဝင်ဘာလ
[ပြင်ဆင်ရန်](၁) ရက်။
ဒီဇင်ဘာလ
[ပြင်ဆင်ရန်](၁) ရက်။