အဝါရောင်
အဝါရောင် | |
---|---|
ရောင်စဉ်တန်း ကိုဩဒိနိတ်များ | |
လှိုင်းအလျား | 575–585[၁] nm |
ကြိမ်နှုန်း | 521–512 THz |
ရောင်စဉ်တန်း ကိုဩဒိနိတ်များ | |
Hex triplet | #FFFF00 |
sRGBB (r, g, b) | (255, 255, 0) |
HSV (h, s, v) | (60°, 100%, 100%) |
CIELChuv (L, C, h) | (97, 107, 86°) |
ရင်းမြစ် | HTML/CSS[၂] |
B: Normalized to [0–255] (byte) H: Normalized to [0–100] (hundred) |
အဝါရောင်သည် အလင်း၏ ရောင်စဉ်တွင် အစိမ်းရောင်နှင့် လိမ္မော်ရောင်ကြားရှိ အရောင်တခုဖြစ်သည်။ ပန်းချီရေးဆွဲခြင်းနှင့် ပုံနှိပ်ခြင်း လုပ်ငန်းတို့တွင် အဓိက အသုံးပြုသည့် အရောင်တခု ဖြစ်သည်။ အဝါရောင်အား ငှက်ပျောသီး၊ ပြောင်းဖူး စသည်တို့တွင် တွေ့ရှိနိုင်သည်။ နေသည် မိုးကုတ်စက်ဝိုင်းအနီးသို့ရောက်သောအခါ နေရောင်ခြည်သည် အဝါရောင်အဖြစ်သို့ အနည်းငယ်သမ်းသွားသည်။
ဥရောပ၊ ကနေဒါနိုင်ငံ၊ အမေရိကန် ပြည်ထောင်စုရှိ စစ်တမ်းများအရ အဝါရောင်သည် လူကြီးလူကောင်းဆန်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဟာသဉာဏ်ရှိခြင်း စသည်တို့နှင့် ဆက်နွယ်မှု ရှိသည်ကို တွေ့ရသည်။ သို့သော်လည်း အဝါရောင်သည် မနာလိုမှု၊ လောဘနှင့်လည်း ဆက်နွယ်မှုရှိပြီး အမေရိကန်တွင် သူရဲဘောကြောင်ခြင်းနှင့်လည်း ဆက်စပ်သည်။[၃] အီရန်နိုင်ငံတွင် အဝါရောင်သည် ဖျားနှာမှုနှင့် ဆက်နွယ်သည့်အပြင်[၄] ပညာရှိခြင်းကိုလည်း ကိုယ်စားပြုသည်။[၅] တရုတ်နိုင်ငံနှင့် အာရှတိုက်ရှိနိုင်ငံများတွင် အဝါရောင်သည် ပျော်ရွှင်မှု အောင်မြင်မှုနှင့် ပညာရှိခြင်းအဖြစ် ရှုမြင်ကြသည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Color" (2021). The Physics Hypertextbook.
- ↑ CSS Color Module Level 3 (19 June 2018)။ 29 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2007 တွင် ပြန်စစ်ပြီး။
- ↑ Eva Heller (2000), Psychologie de la couleur – effets et symboliques, pp. 69–86.
- ↑ Price၊ Massoume (December 2001)။ Culture of Iran: Festival of Fire။ Feb 3, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Amjadi၊ Maryam Ala (2012)။ Shades of doubt and shapes of hope: Colors in Iranian culture။ Dec 21, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Eva Heller (2000), Psychologie de la couleur – effets et symboliques, pp. 69–86