အပြာရောင်

ဝီကီပီးဒီးယား မှ
အပြာရောင်
 
ရောင်စဉ်တန်း ကိုဩဒိနိတ်များ
လှိုင်းအလျားapprox. 450–495 nm
ကြိမ်နှုန်း~670–610 THz
About these coordinates     ရောင်စဉ်တန်း ကိုဩဒိနိတ်များ
Hex triplet#0000FF
sRGBB (r, g, b)(0, 0, 255)
HSV (h, s, v)(240°, 100%, 100%)
CIELChuv (L, C, h)(32, 131, 266°)
ရင်းမြစ်HTML/CSS[၁]
B: Normalized to [0–255] (byte)
H: Normalized to [0–100] (hundred)

အပြာရောင်သည် မြင်နိုင်သောအလင်းတန်းတွင် ခရမ်းရောင်နှင့် စိမ်းပြာရောင်ကြားရှိ အရောင်တခုဖြစ်သည်။ အပြာရောင်အများစုတွင် အခြားအရောင်များ၏ ပေါင်းစပ်မှုများ အနည်းငယ် ပါဝင်ကြသည်။ နေ့ခင်းတွင်မြင်ရသည့် ကြည်လင်သောကောင်းကင်ယံနှင့် ပင်လယ်ပြင်တို့သည် အပြာရောင်အဖြစ် ထင်ပေါ်သည်။ ဝေးကွားသော အရာဝတ္ထုများသည် အပြာရောင်ပိုဆန်သည်ကို တွေ့ရှိရသည်။

အပြာရောင်သည် ရှေးခတ်အချိန်ကတည်းက အနုပညာနှင့် အလှဆင်ရာတွင် အရေးပါသောအရောင်တခုအဖြစ် ရှိခဲ့သည်။ နက်ပြာရောင်သည် စစ်ဘက်ဆိုင်ရာ တူညီဝတ်စုံအတွက် အသုံးအများဆုံး အရောင်တခုဖြစ်ပြီး ၂၀ ရာစုနှောင်းပိုင်းတွင် စီးပွားရေးဆိုင်ရာ ဝတ်စုံဖြစ်လာခဲ့သည်။ အပြာရောင်သည် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုသောကြောင့် ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့၏အလံတွင် ယင်းအရောင်အား အလံတွင် အသုံးပြုရန် ရွေးချယ်ကြသည်။[၂]

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတွင် အပြာရောင်သည် မိန်းကလေးနှင့် ယောက်ျားလေးတို့သည် ယင်းတို့တို့၏ အကြိုက်ဆုံးအပြာရောင်အဖြစ် ရွေးချယ်ကြသည်ကို အနည်းဆုံး စစ်တမ်းတခုမှ တွေ့ရှိထားသည်။ ယင်းတွင် တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့လည်း ပါဝင်လေသည်။[၃][၄]


ကိုးကား[ပြင်ဆင်ရန်]

  1. CSS Color Module Level 3။ 23 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Michel Pastoureau, Bleu – Histoire d'une couleur
  3. Heller 2009, p. 22.
  4. Why is blue the world's favorite color? | YouGov (in en-us)။ 16 April 2023 တွင် ပြန်စစ်ပြီး။