မိုးကုတ်စက်ဝိုင်း

ဝီကီပီးဒီးယား မှ
အာကာသယာဉ် Endeavour မှမြင်ရသော ကမ္ဘာ၏ မိုးကုတ်စက်ဝိုင်း၊ ၂၀၀၂ ခုနှစ်နှောင်းပိုင်း။

မိုးကုတ်စက်ဝိုင်း (Horizon) သည် ကမ္ဘာနှင့်ကောင်းကင်အား ပိုင်းခြားထားသည့် မျဉ်းဖြစ်ပြီး အပိုင်းနှစ်ခုဖြင့် ခွဲခြားထားသည်။ ယင်းတို့မှာ ကမ္ဘာ့မျက်နှာပြင်နှင့် အတွင်းဆက်ထားသည့်အရာ၊ သို့မဟုတ် အတွင်းမဆက်ထားသောအရာတို့ဖြစ်သည်။ နေရာအများစုမှာ သစ်ပင်၊ အဆောက်အအုံ၊ တောင်ကုန်းတောင်တန်းများဖြင့် ကာဆီးထားသောကြောင့် စစ်မှန်သည့် မိုးကုတ်စက်ဝိုင်းအား မမြင်ရပေ။ ယင်းအချက်များကြောင့် ဖြစ်လာသည့်မြင်ကွင်းကို မြင်နိုင်သည့် မိုးကုတ်စက်ဝိုင်းဟု ခေါ်ဆိုသည်။ မိုးကုတ်စက်ဝိုင်းအား ဂရိဘာသာစကား "ὁρίζων κύκλος" (horizōn kyklos) မှ ဆင်းသက်လာပြီး ပိုင်းခြားထားသော စက်ဝိုင်းဟု အဓိပ္ပာယ်ရသည်။[၁] ရေဒီယို၊ တယ်လီဂရပ်နည်းပညာများ မပေါ်ထွန်သေးခင်က သမိုင်းတစ်လျှောက်တွင် ပင်လယ်ပြင်၌ မြင်နိုင်သော မိုးကုတ်စက်ဝိုင်း၏ အကွာအဝေးသည် အင်မတန် အရေးပါလှသည်။ ယနေ့ခေတ်အခါ၌ပင်လျင် လေယာဉ်ပျံများ ပျံသန်းရာတွင် မိုးကုတ်စက်ဝိုင်းအား အသုံးပြုနေရဆဲဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "ὁρίζων"၊ A Greek-English Lexicon၊ Perseus Digital Library။ April 19, 2011 တွင် ပြန်စစ်ပြီး