လူးဝစ်ကဲရော: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2+) (ရိုဘော့က တည်းဖြတ်နေသည် - az:Luis Kerroll
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - ie:Lewis Carroll
စာကြောင်း ၇၁ - စာကြောင်း ၇၁ -
[[hy:Լուիս Քերոլ]]
[[hy:Լուիս Քերոլ]]
[[id:Lewis Carroll]]
[[id:Lewis Carroll]]
[[ie:Lewis Carroll]]
[[io:Lewis Carroll]]
[[io:Lewis Carroll]]
[[is:Lewis Carroll]]
[[is:Lewis Carroll]]

၁၃:၂၁၊ ၉ ဧပြီ ၂၀၁၂ ရက်နေ့က မူ

လူးဝစ်ကဲရော ( Lewis Carroll )
လူးဝစ်ကဲရော ( Lewis Carroll )
အမည်ရင်း ချားလတ် ဝစ်ဒေါ့ဂျဆန်( Charles Lutwidge Dodgson )
မွေးသက္ကရာဇ် ၂၇ဇန်နဝါရီ၁၈၃၂
ချက်ရိုင်ယာ၊ ဒဲရီးစဗာမြို့၊ အင်္ဂလန်
ကွယ်လွန် ၁၄ ဇန်နဝါရီလ ၁၈၉၈ (အသက် ၆၅ နှစ် )ဂဲဖော့မြို့၊ ဆာရီပြည်နယ်၊ အင်္ဂလန်ပြည်
နိုင်ငံသား အင်္ဂလန်
လူမျိုး ဗြိတိသျှ
အလုပ်အကိုင် စာရေးဆရာဓာတ်ပုံဆရာသင်္ချာ ကထိက
မွေးရပ်ဇာတိ ချက်ရိုင်ယာ၊ ဒဲရီးစဗာမြို့၊ အင်္ဂလန်


အဲလစ်ကလေး၏ ထူးဆန်းသော အိမ်မက်” အမည်ရှိအုပ်နှင့် “ကြေးမုံထဲဝယ်” အမည်ရှိစာအုပ် နှစ်အုပ်ဖြင့် အင်္ဂလိပ် စာပေလောကတွင် ထင်ရှားလာခဲ့သော လူးဝစ် ကဲရောသည်ကား အင်္ဂလန်ပြည် ချက်ရိုင်ယာနယ် ဒဲရီးစဗာရီမြို့၌ ၁၈၃၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဖွားမြင်သည်။ သူ၏ ဖခင်မှာ ချားဒေါ့ဂျဆန် အမည်ရှိ အင်္ဂလိပ် ဘုန်းကြီးတစ်ပါးဖြစ်သည်။ လူးဝစ်ကဲရောမှာ ကလောင်အမည်ဖြစ်၍ နာမည်ရင်းမှာ ချားလတ်ဝစ်ဒေါ့ဂျဆန်ဖြစ်သည်။ သူသည် ရပ်ဂဗီကျောင်းနှင့် ခရိုက်စချက် ကောလိပ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ထိုကောလိပ်ကျောင်းမှာ အောက်စဖို့တက္ကသိုလ်တွင် ပါဝင်၏။ ဒေါ့ဂျဆန်သည် သင်္ချာ ပထမတန်း ဂုဏ်ထူးနှင့် အောင်မြင်ပြီးနောက် ၁၈၅၅ ခုနှစ်ကစ၍ ထိုကောလိပ်ကျောင်းတွင်ပင် ကထိက ဖြစ်ခဲ့လေသည်။ ဒေါ့ဂျဆန်စာပေပို့ချသော ခရိုင်စချက်ကောလိပ်ကျောင်း၏ မဟာဌာနမှူးတွင် သမီးကလေး ၃ ယောက်ရှိသည်။ လူပျိုးကြီး ဒေါ့ဂျဆန်သည် ထိုကလေးမများနှင့် ခင်မင်ရင်းနှီး၍ ထိုကလေးများကို မိမိသားသမီးပမာ ချစ်ခင်ခဲ့လေသည်။ ထို ၃ယောက်အနက် အဲလစ်လစ်ဒဲ အမည်ရှိကလေးမကို အထူးပိုမို၍ ချစ်ခင်ယုယခဲ့သည်။

ဒေါ့ဂျဆန်သည် အဲလစ် ကလေး၏ ထူးဆန်းသော အိမ်မက် ပုံပြင်ဝတ္ထုကို သူချစ်သည့် အဲလစ်ကလေးအတွက် ရည်စူး၍ ရေးသားခဲ့လေသည်။ ထိုသို့ ရေးသားရာတွင် မိမိမှာ သင်္ချာကထိက တစ်ဦးဖြင့်နေသဖြင့် မိမိ၏နာမည်ရင်းကို မသုံးဘဲ လူးဝစ်ကဲရောဟူသော ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။ သို့ဖြစ်၍ စာရိတ်ပရိတ်သတ်များက အထူးသဖြင့် ကလေးသူငယ်များက သူ့ကို လူးဝစ်ကဲရောအဖြစ်ဖြင့်သာ သိကြလေသည်။ သင်္ချာကထိကကြီး ဒေါ့ဂျဆန်ကိုကား သိရှိသူ အလွန်နည်းပါလှသည်။ အဲလစ်ကလေး၏ ထူးဆန်းသော အိမ်မက်သာအုပ်မှာကလေးများအတွက် အထူးကောင်းမွန်သော စာအုပ်ဖြစ်၍ ယနေ့ထွက်ပြီးခဲ့သမျှသော ကလေးစာအုပ်များထဲတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်ပေသည်။ ထိုဝတ္ထုတွင် အဲလစ်ကလေးသည် တစ်နေ့သ၌ အိပ်ပျော်နေစဉ် အိမ်မက်ထဲတွင် ထူးဆန်းသော တိုင်းပြည်တစ်ပြည်သို့ရောက်သွားပုံကို ကလေးများအကြိုက်ဖြစ်အောင်၊ ရယ်ဖွယ်၊ လွမ်းမောဖွယ်၊ စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်များဖြင့် တန်ဆာဆင်၍ ရေးသားထားလေသည်။ ပုံထဲတွင် ပါဝင်သော တိရစ္ဆာန်များနှင့် ထူးဆန်းသော သတ္တဝါကလေးများမှာ အထူးပင် စိတ်ဝင်စားဖွယ်ကောင်းသဖြင့် ထိုစာအုပ်ကို ကလေးများသာမက လူကြီးများပင် နှစ်ခြိုက်ကြလေသည်။ ဒေါ့ဂျဆန်သည် သင်္ချာဘာသာရပ်ဆိုင်ရာ စာအုပ်များကိုလည်း ရေးသားခဲ့၏။ သို့သော် သူ့အမည်ကျော်ကြားခဲ့သည်မှာ ထိုစာအုပ်ကြောင့် မဟုတ်ဘဲ၊ အထက်ဖေါ်ပြပါပုံပြင်ဝတ္ထုစာအုပ်ကလေး ၂ အုပ်ကြောင့်သာလျှင်ဖြစ်ပေသည်။

လူးဝစ်ကိုယ်တိုင်ဓာတ်ပုံ ရိုက်ကူးခဲ့သော အဲလစ်လစ်ဒဲ

၁၉၃၂ ခုနှစ်တွင် သူ၏ နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်ကို ကမ္ဘာတစ်ဝန်းလုံး တိုင်းပြည် အနှံ့အပြား၌ ကျင်းပခဲ့သည်။ အထူးသဖြင့် အဲလစ်လစ်ဒဲ နေထိုင်လျက်ရှိသော အမေရိကန်ပြည်ထောင်စုတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့လေသည်။[၁] [၂]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း
  2. Wikipedia:Lewis Carroll

-- ၁၀:၀၇၊ ၂၃ ဇွန် ၂၀၁၀ (UTC)