ကောလိပ်
ကောလိပ် (လက်တင်: collegium) သည် ပညာရေးဆိုင်ရာ ဌာန (သို့မဟုတ်) ပညာရေး အဆောက်အအုံ၏ တွဲဖက် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ကောလိပ်ဟူသော အသုံးအနှုန်းမှာ အင်္ဂလိပ်စကားပြော နိုင်ငံများ၌ပင် အသုံးအနှုန်း ကွဲပြားလျက် ရှိသည်။ ကောလိပ်သည် ဌာနစုံ တက္ကသိုလ်နှင့် တွဲဖက်ထားပြီး ဘွဲ့ဒီဂရီပေးနိုင်သော ပညာရေး အဆောက်အအုံ ဖြစ်သည်။ ကောလိပ်သည် တက္ကသိုလ် မရောက်မီ အဆင့် ဘာသာရပ်တန်းခွဲများကို ပို့ချပေးလေ့ရှိသည်။
အထက်တန်းပညာ သင်ကြားပြီးနောက် ဆက်လက်၍ သီးခြားပညာရပ်ကို သင်ကြားရသည့် တက္ကသိုလ်ကျောင်းဖြစ်သည်။ ပညာရပ်အလိုက် ဝိဇ္ဇာပညာတက္ကသိုလ်၊ သိပ္ပံပညာတက္ကသိုလ်၊ သက်ကြီးတက္ကသိုလ်(လုပ်သားကောလိပ်) စသည်ဖြင့် အမျိုးမျိုးရှိသည်။ မြင့်မားသော ပညာ ဆက်လက်ဆည်းပူးရာ တက္ကသိုလ်၏ ကျောင်းခွဲများအား ကောလိပ်ဟူ၍လည်း ခွဲခြားသတ်မှတ်ကြသည်။ ကောလိပ် စုပေါင်းသည် တက္ကသိုလ်(ယူနီဗာစီတီ) ဖြစ်လေသည်။ ကောလိပ်များမှ သင်တန်းဆိုင်ရာ ဘွဲ့ထူးများကို ရယူနိုင်သည်။ ဒေသအလိုက် ကောလိပ်နှင့် တက္ကသိုလ်များလည်း ရှိသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ လှသမိန် (ဧပြီ ၁၉၇၈)။ "ကောလိပ်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ဝစ်ရှင်နရီမှ အဓိပ္ပာယ်ဖွင့်ဆိုချက်များ | |
Commons မှ မီဒီယာများ | |
ဝီကီသတင်းမှ သတင်းများ | |
ဝီကီကိုးကားချက်မှ အဆိုအမိန့်များ | |
ဝီကီရင်းမြစ်မှ ရင်းမြစ်စာသားများ | |
ဝီကီစာအုပ်မှ ပြဋ္ဌာန်းစာအုပ်များ | |
ဝီကီတက္ကသိုလ်မှ လေ့လာနိုင်သော အကိုးအကားများ |