ရှမ်းယူနိုက်တက် ဘောလုံးအသင်း
အသင်းအမည် | ရှမ်းယူနိုက်တက် ဘောလုံးအသင်း |
---|---|
အခြားအမည် | The Shan Warriors |
တည်ထောင်နှစ် | ၂၀၀၃[၁] |
အိမ်ကွင်း | တောင်ကြီး အားကစားကွင်း (လူဝင်ဆံ့မှု: ၇,၀၀၀[၂]) |
ပိုင်ရှင် | ဦးမိုးဆန်းအောင် |
ဥက္ကဋ္ဌ | ဦးမိုးဆန်းအောင် |
မန်နေဂျာ | စိုးမြတ်မင်း |
ကစားသည့်လိဂ် | မြန်မာနေရှင်နယ်လိဂ် |
၂၀၁၅ | ပဉ္စမ |
ဝက်ဘ်ဆိုဒ် | Club home page |
လက်ရှိ ရာသီ | |
ကပ္ပတိန် | ဝင်းမင်းထွဋ် |
ရှမ်းယူနိုက်တက် ဘောလုံးအသင်းသည် တောင်ကြီးမြို့တွင် တည်ရှိသော ဘောလုံးအသင်းတစ်သင်းဖြစ်သည်။ အဆိုပါဘောလုံးအသင်းသည် ၂၀၀၇ ခုနှစ် မြန်မာပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။ ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ်စတင် ကျင်းပစဉ်ကတည်းကပင် ပါဝင်ခဲ့သော အသင်းတစ်သင်းဖြစ်ပြီး ရှမ်းပြည်နယ်ကို ကိုယ်စားပြုသော အသင်းလည်းဖြစ်သည်။ ပထမဆုံးစတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ၂၀၀၉ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် စတုတ္ထနေရာ ရရှိခဲ့သည်။
သမိုင်း
[ပြင်ဆင်ရန်]ရှမ်းယူနိုက်တက် ဘောလုံးအသင်း၏ မူလနာမည်မှာ ကမ္ဘောဇဘောလုံးအသင်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ကာ မြန်မာနိုင်ငံ၏ အမြင့်ဆုံးလိဂ်ဖြစ်သော မြန်မာလိဂ်ပြိုင်ပွဲတွင် အပျော်တမ်းဘောလုံးအသင်း တစ်သင်းအဖြစ်စတင်ဝင်ရောက်ကစားခဲ့သည်။ ပထမဆုံးအသင်း၏ မန်နေဂျာမှာ ဦးမျိုးဝင်းညွန့်ဖြစ်ပြီး နည်းပြမှာ ဦးရဲညွန့်ဖြစ်သည်။ ၂၀၀၉ ခုနှစ်မှစတင်ကာ ပရော်ဖက်ရှင်နယ်ဘောလုံးအသင်းတစ်သင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး မြန်မာလိဂ်ကို အဆင့်မြှင့်တင်ထားသော မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲသို့ စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသင်း ၈ သင်းတွင် ကမ္ဘောဇဘောလုံးအသင်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားပြုပြီး ကျန်အသင်း ၇ သင်းသည်လည်း သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းတို့ကို အသီးသီး ကိုယ်စားပြုနေသည်။
ပရော်ဖက်ရှင်နယ်ဘောလုံးအသင်း၏ ပထမဆုံးမန်နေဂျာမှာ ဦးအေးမောင်ကြီးဖြစ်ပြီး နည်းပြချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်း၏ အသင်းခေါင်းဆောင် စိုးမြတ်မင်းသည် ကမ္ဘောဇဘောလုံးအသင်း၏ ပထမဆုံးအသင်းခေါင်းဆောင်ဖြစ်ပြီး ထိုစဉ်က မြန်မာနေရှင်နယ်လိဂ်တွင် အမြင့်ဆုံးအားကစားကြေးကို ရရှိခဲ့သူလည်း ဖြစ်သည်။
ကမ္ဘောဇအသင်း၏ ပထမဆုံးပြိုင်ပွဲတွင် ဥဿာယူနိုက်တက် ဘောလုံးအသင်းအား ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အသင်း၏ ပထမဆုံးဂိုးကို စထက်နိုင်ဝင်းမှ သွင်းယူခဲ့ခြင်းဖြစ်သည်။ ခံစစ်မှကစားသူ ခင်မောင်လွင်သည်လည်း ကမ္ဘောဇအသင်းအတွက် ၂ ဂိုးသွင်းယူပြီး အဆိုပါပွဲစဉ်၏ အကောင်းဆုံးဘောလုံးသမားဆုအဖြစ် ရရှိခဲ့သည်။
၂၀၁၀ ခုနှစ် ဖေဖော်ဝါရီတွင် ယခင်ဘဏ္ဍာနှင့် အခွန်အသင်းမှ အသင်းမန်နေဂျာဖြစ်သူ ဦးခင်မောင်ကြိုင်သည်လည်း အသင်း၏ စီမံခန့်ခွဲမှုမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ကမ္ဘောဇအသင်းသည် မြန်မာနေရှင်နယ်လိဂ်၏ ဒုတိယရရှိခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ကမ္ဘောဇဘောလုံးအသင်းသည် ၎င်း၏အမည်အား ရှမ်းယူနိုက်တက် ဘောလုံးအသင်းအဖြစ် ပြောင်းလဲခဲ့သည်။
အောင်မြင်မှုများ
[ပြင်ဆင်ရန်]- ၂၀၁၂: ဒုတိယ
- 2017 Myanmar National League Champion
- 2017 General Aungsan Sheild Champion
- 2018 MFF Charity Cup Champion
- 2019 Myanmar National League Champion
- 2020 MFF Charity Cup-Champion
အာရှဘောလုံးအဖွဲ့ချုပ်ဖလားတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှုများ
[ပြင်ဆင်ရန်]အသင်းအုပ်ချုပ်သူများ
[ပြင်ဆင်ရန်]- "President": ဦးမိုးဆန်းအောင်
- CEO: ဦးခွန်နောင်မြင့်ဝေ
- Head Coach: ဦးစိုးမြတ်မင်း
- Coaches: ဦးသန်းထိုက်၊ ဦးအောင်ထွန်းထွန်း၊ ဦးဟန်ထွန်း
- "Technical Coaches":
- Media Officer: ဦးချမ်းမြေ့လှိုင်
Main Sponsor
[ပြင်ဆင်ရန်]၂၀၁၀ ဘောလုံးရာသီ ရလဒ်များ
[ပြင်ဆင်ရန်]- ကမ္ဘောဇ ၀-၀ ရန်ကုန်ယူနိုက်တက်
- ကမ္ဘောဇ ၁-၀ ဒယ်တာယူနိုက်တက်
- ကမ္ဘောဇ ၂-၀ နေပြည်တော်
- ကမ္ဘောဇ ၂-၀ မနောမြေ
- ကမ္ဘောဇ ၂-၀ ဥဿယူနိုက်တက်
- ကမ္ဘောဇ ၂-၃ ဆောက်သန်းမြန်မာယူနိုက်တက်
- ကမ္ဘောဇ ၀-၀ ရတနာပုံ
- ကမ္ဘောဇ ၃-၀ ဇွဲကပင်ယူနိုက်တက်
၂၀၁၁ ဘောလုံးရာသီ ရလဒ်များ
[ပြင်ဆင်ရန်]- မနောမြေ ၁-၁ ကမ္ဘောဇ
- ဇွဲကပင်ယူနိုက်တက် ၀-၄ ကမ္ဘောဇ
- ကမ္ဘောဇ ၁-၀ ရတနာပုံ
- ဇေယျာရွှေမြေ ၄-၁ ကမ္ဘောဇ
- ကမ္ဘောဇ ၃-၀ ရန်ကုန်ယူနိုက်တက်
- ရက္ခပူရယူနိုက်တက် ၀-၁ ကမ္ဘောဇ
- ကမ္ဘောဇ - မကွေး
၂၀၁၄ ဘောလုံးရာသီ ရလဒ်များ
[ပြင်ဆင်ရန်](ပထမအကျော့)
- ကမ္ဘောဇ ၂-၁ နေပြည်တော်
- ကမ္ဘောဇ ၁-၁ ရန်ကုန်ယူနိုက်တက်
- ဧရာဝတီယူနိုက်တက် ၃-၁ ကမ္ဘောဇ
- ကမ္ဘောဇ ၁-၁ ရတနာပုံ
- မကွေး ၃-၁ ကမ္ဘောဇ
- မနောမြေ ၀-၁ ကမ္ဘောဇ
- ကမ္ဘောဇ ၁-၁ ဇွဲကပင်ယူနိုက်တက်
- ဇေယျာရွှေမြေ ၀-၁ ကမ္ဘောဇ
- ဂျီအက်ဖ်အေ ၁-၂ ကမ္ဘောဇ
- ဆောက်သန်းမြန်မာ ၁-၄ ကမ္ဘောဇ
- ချင်းယူနိုက်တက် ၁-၃ ကမ္ဘောဇ
(ဒုတိယအကျော့)
- ရတနာပုံ ၀-၁ ကမ္ဘောဇ
- နေပြည်တော် ၂-၁ ကမ္ဘောဇ
- ကမ္ဘောဇ ၁-၀ မနောမြေ
- ကမ္ဘောဇ ၁-၁ မကွေး
- ကမ္ဘောဇ ၂-၀ ဂျီအက်ဖ်အေ
- ကမ္ဘောဇ ၂-၃ ဧရာဝတီယူနိုက်တက်
- ကမ္ဘောဇ ၂-၀ ဆောက်သန်းမြန်မာ
- ကမ္ဘောဇ ၂-၃ ချင်းယူနိုက်တက်
ကစားသမားများ
[ပြင်ဆင်ရန်]၂၀၁၆ (မြန်မာနေရှင်နယ်လိဂ်)
[ပြင်ဆင်ရန်]Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.
|
|
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- ကမ္ဘောဇဘောလုံးအသင်း
- First Eleven Journal Archived 16 November 2013 at the Wayback Machine.
- Soccer Myanmar Archived 5 September 2015 at the Wayback Machine.
ကိုးကား
[ပြင်ဆင်ရန်]- ↑ About Kanbawza Football Club။ Kanbawza FC။
- ↑ Stadiums in Myanmar။ worldstadiums.com။ 23 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-05-14 တွင် ပြန်စစ်ပြီး။
- ↑ first eleven sport journal and www.soccer myanmar.com