စိုးမြတ်မင်း (ဘောလုံးသမား)

ဝီကီပီးဒီးယား မှ
စိုးမြတ်မင်း
ကိုယ်ရေးအချက်အလက်များ
မွေးသက္ကရာဇ် (1982-05-19) မေ ၁၉၊ ၁၉၈၂ (အသက် ၄၁)[၁]
မွေးရပ်ဇာတိ ရန်ကုန်မြို့မြန်မာနိုင်ငံ
အရပ်အမြင့် ၁.၇၀ m (၅ ft ၇ in)
ကစားသည့်နေရာ တိုက်စစ်မှူး
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ကမ္ဘောဇ (မန်နေဂျာ)
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၉၈–၂၀၀၈ ဘဏ္ဍာနှင့် အခွန်
၂၀၀၈–၂၀၁၀ ကမ္ဘောဇ
နိုင်ငံကိုယ်စားပြုအသင်း
၂၀၀၁–၂၀၀၅ မြန်မာ ယူ-၂၃
၁၉၉၈–၂၀၀၈ မြန်မာ ၁၅၀ (၅၉)
အုပ်ချုပ်ခဲ့သော အသင်းများ
၂၀၁၅– ရှမ်းယူနိုက်တက်

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး ၇ ဒီဇင်ဘာ ၂၀၀၈အထိ ဖြစ်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

စိုးမြတ်မင်း(၁၉ မေလ ၁၉၈၂ ခုနှစ်ဖွား)သည် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း တစ်ဦးဖြစ်သည်။ သူသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကမ္ဘောဇ ဘောလုံးအသင်းတို့အတွက်ကစားခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ မြန်မာအမျိုးသားတွင် ၁၉၉၈ ခုနှစ်မှ စတင်၍ ကစားခဲ့သည်။ ၂၀၀၂ တိုက်ဂါးဖလားတွင် မြန်မာလက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

၂၀၀၄ တိုက်ဂါးဖလားတွင် စိုးမြတ်မင်းသည် အားထားရသော ကစားသမားတစ်ဦးဖြစ်လာပြီး မြန်မာအသင်းအား ဆီးမီးဖိုင်နယ်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထိုပြိုင်ပွဲတလျှောက်တွင် သူသည် ၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယဂိုးအများဆုံးသွင်းနိုင်သူတစ်ဦး ဖြစ်ခဲ့သည်။ [၂]

စိုးမြတ်မင်းသည် ၂၀၀၆ မာဒေကားဖလားတွင်လည်း မြန်မာအသင်းအား ၄ ကြိမ်မြောက်ဗိုလ်စွဲသူ ဖြစ်လာစေရန်အတွက်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ကာ ထိုပြိုင်ပွဲအတွက် တန်ဖိုးကြီးသော အားကစားသမားတစ်ဦး ဖြစ်ခဲ့သည်။ စိုးမြတ်မင်းသည် ၂၀၀၇ အာဆီယံဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲအတွက် လေ့ကျင့်ရေးများ လုပ်ဆောင်နေစဉ်ကာလအတွင်း ဒဏ်ရာရရှိခဲ့ကာ အုပ်စုပွဲများတွင်ပင် ဝင်ရောက်ကစားနိုင်ခြင်း မရှိခဲ့ချေ။ ထိုပြိုင်ပွဲတွင် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်သို့ပင် မရောက်ရှိခဲ့ချေ။ မြန်မာ့ဘောလုံးကြယ်ပွင့်ဖြစ်သော စိုးမြတ်မင်းသည် ၂၀၀၈ အာရှဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ပါဝင်ကစားနိုင်ခဲ့ကာ နီပေါအသင်းအား ဂိုးသွင်းယူခဲ့သည်။ [၃]

စိုးမြတ်မင်းသည် ဂရင်းရွိုင်ရယ် ဖိတ်ခေါ်ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မလေးရှားအသင်းအား ဟက်ဒရစ်သွင်းယူခြင်း[၄][၅]၊ ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းအား ၂-၁ ဖြင့် အနိုင်ရရှိစေခြင်းဖြင့် မြန်မာအသင်းအား ချန်ပီယံဖြစ်စေခဲ့သည်။[၄] သူသည် နိုင်ငံတကာပွဲပေါင်း ၁၅၀ ခန့်ကစားခဲ့ပြီး နိုင်ငံအတွက် ၅၉ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. FIFA profile။ 4 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2016 တွင် ပြန်စစ်ပြီး။
  2. Lewis named Emirates MVP။ 19 January 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2016 တွင် ပြန်စစ်ပြီး။
  3. AFC Report။ 5 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2016 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Challenge Cup: Myanmar Beat Indonesia To Win Final | Goal.com
  5. Challenge Cup: Myanmar Thrash Malaysia | Goal.com