ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း
အသင်းအမည် | ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း |
---|---|
အခြားအမည် | The Shelducks |
တည်ထောင်နှစ် | ၂၀၀၉ |
အိမ်ကွင်း | Grand Royal Stadium (လူဝင်ဆံ့မှု: ၄,၀၀၀) |
ပိုင်ရှင် | ဦးအောင်မိုးကျော်[၁] |
မန်နေဂျာ | ဦးထွန်းထွန်းလင်း |
နည်းပြ | ဦးမျိုးမင်းထွန်း |
ကစားသည့်လိဂ် | မြန်မာ နေရှင်နယ် လိဂ် |
၂၀၁၅ | သတ္တမ |
လက်ရှိ ရာသီ |
ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်းသည် တောင်ငူမြို့တွင် အခြေပြုတည်ထားသော ဘောလုံးအသင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးကို ကိုယ်စားပြုသည့် အသင်းဖြစ်သည်။ ၂၀၀၉ မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲများ စတင်ကျင်းပစဉ်ကတည်းကပင် ပါဝင်ခဲ့သော အသင်းဖြစ်ပြီး ထိုနှစ်ပြိုင်ပွဲတွင် အဆင့် ၆ နေရာတွင် ရပ်တည်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ယခင်အမည် ဥဿယူနိုက်တက်မှ ဟံသာဝတီယူနိုက်တက်သို့ ပြောင်းလဲခဲ့သည်။ ဥဿာယူနိုက်တက် အမည်နှင့်ရှိစဉ်က ၂၀၁၀ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် အသင်းအတွက် အရေးကြီးသော ဖလားတစ်လုံး ရယူနိုင်ခဲ့သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်းသည် မြန်မာနေရှင်နယ်လိဂ်ဖလားပြိုင်ပွဲ စတင်ကျင်းပစဉ်ကတည်းကပင် ဥဿာယူနိုက်တက် ဟူသော အမည်ဖြင့် ပါဝင်ခဲ့သော အသင်းတစ်သင်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးကို ကိုယ်စားပြုပြီး အသင်း၏ပိုင်ရှင်မှာ IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော် ဖြစ်သည်။
၂၀၁၃-၂၀၁၄
[ပြင်ဆင်ရန်]ဟံသာဝတီယူနိုက်တက် အသင်းသည် မြန်မာ နေရှင်နယ် လိဂ် (၂) သို့ အဆင့်လျော့ချ ခံခဲ့ရသည်။ သို့သော် MNL-2 တွင် ဗိုလ်စွဲသောအခါ မြန်မာနေရှင်နယ်လိဂ်သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ဟံသာဝတီအသင်း မြန်မာနေရှင်နယ်လိဂ် (၂) တွင်ရှိစည် ဘမ်ဘမှ ၂၄ ဂိုးသွင်းယူပေးခဲ့သည်။
ဂုဏ်ပြုဆုများ
[ပြင်ဆင်ရန်]- ၂၀၁၀ မြန်မာဘောလုံးအဖွဲ့ချုပ်ဖလား
နည်းပြ
[ပြင်ဆင်ရန်]- မန်နေဂျာ = ဦးထွန်းထွန်းလင်း
- နည်းပြ = ဦးမျိုးမင်းထွန်း
လက်ရှိကစားသမားစာရင်း (၂၀၂၀)
[ပြင်ဆင်ရန်]ဟံသာဝတီအသင်း၏ လက်ရှိ လူစာရင်းမှာ - [၂] Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.
|
|
ကိုးကား
[ပြင်ဆင်ရန်]- ↑ Han Oo Khin (March 9–15, 2009). "New era for football". Archived 15 February 2012 at the Wayback Machine.
- ↑ Player List, MNL Website.