မြန်မာ နေရှင်နယ် လိဂ်
| Organising body | မြန်မာနေရှင်နယ်လိဂ်ကော်မတီ |
|---|---|
| Founded | ၁၆ မေ ၂၀၀၉ |
| First season | ၂၀၀၉ |
| Country | |
| Relegation to | MNL-2 |
| Domestic cup(s) | မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ |
| Website | themnl.com |
မြန်မာနေရှင်နယ်လိဂ် (အင်္ဂလိပ်: Myanmar National League; အတိုကောက် MNL) သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ အတည်ပြု၍ ၂၀၀၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ပရိုစနစ်သုံး ဘောလုံးပြိုင်ပွဲဖြစ်သည်။ ကလပ်အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး မြန်မာနေရှင်နယ်လိဂ်-၂ (MNL-2) နှင့် တန်းတက်၊ တန်းဆင်းစနစ်ဖြင့် လုပ်ဆောင်သည်။ ပြိုင်ပွဲရာသီများကို ပုံမှန်အားဖြင့် ဩဂုတ်လမှ မေလအထိ သတ်မှတ်ထားပြီး အသင်းတစ်သင်းလျှင် ပွဲစဉ်ပေါင်း ၂၂ ပွဲ ယှဉ်ပြိုင်ကစားရသည်။[၁]ပထမဆုံးသော ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်၊ မေလတွင် စတင်ကျင်းပခဲ့ပြီး ရတနာပုံအက်ဖ်စီအသင်းက ပထမဆုံး ဗိုလ်စွဲခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ကို အသင်း ၈ သင်းဖြင့် စတင်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ရာသီတွင် ၁၂ သင်းအထိ တိုးချဲ့ခဲ့သည်။ အစောပိုင်းကာလများ၌ ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းတို့တွင်သာ ကျင်းပခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်မှစတင်၍ အိမ်ကွင်း၊ အဝေးကွင်းစနစ်ကို ကျင့်သုံးကာ နယ်မြို့များသို့ ပျံ့နှံ့စေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တန်းတက်/တန်းဆင်းစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ လိဂ်၏ မူဝါဒအရ အသင်းတိုင်းသည် "ယူ-၁၇" နှင့် "ယူ-၂၀" လူငယ်အသင်းများ မဖြစ်မနေ ဖွဲ့စည်းထားရှိရမည်ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၀၉ ခုနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးကို ကိုယ်စားပြုသော ပရိုကလပ်အသင်း ၈ သင်းဖြင့် မြန်မာပရီမီယာလိဂ်၏ အစားထိုးမှုအဖြစ် ဤလိဂ်ကို စတင်ခဲ့သည်။ [၂]၂၀၀၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ပထမဆုံးအကြိမ် အပြည့်အဝကျင်းပမည့် ပြိုင်ပွဲရာသီအတွက် ပြင်ဆင်မှုအဖြစ် နှစ်လကြာမြင့်သည့် မြန်မာနေရှင်နယ်လိဂ်ဖလား ၂၀၀၉ (Myanmar National League Cup 2009) ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပရန် ရည်မှန်းထားသော်လည်း အခြားဒေသများ၌ လုံလောက်သော အခြေခံအဆောက်အအုံ လိုအပ်ချက်များကြောင့် ၂၀၀၉ ခုနှစ် MNL ဖလားပွဲစဉ်များကို ရန်ကုန်မြို့ရှိ အဓိကအားကစားကွင်းကြီး နှစ်ခု၌သာ ကျင်းပခဲ့ရသည်။ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကျင်းပသည့် MNL ဖလား ဗိုလ်လုပွဲ၌ ရတနာပုံ အက်ဖ်စီက ရန်ကုန်ယူနိုက်တက် အက်ဖ်စီကို အနိုင်ယူပြီး ပထမဆုံးသော MNL ချန်ပီယံ ဖြစ်လာခဲ့သည်။[၃]
၂၀၁၀ ပြည့်နှစ် ပြိုင်ပွဲရာသီတွင် ကလပ်အသင်း ၃ သင်းကို ထပ်မံဖြည့်စွက်ခဲ့ပြီး [၄]၂၀၁၁ ခုနှစ်တွင် နောက်ထပ်အသင်းတစ်သင်း ထပ်မံဝင်ရောက်လာသည့်အတွက် စုစုပေါင်း အသင်း ၁၂ သင်းအထိ ရှိလာခဲ့သည်။[၅] ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ခဲ့သော MNL ပြိုင်ပွဲရာသီ၌ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ကို ကိုယ်စားပြုသော နောက်ထပ်ကလပ်အသင်း နှစ်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။[၆][၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ MNL TO INTRODUCE PROMOTION-RELEGATION SYSTEM BY 2014။ ASEAN Football (7 May 2011)။ 12 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2012 တွင် ပြန်စစ်ပြီး။
- ↑ Han Oo Khin (March 9–15, 2009). "New era for football". The Myanmar Times.
- ↑ Han Oo Khin (March 30 – April 5, 2009). "MFF announces May domestic cup competition". The Myanmar Times.
- ↑ MNL season opens in style။ Myanmar Times (2010)။ 5 October 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 June 2011 တွင် ပြန်စစ်ပြီး။
- ↑ MNL expands ahead of 2011 season launch။ Myanmar Times (January 2011)။ 7 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 June 2011 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၁၂ ပြိုင်ပွဲတွင် ချင်းကိုယ်စားပြု အသင်းတစ်သင်း ပါဝင် ယှဉ်ပြိုင်မည်။ Soccer Myanmar။ 4 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 October 2011 တွင် ပြန်စစ်ပြီး။
- ↑ MNL TO INTRODUCE PROMOTION-RELEGATION SYSTEM BY 2014။ ASEAN Football (7 May 2011)။ 12 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2012 တွင် ပြန်စစ်ပြီး။