မြန်မာ−လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတား
မြန်မာ−လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတား | |
---|---|
ကိုဩဒိနိတ် | 20°52′15″N 100°32′31″E / 20.87078°N 100.54208°Eကိုဩဒိနိတ်: 20°52′15″N 100°32′31″E / 20.87078°N 100.54208°E |
သယ်ဆောင်မှု | နှစ်လမ်းသွားကားလမ်း၊ လူသွားလမ်း |
ဖြတ်သန်းမှု | မဲခေါင်မြစ် |
တည်နေရာ | ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ လာအိုနိုင်ငံ၊ လွန်နသမ်ပြည်နယ်၊ လောင်းခရိုင်၊ ဇင်းကုတ်မြို့နယ် |
အချက်အလက်များ | |
တံတားဒီဇိုင်း | သံမဏိသံဘောင်တံတား |
စုစုပေါင်းအရှည် | ၂၂၆၉.၂၇ ပေ (၆၉၁.၆၇ m) |
အကျယ် | ၈.၅ m (၂၈ ft) လူသွားလမ်း ၁.၂ m (၃ ft ၁၁ in) |
အမြင့် | ၁၀ m (၃၃ ft) |
ခံနိုင်ဝန်အား | ၇၀ တန် |
သမိုင်းကြောင်း | |
စတင်ဆောက်လုပ်ချိန် | ၂၀၁၃ ခု၊ ဖေဖော်ဝါရီလ ၁၆ ရက် |
လုပ်ငန်းပြီးဆုံးချိန် | ၂၅ ဧပြီ ၂၀၁၅ |
ဖွင့်လှစ်သည့်နေ့ | ၉ မေ ၂၀၁၅ |
မြန်မာ−လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတား သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နှင့် လာအို ပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ၊ လွန်နသမ်ပြည်နယ်၊ လောင်းခရိုင်၊ ဇင်းကုတ်မြို့နယ်၊ ကျိုင်းကော့ (Xieng Kok) ရွာ တို့အား ဆက်သွယ်တည်ဆောက်ထားသည့် နယ်စပ်ဖြတ်ကျော် တံတားတစ်စင်းဖြစ်သည်။ ချစ်ကြည်ရေး တံတားကြီးသည် ဗီယက်နမ်နိုင်ငံ ဟိုင်ဖုန်းဆိပ်ကမ်းမှ လာအိုနိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဆက်သွယ်မည့် မြောက်ပိုင်းစီးပွားရေးစင်္ကြန်ပေါ်တွင် တည်ရှိသည့်အတွက် မဟာမဲခေါင်ဒေသခွဲနိုင်ငံများအတွက် အကျိုးစီးပွား ဖြစ်ထွန်းစေမည့် တံတားကြီး တစ်စင်းဖြစ်သည်။ ၂၀၁၃ ခု၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် ပြီးစီးကာ ၂၀၁၅ ခုနှစ် မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာ-လာအို ချစ်ကြည်ရေးတံတား တည်ဆောက်မှုသည် ၂၀၀၃ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာအစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံမှ မြန်မာ-လာအို-ဗီယက်နမ် စင်္ကြန်လမ်း ဖောက်လုပ်ရန် အဆိုပြုခဲ့သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာ-လာအို နှစ်နိုင်ငံ အဖွဲ့များသည် နယ်စပ် တစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး တံတား တည်ဆောက်ရန် တံတားအူကြောင်း (၅)နေရာ လျာထားခဲ့သည်။ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခု မတ်လအတွင်း သွားရောက်ခဲ့သည့် လာအိုနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် လာအိုနိုင်ငံ ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနတို့အကြား ချစ်ကြည်ရေးတံတား တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ လ ၃၀ အပြီးဆောက်ရန် မှန်းထားသော်လည်း ၂၅ လနှင့် ပြီးသည်။ တန် ၇၀ ဝန် ခံနိုင်သည်။ [၂]
တံတားကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခု ဧပြီ ၂၅ ရက်နေ့တွင် ပြီးစီးခဲ့ကာ မြန်မာနှင့် လာအို နှစ်နိုင်ငံသမ္မတကြီးများက ၂၀၁၅ မေ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[၁]
တံတားအချက်အလက်များ
[ပြင်ဆင်ရန်]မြန်မာ-လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတားကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး တံတားအမျိုးအစားမှာ သံမဏိသံဘောင်အမျိုးအစား၊ တံတားအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် ၁ ဒသမ ၂ မီတာ၊ အမြင့် ၁၀ မီတာ၊ တံတားခံနိုင်ဝန် မှာ(၇၅) တန်ဖြစ်ပြီး တံတားအရှည် ၂၂၆၉ ဒသမ ၂၇ပေ ရှိကာ မြန်မာနိုင်ငံမှ အရှည်(၃၆၀)မီတာ တည်ဆောက်ခဲ့ပြီး လာအိုနိုင်ငံမှ အရှည် (၃၃၁ဒသမ၆)မီတာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။[၁]
စဖွင့်ခြင်း
[ပြင်ဆင်ရန်]၂၀၁၅ ခု၊ မေလတွင် တံတားဖွင့်ပွဲ ကျင်းပရာ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် လာအို လာအိုပြည့်သူတော်လှန်ရေးပါတီ အထွေထွေအတွင်းရေးမှူး ခြုံမလီ ဆရာဆုံ (ຈູມມະລີ ໄຊຍະສອນ) တို့ တက်သည်။ မြန်မာ-လာအို သံဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ဖွင့်ခြင်း ဖြစ်၏။
သို့သော် နှစ်နိုင်ငံ အခွန်ဆိုင်ရာကိစ္စများ ညှိမရ၍ ၂၀၁၆ ခုတိုင် အဖြတ်အသွား မရှိခဲ့။ တရုတ်အရှေ့ပိုင်းသို့ ဗီယက်နမ်ရှိ ပင်လယ်ဆိပ်မှ ပို့လျှင် ခရီးတိုသည်။ သို့သော် စာရွက်စာတမ်းကိစ္စ လွယ်ကူသည့် ထိုင်းမှတဆင့် ပို့ခြင်းကိုသာ မြန်မာပို့ကုန်သမားတို့က လုပ်သည်။ ထို့ကြောင့် ထိုတံတားမှာ အကူးအသန်း အနည်းငယ်သာ ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာ-လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်။ ပြန်ကြားရေး ဝန်ကြီးဌာန (၉ မေ ၂၀၁၅)။ ၉ မေ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ wikipedia