မာတိကာသို့ ခုန်သွားရန်

လာအို-မြန်မာ ချစ်ကြည်ရေးတံတား

ဝီကီပီးဒီးယား မှ
လာအို-မြန်မာ ချစ်ကြည်ရေးတံတား
ကိုဩဒိနိတ်20°52′10.51″N 100°32′22.62″E / 20.8695861°N 100.5396167°E / 20.8695861; 100.5396167
သယ်ဆောင်မှုနှစ်လမ်းသွား
ဖြတ်သန်းမှုမဲခေါင်မြစ်
တည်နေရာမြန်မာ : တာချီလိတ်ခရိုင်
လာအို : လောင်းခရိုင်
အချက်အလက်များ
စုစုပေါင်းအရှည်၁.၁၇ km (၃,၈၀၀ ft)
အကျယ်၃.၅ and ၁.၅ m (၁၁ ft ၆ in and ၄ ft ၁၁ in)
သမိုင်းကြောင်း
ဖွင့်လှစ်သည့်နေ့ မေ ၂၀၁၅; ၁၀ နှစ် အကြာက (၂၀၁၅-၀၅-05)

လာအို-မြန်မာ ချစ်ကြည်ရေးတံတား သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နှင့် လာအိုနိုင်ငံ၊ လွန်းနံ့သာ (Luang Namtha) ပြည်နယ်၊ လောင်းပြည်နယ်၊ ကျိုင်းကော့ (Xieng Kok) ရွာကို ချိတ်ရန် မဲခေါင်မြစ်ကို ဖြတ်ထိုးသော တံတားဖြစ်သည်။ []

တည်ဆောက်ဖြစ်ပုံ

[ပြင်ဆင်ရန်]

၂၀၀၃ ခု၊ အောက်တိုဘာလတွင် ရန်ကုန်၌ ကျင်းပသော ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMCES) အစည်းအဝေးတွင် ဗီယက်နမ်က အဆိုသွင်းသည်။ [] ဤတံတား တည်ဆောက်ခြင်းဖြင့် ဗီယက်နမ်ရှိ ဟိုင်ဖုံ (Hai Phong) ပင်လယ်ဆိပ်နှင့် မြန်မာရှိ ကျောက်ဖြူပင်လယ်ဆိပ် တဆက်တည်းဖြစ်ကာ မြန်မာ-လာအို-ဗီယက်နမ်စင်္ကြန် ဖြစ်လာမည် ဖြစ်၏။

တံတားဆိုင်ရာ အချက်အလက်များ

[ပြင်ဆင်ရန်]

၆၉၁.၆ မီတာ ရှည်ပြီး လာအိုဘက် ချဉ်းကပ်လမ်း ၇၅၈ မီတာ၊ မြန်မာဘက် ချဉ်းကပ်လမ်း ၆၁၀ မီတာ ရှိသည်။ ဒေါ်လာ ၂၆ မီလီယံ သုံးခဲ့ပြီး ၂၀၁၃ ခု၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် စဆောက်သည်။ လ ၃၀ အပြီးဆောက်ရန် မှန်းထားသော်လည်း ၂၅ လနှင့် ပြီးသည်။ တန် ၇၀ ဝန် ခံနိုင်သည်။ []

စဖွင့်ခြင်း

[ပြင်ဆင်ရန်]

၂၀၁၅ ခု၊ မေလတွင် တံတားဖွင့်ပွဲ ကျင်းပရာ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် လာအို လာအိုပြည့်သူတော်လှန်ရေးပါတီ အထွေထွေအတွင်းရေးမှူး ခြုံမလီ ဆရာဆုံ (ຈູມມະລີ ໄຊຍະສອນ) တို့ တက်သည်။ [] မြန်မာ-လာအို သံဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ဖွင့်ခြင်း ဖြစ်၏။

သို့သော် နှစ်နိုင်ငံ အခွန်ဆိုင်ရာကိစ္စများ ညှိမရ၍ ၂၀၁၆ ခုတိုင် အဖြတ်အသွား မရှိခဲ့။ [] တရုတ်အရှေ့ပိုင်းသို့ ဗီယက်နမ်ရှိ ပင်လယ်ဆိပ်မှ ပို့လျှင် ခရီးတိုသည်။ သို့သော် စာရွက်စာတမ်းကိစ္စ လွယ်ကူသည့် ထိုင်းမှတဆင့် ပို့ခြင်းကိုသာ မြန်မာပို့ကုန်သမားတို့က လုပ်သည်။ ထို့ကြောင့် ထိုတံတားမှာ အကူးအသန်း အနည်းငယ်သာ ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Yola Verbruggen (5 May 2016) "Nation's Leaders Set for First Foreign Visit to Laos 18 November 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .". Myanmar Times.
  2. 1 2 (12 May 2015) "Laos-Myanmar Friendship Bridge Opens". J&C Services.
  3. (11 May 2015) "Myanmar-Lao Friendship Bridge Opens 18 November 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .". Mizzima.
  4. Chan Mya Htwe (7 Jul 2016) "Border Issues Delay Myanamr-Laos Friendship Bridge Trade 18 November 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .". Myanmar Times.