မြန်မာ−လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတား

ဝီကီပီးဒီးယား မှ
မြန်မာ−လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတား
ကိုဩဒိနိတ် 20°52′15″N 100°32′31″E / 20.87078°N 100.54208°E / 20.87078; 100.54208ကိုဩဒိနိတ်: 20°52′15″N 100°32′31″E / 20.87078°N 100.54208°E / 20.87078; 100.54208
သယ်ဆောင်မှုနှစ်လမ်းသွားကားလမ်း၊ လူသွားလမ်း
ဖြတ်သန်းမှုမဲခေါင်မြစ်
တည်နေရာရှမ်းပြည်နယ်တာချီလိတ်ခရိုင်ကျိုင်းလပ်မြို့
လာအိုနိုင်ငံ၊ လွန်နသမ်ပြည်နယ်၊ လောင်းခရိုင်၊ ဇင်းကုတ်မြို့နယ်
အချက်အလက်များ
တံတားဒီဇိုင်းသံမဏိသံဘောင်တံတား
စုစုပေါင်းအရှည်၂,၂၆၉.၂၇ ft (၆၉၁.၆၇ m)
အကျယ်၈.၅ m (၂၈ ft)
လူသွားလမ်း ၁.၂ m (၃ ft ၁၁ in)
အမြင့်၁၀ m (၃၃ ft)
ခံနိုင်ဝန်အား၇၀ တန်
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်ဖေဖော်ဝါရီ ၂၀၁၃
လုပ်ငန်းပြီးဆုံးချိန်၂၅ ဧပြီ ၂၀၁၅
ဖွင့်လှစ်သည့်နေ့၉ မေ ၂၀၁၅

မြန်မာ−လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတား သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ကျိုင်းလပ်မြို့နှင့် လာအို ပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ၊ လွန်နသမ်ပြည်နယ်၊ လောင်းခရိုင်၊ ဇင်းကုတ်မြို့နယ်တို့အား ဆက်သွယ်တည်ဆောက်ထားသည့် နယ်စပ်ဖြတ်ကျော် တံတားတစ်စင်းဖြစ်သည်။ ချစ်ကြည်ရေး တံတားကြီးသည် ဗီယက်နမ်နိုင်ငံ ဟိုင်ဖုန်းဆိပ်ကမ်းမှ လာအိုနိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဆက်သွယ်မည့် မြောက်ပိုင်းစီးပွားရေးစင်္ကြန်ပေါ်တွင် တည်ရှိသည့်အတွက် မဟာမဲခေါင်ဒေသခွဲနိုင်ငံများအတွက် အကျိုးစီးပွား ဖြစ်ထွန်းစေမည့် တံတားကြီး တစ်စင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် ပြီးစီးကာ ၂၀၁၅ ခုနှစ် မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာ-လာအို ချစ်ကြည်ရေးတံတား တည်ဆောက်မှုသည် ၂၀၀၃ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာအစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံမှ မြန်မာ-လာအို-ဗီယက်နမ် စင်္ကြန်လမ်း ဖောက်လုပ်ရန် အဆိုပြုခဲ့သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာ-လာအို နှစ်နိုင်ငံ အဖွဲ့များသည် နယ်စပ် တစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး တံတား တည်ဆောက်ရန် တံတားအူကြောင်း (၅)နေရာ လျာထားခဲ့သည်။ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခု မတ်လအတွင်း သွားရောက်ခဲ့သည့် လာအိုနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် လာအိုနိုင်ငံ ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနတို့အကြား ချစ်ကြည်ရေးတံတား တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

တံတားကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခု ဧပြီ ၂၅ ရက်နေ့တွင် ပြီးစီးခဲ့ကာ မြန်မာနှင့် လာအို နှစ်နိုင်ငံသမ္မတကြီးများက ၂၀၁၅ မေ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[၁]

တံတားအချက်အလက်များ[ပြင်ဆင်ရန်]

မြန်မာ-လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတားကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး တံတားအမျိုးအစားမှာ သံမဏိသံဘောင်အမျိုးအစား၊ တံတားအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် ၁ ဒသမ ၂ မီတာ၊ အမြင့် ၁၀ မီတာ၊ တံတားခံနိုင်ဝန် မှာ(၇၅) တန်ဖြစ်ပြီး တံတားအရှည် ၂၂၆၉ ဒသမ ၂၇ပေ ရှိကာ မြန်မာနိုင်ငံမှ အရှည်(၃၆၀)မီတာ တည်ဆောက်ခဲ့ပြီး လာအိုနိုင်ငံမှ အရှည် (၃၃၁ဒသမ၆)မီတာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]