မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား
ပုံပန်းသွင်ပြင်
No (1) Thai–Myanmar Friendship Bridge မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား สะพานมิตรภาพไทย-เมียนมา | |
---|---|
ကိုဩဒိနိတ် | 16°41′27″N 98°31′00″E / 16.69083°N 98.51667°Eကိုဩဒိနိတ်: 16°41′27″N 98°31′00″E / 16.69083°N 98.51667°E |
သယ်ဆောင်မှု | လူနှင့် ယာဉ်ငယ် |
ဖြတ်သန်းမှု | သောင်ရင်းမြစ် |
တည်နေရာ | မြဝတီမြို့၊ ကရင်ပြည်နယ် မဲဆောက်မြို့၊ တက်ခ်ပြည်နယ် |
အချက်အလက်များ | |
စုစုပေါင်းအရှည် | ၄၂၀ m (၁,၃၈၀ ft) |
အကျယ် | ၁၃ m (၄၂ ft ၈ in) |
သမိုင်းကြောင်း | |
ဖွင့်လှစ်သည့်နေ့ | ၁၅ ဩဂုတ် ၁၉၉၇ |
မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား (အင်္ဂလိပ်: No (1) Thai - Myanmar Friendship Bridge) သည် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့အား ဆက်သွယ်ရန် သောင်ရင်းမြစ်ပေါ်တွင် ဆောက်လုပ်ထားသော တံတားဖြစ်သည်။ ၁၉၉၇ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၄၂၀မီတာ (၁,၃၈၀ ပေ) ရှည်လျားကာ ၁၃မီတာ (၄၂ပေ ၈လက်မ) ကျယ်ဝန်းသည်။ ဤတံတားသည် AH 1 ပေါ်ရှိ အရေးပါသော တံတားဖြစ်သည်။ ၂၀၁၉ခုနှစ်တွင် အမှတ် (၂)တံတားကို ဖွင့်လှစ်ခဲ့ပြီးနောက် အမှတ် (၁)တံတားအား လူနှင့် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပေးတော့သည်။[၁]