သောင်ရင်းမြစ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သောင်ရင်းမြစ် (ကရင်: သူမွဲကျိ ) သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြားတွင် ဖြတ်သန်းစီးဆင်းသော မြစ်တစ်စင်းဖြစ်သည်။ ထိုင်းအခေါ်အားဖြင့် မူဟ်မြစ် (မိုအိမြစ်)ဟု လူသိများသည်။[၁] သောင်ရင်းမြစ်သည် ထိုင်းနိုင်ငံဖွတ်ဖလခရိုင်မှ မြောက်၊ အနောက်မြောက်အရပ်သို့ ဖြတ်သန်းစီးဆင်းလာပြီး မြန်မာနိုင်ငံဘားအံခရိုင် နှင့် ထိုင်းနိုင်ငံ ဆွတ်မူဟ်ခရိုင်အနီးတွင် သံလွင်မြစ်အတွင်းစီးဝင်သွားသည်။ သောင်ရင်းမြစ်သည် ၃၂၇ ကီလိုမီတာ (၂၀၃ မိုင်) ရှည်လျားပြီး ငါးမျိုးစိတ်များစွာကို လည်းမြင်ရလေ့ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]