ပိုင်အုပ်စိုးအောင်
Paing Oak Soe Aung | |
---|---|
ဇာတိ အမည် | ပိုင်အုပ်စိုးအောင် |
မွေးဖွား | ရန်ကုန်၊ မြန်မာနိုင်ငံ | ၂၉ ဇူလိုင်၊ ၂၀၀၁
နိုင်ငံလူမျိုး | ဗမာ |
ပညာရေး | MLA International School |
အလုပ်အကိုင် | သရုပ်ဆောင်၊ မော်ဒယ် (လူ) |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၁၆–လက်ရှိ |
အရပ် | {၅ ft ၁၀ in (၁.၇၈ m) |
မိဘ(များ) | ထင်အောင် အေးအေးသင်း |
ပိုင်အုပ်စိုးအောင် (အင်္ဂလိပ်: Paing Oak Soe Aung; ၂၀၀၁၊ ဇူလိုင် ၂၉ ရက် မွေးဖွား) သည် မြန်မာ အမျိုးသား သရုပ်ဆောင်၊ မော်ဒယ်တစ်ဦး ဖြစ်သည်။ သူသည် နှလုံးသားနှင့်အနီးဆုံး ရုပ်သံဇာတ်လမ်းတွဲတွင် စည်သူကျော် အဖြစ် အဓိကနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သည်။[၁]
ဘဝအစောပိုင်းနှင့် ပညာရေး
[ပြင်ဆင်ရန်]ပိုင်အုပ်စိုးအောင်ကို ၂၀၀၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ ဇာတိမှာ အောင်ပန်းမြို့ ဖြစ်ပြီး မိဘများရန်ကုန်မြို့သို့ ခရီးထွက်စဉ် မွေးဖွားခဲ့ခြင်းဖြစ်သည်။ မိဘများမှာ ဦးထင်အောင်၊ ဒေါ်အေးအေးသင်း တို့ဖြစ်သည်။ သူသည် တိုင်းရင်းသား ဓနု-မြန်မာ စပ်ဖြစ်ပြီး သူ့ဖခင်မှာ ဓနုလူမျိုးဖြစ်ပြီး မိခင်မှာ မြန်မာလူမျိုးဖြစ်သည်။ မိဘများသည် ရှမ်းပြည်နယ်, အောင်ပန်းမြို့ တွင်နေထိုင်ပြီး စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ကြသည်။ မောင်နှမနှစ်ယောက်ရှိပြီး အငယ်ဆုံးသား ဖြစ်သည်။ သူသည် အထက်တန်းပညာရေးကို MLA International School တွင်တက်ရောက်သင်ကြားခဲ့သည်။[၂]
သက်မွေးမှုလုပ်ငန်း
[ပြင်ဆင်ရန်]ကြော်ငြာမော်ဒယ်
[ပြင်ဆင်ရန်]ပိုင်အုပ်စိုးအောင် သည် ကြော်ငြာမော်ဒယ်အဖြစ် ၂၀၁၆တွင်စတင်လုပ်ကိုင်ခဲ့ပြီး တယ်လီနော်ကြော်ငြာ ပထမဆုံးရိုက်ကူးခဲ့သည်။ ထို့နောက်တွင် မဂ္ဂဇင်းမျက်နှာဖုံးများ အတွက်ဓာတ်ပုံများရိုက်ကူးခဲ့သည်။ သူသည် ကြော်ငြာမော်ဒယ်အဖြစ် ကြော်ငြာပေါင်း၃၀ကျော်ကို ရိုက်ကူးခဲ့ပြီး လက်တာဆွိုင်း ပဲနို့, Oppo, တယ်လီနော, Viho, Zalo နှင့် ပက်စီ., စသည်တို့ပါဝင်သည်။[၁]
သရုပ်ဆောင်
[ပြင်ဆင်ရန်]၂၀၁၈ ခုနှစ် တွင် ပိုင်အုပ်စိုးအောင် သည် သရုပ်ဆောင်တစ်ယောက်ဖြစ်လာသည်။ သူ၏ ပွဲဦးထွက်ဇာတ်လမ်းကို အဓိကနေရာဖြင့် “နှလုံးသားနှင့်အနီးဆုံး” ရုပ်သံဇာတ်လမ်းတွဲတွင် မင်းသမီး နန်းစန္ဒာလှထွန်းနှင့်အတူရိုက်ကူးခဲ့သည်။ အဆိုပါဇာတ်လမ်းသည် မြန်မာပြည်တွင်လူသိများပြီး MRTV-4 ရုပ်သံလိုင်းတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့ တွင်စတင်ထုတ်လွှင့်ခဲ့သည်။[၁][၃]
ပိုင်အုပ်စိုးအောင် သည် တခြားသောဇာတ်ကားများတွင်လည်း ဧည့်သည့် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးသည်။ ယခုလက်ရှိတွင်လည်း ဇာတ်ကားများနှင့် ကြော်ငြာများ ရိုက်ကူးလျက်ရှိသည်။
အရောင်းသံတမန်
[ပြင်ဆင်ရန်]ပိုင်အုပ်စိုးအောင် သည် ကြော်ငြာအစီအစဉ်များဖြင့် လူသိများလာသော မော်ဒယ် ဖြစ်သည်။ သူသည် ပထမဦးစွာ လက်တာဆွိုင်း ပဲနို့ ၏brand မော်ဒယ် အဖြစ် ဇူလိုင် ၂၀၁၇တွင် ခန့်အပ်ခံရသည်။
အောက်တိုဘာ ၂၀၁၇တွင် သူသည် Oppo A7 smartphone ၏အရောင်းသံတမန်အဖြစ်ခန့်အပ်ခံရသည်။[၄]
ရုပ်ရှင်
[ပြင်ဆင်ရန်]ရုပ်သံဇာတ်လမ်းတွဲ
[ပြင်ဆင်ရန်]Year | Title | Role | Notes |
---|---|---|---|
၂၀၁၈ | နှလုံးသားနှင့်အနီးဆုံး | စည်သူကျော် | အဓိကနေရာ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ Chit Poe။ "မျက်နှာက Cute ဖြစ်နေတာကို သဘောမကျတဲ့ ပိုင်အုပ်စိုးအောင်" (in my)၊ The Irrawaddy၊ 27 November 2018။
- ↑ "အနုပညာလောကတည်းကို ဘယ်လိုရောက်ရှိခဲ့တယ်ဆိုတာကို ပြောပြလာတဲ့ ပိုင်အုပ်စိုးအောင်"၊ Trend Myanmar။
- ↑ Wint April။ "ဇာတ်လမ်းတွဲတစ်ခုမှာ အတူတူပါဝင်သရုပ်ဆောင်နေတဲ့ ဟဲဗီးဖြိုးနဲ့ ပိုင်အုပ်စိုးအောင်" (in my)၊ Cele Now၊ 9 April 2018။ 17 December 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 17 December 2018။
- ↑ "Oppo A7 Smartphone မိတ်ဆက်ပွဲမှ ယမင်းမေဦး နဲ့ ပိုင်အုပ်စိုးအောင်"၊ Myanmar Celebrity၊ 24 November 2018။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ပိုင်အုပ်စိုးအောင်