ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း

ဝီကီပီးဒီးယား မှ
ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း (NVTI)
တည်နေရာ
တောင်ခြေမြင်းစခွန့်ကျေးရွာ၊ ညောင်ရွှေမြို့ရှမ်းပြည်နယ်
 မြန်မာ
သတင်းအချက်အလက်
အမျိုးအစားသက်မွေးပညာသင်တန်းကျောင်း
ဖွင့်လှစ်မတ် ၇၊ ၂၀၁၆ (၂၀၁၆-၀၃-၀၇)
ကျောင်းအုပ်ကြီးစိုင်းကျော်ကျော်ခိုင်

ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း (အင်္ဂလိပ်: Nyaungshwe Vocational Training Institute, NVTI) သည် ရှမ်းပြည်နယ် ညောင်ရွှေမြို့ တောင်ခြေမြင်းစခွန့်ရွာအနီးတွင် တည်ရှိသည်။ သိပ္ပံနှင့်_နည်းပညာ_ဝန်ကြီးဌာန လက်အောက်တွင် ရှိပြီးနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနတွင် ဖွင့်လှစ်ထားသော သက်မွေးပညာသင်တန်း ကျောင်းတစ်ကျောင်းဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လွှဲပြောင်းရယူခဲ့သည်။

တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ[ပြင်ဆင်ရန်]

စဉ် အမည် ရာထူး ပညာရေး တာဝန်သက်တမ်း
၁။ ဦးကောင်းမွန်ဦး ကထိက ME (Mechanical) (၁၃.၇.၂၀၁၆)မှ (၁၈.၂.၂၀၁၇)အထိ
၂။ ဦးသာတင်ညွှန့် ဒုတိယ ညွှန်ကြားရေးမှူး ME (Mechanical) (၁၈.၂.၂၀၁၇)မှ (၁၆.၅.၂၀၁၈)အထိ
၃။ ဦးစိုင်းကျော်ကျော်ခိုင် ညွှန်ကြားရေးမှူး ME (Mechanical) (၃၀.၁၂.၂၀၂၀)မှ ယနေအထိ

သင်ကြားပေးနေသော ဘာသာရပ်များ[ပြင်ဆင်ရန်]

ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းသည် အဓိကအားဖြင့် အင်ဂျင်နီယာဆိုင်ရာ နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ဘာသာရပ်များကို အဓိကထား သင်ကြားပေးနေသည်။ အဆိုပါဘာသာရပ်များ ကို လုပ်ငန်းခွင်အခြေအနေတိုင်း သင်ကြားပေးနေပြီး လက်တွေ့ ဦးစားပေးသင်ကြားပေးနေသော သင်တန်းကျောင်း ဖြစ်သည်။

အင်ဂျင်နီယာဆိုင်ရာဘာသာရပ်[ပြင်ဆင်ရန်]

  • Basic Computer Training
  • Basic House Wiring
  • Motorcycle Repairing
  • Single cylinder Diesel Engine Repairing
  • Sewing

ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ဘာသာရပ်[ပြင်ဆင်ရန်]

  • Front Office Operations
  • Housekeeping Operations
  • Restaurant Operations
  • Retail Operations

ကိုးကား[ပြင်ဆင်ရန်]

[၁] }}

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

  1. နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း(English)။။ 9 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 September 2023 တွင် ပြန်စစ်ပြီး။