မာတိကာသို့ ခုန်သွားရန်

ခြင်

ဝီကီပီးဒီးယား မှ
ခြင်
Temporal range: 99–0 Ma
Late Cretaceous (Cenomanian) – Recent
Female Culiseta longiareolata
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
မျိုးစဉ်: Diptera
Superfamily: Culicoidea
မျိုးရင်း: Culicidae
Meigen, 1818 []
မျိုးရင်းခွဲများ
ဇီဝမျိုးစုံမျိုးကွဲ
41 genera

ခြင် (Mosquito) ဆိုသည် စပိန်ဘာသာစကားမှ ဆင်းသက်လာပြီး[] ယင်ကောင်အသေးစားလေးဟု အဓိပ္ပာယ်ရသည်။ ခြင်မျိုးစိတ်ပေါင်း ၃၆၀၀ နီးပါးခန့်ရှိပြီး မျိုးပွားမှု အင်မတန်မှ မြန်လေသည်။ မျိုးပွားဖို့ရန် ထုံးစံအတိုင်း ခြင်မများကသာ တာဝန်ယူရပြီး ခြင်မများကသာ လူသွေးကို စုပ်သည်။ ခြင်ထီးများက ပန်းဝတ်ရည်ကိုသာ စုပ်ယူလေ့ရှိသည်။

အေးဒီးစ်ခြင် (ခေါ်)ပုန်းခြင်ကျား အမကြောင့် သွေးလွန်တုပ်ကွေးရောဂါအနိုဖလိခြင်မကြောင့် ငှက်ဖျားရောဂါအသားဝါရောဂါဘေလုံးကြီးရောဂါများ၊ ကျူးလက်ခြင်မကြောင့် ဆင်ခြေထောက်ရောဂါဂျပန်ဦးနှောက်ရောင်ရောဂါများ ဖြစ်ပွားနိုင်သည်။

.
ခြင်ကျား

ခြင်သွေးစုပ်ပုံ

[ပြင်ဆင်ရန်]

ခြင်မနှင့် ခြင်ထီးတွင် ခြင်ထီးက ပန်းဝတ်ရည်ကိုသာ စုပ်ယူသည်။ ခြင်မကမူ ပန်းဝတ်ရည်ကိုစွမ်းအင်အဖြစ် အသုံးချရန် စုပ်ယူပြီးသွေးကိုမူဥများအကောင်ပေါက်ရန်လိုအပ်သည့်ပရိုတိန်းဓာတ် ရရှိရန် စုပ်ယူသည်။ ခြင်မသည် သွေးကို လူထံမှသာစုပ်ယူခြင်း မဟုတ်ပါ။ ဆင်၊ ကြွက် စသောတိရစ္ဆာန်များမှလည်း စုပ်ယူသည်။ နယူးဂျာစီရှိ ခြင်တစ်မျိုးသည် လိပ်ခွံကိုဖောက်၍ပင် သွေးစုပ်သည်။ အာဖရိကတိုက်ရှိ ခြင်တစ်မျိုးမှာမူပုရွက်ဆိတ်ထံမှ ပျားရည်ကဲ့သို့သော အချိုရည်ကို စုပ်ယူကြသည်။

ခြင်များသွေးစုပ်သည့်အချိန်သည် တစ်ကောင်နှင့် တစ်ကောင် မတူညီကြပေ။ ခြင်အမျိုးအစားပေါင်း (၃၅၀၀) ကျော် ရှိသည့်အနက် အများစုသော ခြင်တို့သည် နေဝင်ချိန်နှင့် ညဘက်တွင် စုပ်ယူကြသည်။ ၎င်းတို့ သည် နေ့ဘက်တွင် အေးမြသောနေရာတွင် ခိုနားကြသည်။ အချို့သောခြင်များ (ဥပမာ - အာရှခြင်ကျား Asian tiger mosquito) သည် နေ့ဘက်တွင် အစာရှာကြသည်။

ခြင်သည် သူသွေးစုပ်မည့် သားကောင်ကိုရှာဖွေရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အောက်တနောလ် (1-octen-3-ol)၊လက်တစ်အက်ဆစ် စသောအောဂဲနစ်ဓာတ်ပေါင်းများ၊ စိုထိုင်းမှု၊ အပူချိန်၊ လှုပ်ရှားမှုတို့ကိုခြေရာခံ၍ ရှာဖွေသည်။ ၎င်းသည် သားကောင်အနီးတွင် တဝီဝီမြည်ကာ ပျံသန်းလျက် ထိုသားကောင်၏ အနံ့၊ ကိုယ်ငွေ့တို့ကိုခံယူကြည့်သည်။ အနံ့နှင့် ကိုယ်ငွေ့ကိုအနီးကပ်လေ့လာပြီး နှစ်သက်မှသာသွေးစုပ်ရန်ပြင် သည်။ သားကောင်၏ ခန္ဓာကိုယ် ဓာတုဖွဲ့စည်းပုံကိုမူတည်ကာဆုံးဖြတ်ခြင်း ဖြစ်သည်။

ခြင်၏စုပ်တံသည် တစ်ချောင်းတည်းမဟုတ်ပေ။ အချောင်း (၆) ချောင်းကိုစုထားခြင်း ဖြစ်သည်။ mandible ဟုခေါ်သောစုပ်တံ နှစ်ခု၊ maxillae ဟုခေါ်သောစုပ်တံ နှစ်ခု၊ အာခံတွင်းနောက်ဘက်စုပ်တံ (hypopharynx) တစ်ခုနှင့် labrum ဟုခေါ်သောစုပ်တံတစ်ခုတို့ဖြစ်သည်။ ရေတံလျှောက်သဏ္ဌာန် အမြှေးပါးအိတ်တစ်ခုကထိုပြွန်တံများအလျားအဆုံးထိလုံခြုံအောင် ဖုံးအုပ်ထားလေသည်။ နောက်ဆုံးတွင် ထိုအမြှေးပါးအိတ်နှင့် ကပ်လျက်ရှိသောညှပ်တစ်ခုကထိုပြွန်ချောင်းခြောက်ခုကိုစု၍ အထုပ်သဖွယ် ဆုပ်ညှပ်ထားသည်။ ဤကိရိယာတို့ဖြင့် ခြင်သည် သွေးစုပ်လေသည်။

ခြင်သည် သွေးစုပ်သောအခါ ၎င်း၏ ပြွန်ချောင်းခြောက်ခုလုံးကိုသားကောင်၏ အသားအတွင်းသို့ ထိုးသွင်းလိုက်၏။ ထိုပြွန်ချောင်းများသည် ဆံချည်မျှင် သွေးကြောများထဲသို့ စိုက်ဝင်သွားသည်။ ထို့နောက် ခြင်သည် တံတွေးပြွန်မှတစ်ဆင့် တံတွေးထွေးချလိုက်သည်။ ထိုတံတွေးသည် သွေးမခဲအောင် ပြုလုပ်ပေးသည်။ သွေးစုပ်ရာတွင် ချောချောမောမောစုပ်ယူနိုင်ရန်လည်းကူညီပေးသည်။ ပြီးနောက် သွေးကို ပြွန်ချောင်းအကြီးမှတဆင့် စုပ်ယူလေသည်။ ခြင်စုပ်ယူသောသွေးသည် အလွန်ပင် နည်းသည်။ ၎င်းသွေး၏ ၁၅ဆ/ ၂၀ဆ မှသာမျက်စဉ်းစုပ်တံမှ ညှစ်ချလိုက်သော မျက်စဉ်းတစ်စက်နှင့် ညီမျှသည်။ သွေးစုပ်ပြီးနောက် ယားယံသော ဝေဒနာကို ခံစားရခြင်းမှာ အရေပြားအောက်တွင် ကျန်ရစ်ခဲ့သော တံတွေးကြောင့် ဖြစ်သည်။

ခြင်မျိုးပွားပုံ

[ပြင်ဆင်ရန်]

ခြင်သည် လိင်ရှိမျိုးပွားနည်း (sexual reproduction) ဖြင့် မျိုးပွားသည်။ ခြင်မသည် သွေးမစုပ်မီ ၎င်း၏ တောင်ပံခတ်သံနှင့် ခြင်ဖိုတစ်ကောင်အား သွေးဆောင်ကာမိတ်လိုက်သည်။ တကြိမ်ဆက်ဆံပြီးရုံနှင့် သက်တမ်းတလျှောက်လုံး ဥဥနိုင်သည်။ မျိုးအောင်ပြီး ဖြစ်လာသော ဥလေးများကို ခြင်မက စိတ်ချရသည့် နေရာတွင် ဥရသည်။ ခြင်မျိုးစိတ်ပေါ်မူတည်ပြီး ခြင်ဥဥသည့် နေရာလည်း ကွဲပြားသွားသည်။ တချို့ခြင်များက ရေဆိုးရေညစ်ကို ကြိုက်သလို တချို့ခြင်များက ရေသန့်မှာမှ အသက်ရှင်ပေါက်ဖွားနိုင်ကြတာပါသည်။ ဥပေါက်ပြီး ချက်ချင်း ခြင် ဖြစ်မလာပါ။ ခြင်အားလုံးသည် ဥ၊ ပိုးလောင်း (larva)၊ ပိုးရုပ်ဖုံး (pupa)၊ အရွယ်ရောက်ခြင်ကောင် (adult or imago) ဟူသော ဘဝအဆင့် လေးဆင့်ကို ဖြတ်ကျော်ရသည်။ ခြင်ဥကြီးထွားဖို့ လူ့သွေးထဲမှ ပရိုတင်းဓာတ်ရဖို့ လိုအပ်၍ ခြင်မများသည် လူသွေးစုပ်ရခြင်း ဖြစ်သည်။

ခြင်ဥအားလုံးသည် ရေလိုအပ်သည်။ ဥမှ အရွယ်ရောက်သည်အထိ ကြာချိန်သည် မျိုးစိတ် (species) အပေါ်မူတည်၍ ကွဲပြားကြသည်။ ထို့ပြင် ပတ်ဝန်းကျင် အပူချိန်ပေါ်တွင်လည်း မူတည်သည်။ အချို့သောမျိုးစိတ်များသည် ဥမှ အရွယ်ရောက် ခြင်ကောင်ဖြစ်သည်အထိ ၅ရက်အတွင်း ဖွံ့ဖြိုးကြသည်။ အပူပိုင်းဒေသရှိ ခြင်အများစုမှာ ရက်၄၀ သို့မဟုတ် ထို့ထက် ပိုကြာသည့် အချိန်အတွင်း ဖွံ့ဖြိုးကြသည်။ မြစ်ရေချောင်းရေတွင် ဥထားသောဥများသည် ရေကျပြီးခြောက်သွေ့သွားသော်လည်းမပျက်စီးပေ။ ငါးနှစ်အထိခံသည်။ ရေပြန်တက်လာလျှင် ထိုဥမှ အကောင်ပေါက်ကြလေသည်။ ထို့ကြောင့် မိုးရာသီတွင် ခြင် အလွန်ပေါခြင်း ဖြစ်သည်။

ကြောက်စရာအကောင်းဆုံး ခြင်

[ပြင်ဆင်ရန်]

အနောဖိလစ်ဟုခေါ်သည့် ငှက်ဖျားရောဂါကို ဖြစ်ပွားစေသော ခြင်သည် ကြောက်စရာအကောင်းဆုံး ခြင်အဖြစ် ကမ္ဘာ့မှတ်တမ်းဂင်းနစ်စာအုပ်ကြီး၌ ဖော်ပြထားသည်။ ထိုခြင်ကြောင့် ကျောက်ခေတ်မှ ယနေ့ခေတ်အထိ လူ ၁၀၀-လျှင် အယောက် ၅၀-ခန့်သည် ငှက်ဖျားရောဂါဖြင့် သေဆုံးနေရသည်။ အာဖရိကရှိ ဆာဟာရဆင်ခြေဖုံး အရပ်ဒေသများတွင်မူ တနှစ်လျှင် ၁.၄ သန်းမှ ၂.၈-သန်းအတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးနေကြသည်။

ယင်းအာဖရိကနိုင်ငံများအတွက် ငှက်ဖျားရောဂါကုသစရိတ်အဖြစ် တနှစ်လျှင် ဒေါ်လာ ၁၂-ဘီလျံဖိုးခန့် သုံးစွဲနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ခြင်သည် လူသားနှင့်တကွ သဘာဝပတ်ဝန်းကျင်အပေါ် ကြီးမားသောသက်ရောက်မှု ရှိသည်။ ခြင်ထီးများသည် ပန်းဝတ်ရည်ကို စုပ်ယူစားသုံးခြင်းဖြင့် အပင်များမျိုးပွားနိုင်အောင် ကူညီသည်။ လူသားတို့အပေါ် ခြင်၏ သက်ရောက်မှုသည်လည်း ကြီးမားသည်။ ခေတ်အဆက်ဆက်ပင် ခြင် များသည် လူများအတွက် သာမန်အနှောင့်အယှက် ဖြစ်စေရုံသာမက သေစေနိုင်သော ရောဂါပိုးများကိုလည်း ကူးစက်ပျံ့နှံ့စေသည်။ ခြင်မှတဆင့် ကူးစက်သောရောဂါများမှာအောက်ပါတို့ ဖြစ်ကြသည်။

  1. အသားဝါရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ အစရှိသောဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ရောဂါများ။ ။ဤ ရောဂါများကိုAedesaegypti ခြင်မျိုးစိတ်ကအဓိကကူးစက်ပြန့်ပွားစေသည်။ သွေးလွန်တုပ်ကွေးရောဂါသည် ကာရေဘီရန်၊ အလယ်အမေရိက၊ တောင်ဘက် အလယ်အာရှတို့တွင် အဖြစ်များသည်။ ထိုရောဂါသည် လူလူချင်းမကူးစက်နိုင်ပေ။ ခြင်မှတဆင့်သာကူးစက်နိုင်သည်။ ပြင်းထန်သောသွေးလွန်တုပ်ကွေးရောဂါသည် အသက်ကိုသေစေနိုင်သည်။ သို့သော် ကောင်းမွန်သောကုသမှုကိုခံယူပါက ၉၉%ကျော်သည် အသက်ရှင်ကြသည်။
  2. ငှက်ဖျားရောဂါ။ ။ Plasmodium ပရိုတိုဇိုးဝါးကြောင့် ဤရောဂါဖြစ်ခြင်းဖြစ်သည်။ ထိုပိုးမွှားကို Anopheles ခြင်မျိုးရင်းက ကူးစက်သည်။
  3. ဆင်ခြေထောက်ရောဂါ။ ။ ဤရောဂါကိုများစွာသော ခြင်မျိုးစိတ်တို့ကကူးစက်ပြန့်ပွားသည်။
  4. West Nile ဗိုင်းရပ်စ်။ ။ဤဗိုင်းရပ်စ်ကိုအမေရိကန်ပြည်ထောင်စု၌သာတွေ့ရလေ့ရှိသည်။
  5. Eastern Equine Enceephalitis ဗိုင်းရပ်စ်။ ။ ၎င်းသည်လည်း အရှေ့ပိုင်းအမေရိကန်ပြည်ထောင်စုတွင် သာတွေ့ရလေ့ရှိသောဗိုင်းရပ်စ် ဖြစ်သည်။
  6. Tularemia ရောဂါ။ ။Francisellatularensis ဘက်တီးရီးယားကြောင့်ဖြစ်သောရောဂါဖြစ်သည်။[][]

ရည်ညွှန်းကိုးကား

[ပြင်ဆင်ရန်]
  1. Harbach, Ralph (November 2, 2008)။ Family Culicidae Meigen, 1818Mosquito Taxonomic Inventory
  2. mosquito။ Real Academia Española။ 24 July 2016 တွင် ပြန်စစ်ပြီး။
  3. Guiress World Records(2007)
  4. သန့်စင်လတ် (ပညာရေး) ၏ ကျန်းမာဝန်းကျင် ကျောင်းတစ်ခွင် ခြင်၊ အမှိုက်ရှင်း၊ ဆေးလိပ်ကင်း။ ကြေးမုံ၊ စက်တင်ဘာ ၂၀