ခရစ်စတယ် ဘွိုက်

ဝီကီပီးဒီးယား မှ
ခရစ်စတယ် ဘွိုက်
မွေးဖွားဆီညာ ကွန်ဒရာချီဗာ
( 1993-04-14) ၁၄ ဧပြီ၊ ၁၉၉၃ (အသက် ၃၁)
မော်စကိုမြို့ရုရှား
နိုင်ငံလူမျိုးရုရှား
လူမျိုးကော့ကေးရှန်း
အလုပ်အကိုင်လိင်အသားပေး ရုပ်ရှင်မင်းသမီ:၊ လိင်အသားပေး ကိုယ်ဟန်ပြမယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၁-လက်ရှိ
အရပ်၅ ပေ ၈ လက်မ
ကိုယ်အလေးချိန်၉၂ ပေါင်

ခရစ္စတယ် ဘွိုက် (အင်္ဂလိပ်: Krystal Boyd၊ အမည်ရင်း ဆီညာ ကွန်ဒရာချီဗာရုရှား: Ксения Кондратьева; ၁၄ ဧပြီ ၁၉၉၃ မွေးဖွား) သည် ရုရှားလူမျိုး လိင်အသားပေးရုပ်ရှင် မင်းသမီးနှင့် ကိုယ်ဟန်ပြမယ်တစ်ဦး ဖြစ်သည်။ အန်ဂျလီကာ ဟူသော သရုပ်ဆောင်အမည်ဖြင့်လည်း ကျော်ကြားသည်။[၁]

သရုပ်ဆောင်ဘဝ[ပြင်ဆင်ရန်]

၂၀၁၁ ခုနှစ်တွင် လိင်အသားပေး ကိုယ်ဟန်ပြမယ်အဖြစ် အသက်မွေးသကဲ့သို့ တစ်ကိုယ်တော်အဖော်အချွတ်ဇာတ်လမ်းများကိုလည်း ကိုယ်တိုက်ရိုက်လွှင့်သည်။ အချိန်တိုအတွင်း နာမည်ရလာကာ ပထမဆုံး လိင်အသားပေးဇာတ်ကားကို အဆိုပါနှစ်တွင်ပင် ဟော်လန်ဗီဒီယိုအနုပညာလုပ်ငန်းနှင့် ရိုက်ကူးခဲ့သည်။[၂] ထို့နောက် ဂျူစီဖျော်ဖြေရေးလုပ်ငန်း [၃]၊ နိဗ္ဗာန်ဘုံရုပ်ရှင်လုပ်ငန်း [၄] တို့နှင့် ဇာတ်ကားများ ထပ်မံရိုက်ကူးသည်။ အဆိုပါဇာတ်ကားအားလုံးမှာ အိန်ဂျလီကာ ဟူသော အမည်နှင့်ပင် ဖြစ်သည်။ ၂၀၁၂ အရောက်တွင် အီဗေးအိန်ဂျယ် အပါအဝင် အခြားစတူဒီယိုများနှင့် ရိုက်ကူးသည်။ ၂၀၁၃ ခုနှစ်သို့ရောက်သော် လီဂယ်ပွန်နို အွန်လိုင်းရုပ်ရှင်လုပ်ငန်းနှင့် စတင်လက်တွဲရာ ယနေ့အထိပင်ဖြစ်သည်။

သရုပ်ဆောင်အမည်ကွဲများ[ပြင်ဆင်ရန်]

၂၀၁၁ ခုနှစ်အစပိုင်းတွင် အမည်ရင်းအပြင် အိန်ဂျယ်အန်ယာ၊ မီဂန်၊ ဗီယာကတ်သရင်းကူရှာအက်ဘီ စသည့်အမည်များကို အသုံးပြုခဲ့သော်လည်း အသုံးအများဆုံးအမည်မှာ အိန်ဂျလီကာ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]