UTC+09:45

ဝီကီပီးဒီးယား မှ

UTC+09:45 ဆိုသည်မှာ UTC time offset ၏ +09:45 အချိန်တွင်ရှိသော အချိန်၏ အမှတ်လက္ခဏာဖြစ်သည်။

UTC+09:45 ကို ဩစတြေးလျနိုင်ငံတွင် Central Western Summer Time (CWST) အဖြစ် အသုံးပြုခဲ့သည်။ ထိုအချိန်ဇုန်ကို အနောက်ဩစတြေးလျပြည်နယ်တွင် နေ့အလင်းရောင်ထိန်းသိမ်းသောအချိန် အသုံးပြုသော နွေရာသီကာလ၌ တောင်ဩစ‌တြေးလျပြည်နယ်နှင့် အနောက်ဩစတြေးလျပြည်နယ်တို့ကို ချိတ်ဆက်ပေးထားသော Eyre Highway လမ်းတလျှောက်ရှိ အမြန်လမ်းစာသောက်ဆိုင်များတွင် အသုံးပြုကြသည်။ သို့ပေမယ့် ဒါဟာ တရားဝင်အသုံးပြုခြင်းတော့ မဟုတ်ခဲ့ပါ။ အစိုးရသည် နယ်ခြားမျဉ်းအစနှင့်အဆုံးများတွင် မည်သည့်အချိန်ဇုန်များကို အသုံးပြုရမည်ကို လမ်းမြေပုံ၌ တိကျစွာ ဖော်ပြထားပြီး ဖြစ်သည်။

ဩစတြေးလျနိုင်ငံတွင် Border Village၊ Caiguna၊ Eucla၊ Madura နှင့် Mundrabilla စသော ဒေသ ၅ ခုတွင် UTC+09:45 အသုံးပြုခဲ့ကြသည်။ ယခုအခါ အနောက်ဩစတြေးလျပြည်နယ်တွင် နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်အသုံးမပြုသောကြောင့် ထိုဒေသတို့တွင် UTC+08:45 အား အသုံးပြုကြသည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]