UTC+01:24

ဝီကီပီးဒီးယား မှ

UTC+01:24 ဆိုသည်မှာ UTC time offset ၏ +01:24 အချိန်တွင်ရှိသော အချိန်၏ အမှတ်လက္ခဏာဖြစ်သည်။ ၎င်းအချိန်ဇုန်သည် ဝါဆောလောင်ဂျီကျူမျဉ်းရှိ ဒေသစံတော်ချိန်ဖြစ်ပြီး ၎င်းစံတော်ချိန်ကို ဝါဆောဒေသစံတော်ချိန်အဖြစ် လူသိများကြသည်။ISO 8601 တွင် ထိုအချိန်ဇုန်အမှတ်အသားကို 2017-04-15T02:41:19+01:24 ဖြင့် ဖော်ပြလေရှိသည်။

၎င်းအချိန်ဇုန်ကို ၁၉ ရာစုအစောပိုင်းကတည်းက ပိုလန်-လစ်သူရေးနီးယား ဓနသဟာယနိုင်ငံ၏ နယ်မြေများတွင် ဘုံစံတော်ချိန်အဖြစ် အသုံးပြုရန် ရည်စူးခဲ့သည်။

၁၉၁၅ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ဝါဆောသည် ဗဟိုဥရောပစံတော်ချိန်ကို ပြောင်းလဲအသုံးပြုခဲ့သည်။ ပိုလန်နိုင်ငံ၏ ကျန်သောအစိတ်အပိုင်းများလည်း အလျင်အမြန်လိုက်လံပြောင်းခဲ့သည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]