အနောက်ဩစတြေးလျပြည်နယ်

ဝီကီပီးဒီးယား မှ

ဩစတြေးလီးယားအနောက်ပိုင်းပြည်နယ်[ပြင်ဆင်ရန်]

ဩစတြေးလီးယားအနောက်ပိုင်းပြည်နယ်သည် ဩစတြေးလီးယားတိုက်၏ သုံးပုံတစ်ပုံနီးပါးမျှရှိ၍ အကြီးဆုံးပြည်နယ်ဖြစ်သည်။ ပြည်နယ် အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၉၇၅၉၂ဝ ရှိပြီးလျှင် လူဦးရေ ၁ဝ၅၉ဝဝဝ (၁၉၇၁) နေထိုင်သည်။ ပင်လယ်ကမ်းရိုး တန်း တစ်လျှောက်ရှိ ကမ်းမြောင်ဒေသအနိမ့်ပိုင်းမှလွဲ၍ ကျန် ပြည်နယ်တစ်ခုလုံးသည် ပျမ်းမျှအမြင့်ပေ ၁၃ဝဝ ရှိသော ကုန်းပြင်မြင့်ဖြစ်သည်။ တောင်ရိုးတောင်တန်းများရှိသည်။ ပြည်နည်အလယ်ပိုင်း ကုန်းတွင်းကျသောဒေသမှာ သဲ ကန်တာရဖြစ်သည်။ မြောက်ဘက်တွင် ဂရိတ် သဲကန်တာရတည်ရှိ၍၊ တောင်ဘက်တွင် ဩစတြေးလီးယား တောင်ပိုင်းပြည်နယ်မှ အနောက်ပိုင်းပြည်နယ်အထိ ကျယ်ပြန့်သော ဂရိတ်ဝိတိုရိယ သဲကန်တာရတည်ရှိလေသည်။

ထင်ရှားသောမြစ်များမှာ ဖစ်ဇရွိုင်မြစ်၊ ဖော်တက်စကျူ မြစ်၊ မာချီဆန်မြစ်နှင့် ဆွမ်းမြစ်တို့ ဖြစ်ကြသည်။ ပြည်နယ်အလယ်ပိုင်းသည် ပူပြင်းခြောက်သွေ့သဖြင့် စိုက်ပျိုးရေးနှင့် တိရစ်ဆာန်မွေးမြူရေးအတွက် မသင့်လျော်ချေ။ ပြည်နယ်အနောက်တောင်ပိုင်းတွင် ရာသီဥတုမျှတ၍ မိုးအသင့် အတင့်ရွာသဖြင့် အသီးအနှံများကို စိုက်ပျိုးကြသည်။ သိုး နွားတို့ကိုလည်းမွေးမြူသည်။

ထင်ရှားသောမြစ်များမှာ ဖစ်ဇရွိုင်မြစ်၊ ဖော်တက်စကျူ မြစ်၊ မာချီဆန်မြစ်နှင့် ဆွမ်းမြစ်တို့ ဖြစ်ကြသည်။ ပြည်နယ်အလယ်ပိုင်းသည် ပူပြင်းခြောက်သွေ့သဖြင့် စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးအတွက် မသင့်လျော်ချေ။ ပြည်နယ်အနောက်တောင်ပိုင်းတွင် ရာသီဥတုမျှတ၍ မိုးအသင့် အတင့်ရွာသဖြင့် အသီးအနှံများကို စိုက်ပျိုးကြသည်။ သိုး နွားတို့ကိုလည်းမွေးမြူသည်။

ရွှေတူးဖော်သည့်လုပ်ငန်းသည် ပြည်နယ်တွင် အကြီး ဆုံးသော စက်မှုလုပ်ငန်းဖြစ်သည်။ ကာလဂူလီ နှင့် ကူလဂါဒီ ရွှေတွင်းများမှာ ထင်ရှားသည်။ ထိုရွှေတွင်းများကို ၁၈၉၃ ခုနှစ် တွင် စတင်တွေ့ရှိခဲ့ကြသည်။ သံ၊ ငွေ၊ သံဖြူ၊ ကျောက်ဂွမ်း၊ စိန်သတ္တုတို့ကိုလည်း တူးဖော်ရရှိသည်။

ပြည်နယ်အနောက်တောင်ပိုင်းသည် မြေဩဇာထက်သန် ၍၊ မိုးအတော်အသင့်ရွာသဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူ ရေးလုပ်ငန်းတို့ကို ထိုဒေသ၌လုပ်ကိုင်ကြသည်။ ဂျုံ၊ မုယော၊ မြင်းစားဂျုံ၊ အာလူးနှင့် ပန်းသီးတို့ကို အကြီးအကျယ် စိုက်ပျိုး သည်။ သိုးနှင့်နွားကို အနောက်တောင်ပိုင်းနှင့် အနောက်မြောက် ပိုင်းဒေသများတွင် မွေးမြူကြသည်။ ပုလဲငုပ်သည့် လုပ်ငန်း သည်လည်း ထင်ရှားသောလုပ်ငန်းဖြစ်သည်။ သစ်တောများမှ သစ်ထုတ်လုပ်ရေး လုပ်ငန်းသည်လည်း ထင်ရှားသောလုပ်ငန်း ဖြစ်သည်။ သစ်တောများမှလည်း အဖိုးတန်သစ်များရရှိသည်။ ဤပြည်နယ်မှ အဓိကထွက်ကုန်များမှာ ဂျုံ၊ ဂျုံမှုန့်၊ သိုးမွေး၊ သစ်၊ အမဲ၊ ထောပတ်နှင့်သစ်သီး၊ ရွှေ၊ ပုလဲနှင့် မုတ်ခွံ တို့ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)