Template:Featured article

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

၁၉၈၇ ဇွန် ၁၀ မှ ၂၉ အထိ တောင်ကိုရီးယားနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော နိုင်ငံလုံးကျွတ် ဒီမိုကရေစီအရေးလှုပ်ရှားမှုဖြစ်သည့် ဇွန် ဆန့်ကျင်လှုပ်ရှားမှု ကို ဇွန် ဒီမိုကရေစီ လှုပ်ရှားမှု နှင့် ဇွန် ဒီမိုကရေစီအုံကြွမှု ဟုလည်း လူသိများသည်။ ရွေးကောက်ပွဲများကျင်းပရန်နှင့် ယနေ့‌ခေတ် တောင်ကိုရီးယားအစိုးရဖြစ်သော ဆဋ္ဌမမြောက်နိုင်ငံတော်ကို ထူထောင်နိုင်ခဲ့သည့် အခြားဒီမိုကရေစီ အသွင်ကူးပြောင်းရေးများကို အကောင်အထည်ဖော်နိုင်ရန် ဆန္ဒပြမှုများဖြင့် တည်ဆဲအစိုးရအား ဖိအားပေးနိုင်ခဲ့သည်။

စစ်တပ်အာဏာရှင် သမ္မတ ချန်ဒူးဝှမ်က ရိုထေဝူးအား နောင်သမ္မတလောင်းအဖြစ် ရွေးချယ်မှုကို ဇွန် ၁၀ ရက်၌ ကြေငြာသည်။ သမ္မတတိုက်ရိုက်ရွေးကောက်တင်မြှောက်နိုင်မည့် တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ရွှေ့ဆိုင်း ကြန့်ကြာစေမည့်လုပ်ရပ်ဖြစ်သော ချွန်၏နေရာဆက်ခံသူအား လူသိရှင်ကြားခန့်အပ်မှုသည် အန္တိမစော်ကားမှုတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ ကျောင်းသားများနှင့် အခြားအဖွဲ့များ၏ ဆန္ဒပြပွဲများကြောင့် အာဏာပိုင်များအပေါ် ဖိအား တိုးလာသည်မှာ အချိန်အတန်ကြာခဲ့ပြီဟု ဆိုသော်ငြားလည်း ကြေငြာချက်ကြောင့် ကြီးမားပြင်းထန်သော ကန့်ကွက်ပွဲများ အစပျိုးသွားခဲ့သည်။


ဆက်လက်ဖတ်ရှုရန် ...