Running Man

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Running Man
Running Man members posing for the poster in July 2021
Running Man poster as of July 2021
အမျိုးအစား
ဖန်တီးသူ
  • Cho Hyo-jin
  • Kim Joo-hyung
  • Im Hyung-taek
ဒါရိုက်တာChoi Bo-pil
သရုပ်ဆောင်
နိုင်ငံSouth Korea
ဘာသာစကားKorean
အပိုင်းပေါင်းတမ်းပလိတ်:Episode counter (အပိုင်းများ စာရင်း)
ထုတ်လုပ်မှု
Camera setupMulti-camera setup
ပြသချိန်80–95 minutes
ထုတ်လုပ်သည့် ကုမ္ပဏီ
ဖြန့်ချိသူ
  • SangSang Company
  • Urban Works Media
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်း
ရုပ်ပုံအမျိုးအစားHDTV 1080i
အသံထွက်အမျိုးအစား
မူလပြသမှုဇူလိုင် ၁၁၊ ၂၀၁၀ (၂၀၁၀-၀၇-၁၁) – present
ဇာတ်လမ်းတွဲစဉ်
ဆက်စပ်မှုများ
ပြင်ပလင့်(ခ်)များ
ဝက်ဘ်ဆိုဒ်

Running Man (ဟန်းဂု: 런닝맨) သည် တောင်ကိုရီးယား SBS ရုပ်သံလိုင်း၏ တနင်္ဂနွေနေ့ ရသစုံရုပ်သံအစီအစဉ်တစ်ခုဖြစ်သည်။[၁] ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၁၁တွင် စတင်ထုတ်လွှင့်သည်။[၂]

Running Man သည် မူလက မြို့ပြပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် မြို့ပြရသစုံအစီအစဉ်အဖြစ် စတင်ခဲ့သည်။[၃] အဖွဲ့ဝင်များနှင့် ဧည့်သည်သရုပ်ဆောင်များက မြို့ပြအထိမ်းအမှတ် အဆောက်အအုံနေရာများတွင် မစ်ရှင်များကို ပြီးမြောက်အောင် ဆောင်ရွက်ကြရခြင်းဖြစ်သည်။[၄] နောက်ပိုင်းတွင် ဦးနှောက်သုံးပြီး ဆော့ကစားရသည့် ဂိမ်းများဖြင့် လက်တွေ့ရသစုံသဘော ဆောင်လာခဲ့သည်။

Running Man အစီအစဉ်သည် အာရှတစ်လွှား လူကြိုက်များလာကာ၊ အင်္ဂလိပ်၊ ပါရှင်း၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ အီတာလျံ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ မလေး၊ အင်ဒိုနီးရှား၊ ဗမာ၊ အာရဗီ၊ ရုရှား၊ တူရကီ စသည်ဖြင့် ဘာသာစကားအမျိုးမျိုးဖြင့် ဘာသာပြန်ကာ ကြည့်ရှုကြပြီး ဟာလျူ အွန်လိုင်းဖန်များအကြား ရေပန်းစားသည်။[၅][၆]

၂၀၁၆ခုနှစ်အတွက် Business Insider ၏ အစီအစဉ်၂၀ စာရင်း ဝင်ခဲ့သည်။[၇]

၂၀၁၇ ဧပြီလကစ၍ KBS 2 က စူပါမင်းပြန်လာပြီ အစီအစဉ်နှင့် အမ်ဘီစီက မျက်နှာဖုံးအဆိုဘုရင် အစီအစဉ်တို့နှင့်အပြိုင် SBS မှ ကိုရီးယားစံတော်ချိန် ညနေ ၄:၅၀တွင် တနင်္ဂနွေအစီအစဉ် ပထမပိုင်းအဖြစ် ထုတ်လွှင့်ပြသလျက်ရှိသည်။[၈] ယခင်က KBS 2 ၏ တစ်ညအိပ်နှစ်ရက် အစီအစဉ်နှင့်အပြိုင် အက်စ်ဘီအက်စ်က ကိုရီးယားစံတော်ချိန် ညနေ ၆:၂၅တွင် တနင်္ဂနွေအစီအစဉ် ဒုတိယပိုင်းအဖြစ် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၂ရက်နေ့က ဆယ်နှစ်ပြည့် အထူးအပိုင်း ထုတ်လွှင့်ခဲ့ပြီးဖြစ်သည်။[၉]

ကိုးကား[ပြင်ဆင်ရန်]

  1. Herald၊ The Korea (2020-07-12)။ A decade of celebs chasing each other (in en)။ January 31, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-01-26 တွင် ပြန်စစ်ပြီး။
  2. 런닝맨 (in ko)။ February 2, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-01-26 တွင် ပြန်စစ်ပြီး။
  3. "SBS '일요일이 좋다' 유재석 새 코너 '런닝맨' 출격" (in ko)၊ Nocut News၊ June 25, 2010။ 
  4. "မော်ကွန်းတင်ပြီးမိတ္တူ" (in ko)၊ TV Daily၊ June 25, 2010။ 24 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 27 January 2014။ 
  5. Cheung၊ Gloria။ "China Fans Volunteer to Subtitle Content for Internet Auds — Pirated or Not" (in en)၊ Variety၊ August 21, 2015။ 
  6. Suzira၊ Erny။ ""Running Man" cast to go on their very last Asia tour" (in en)၊ thehive.asia၊ January 19, 2017။ 24 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 2 February 2017။ 
  7. "Data reveals the 20 most popular TV shows of 2016" (in en)၊ Business Insider UK၊ December 30, 2016။ 
  8. Template error: argument title is required. 
  9. "Running Man" Cast Celebrates 10th Anniversary By Solving Mystery Live On Air With Viewers (July 12, 2020)။ February 2, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-01-26 တွင် ပြန်စစ်ပြီး။