ဆုန်းဂျီဟို

ဝီကီပီးဒီးယား မှ
ဆုန်းဂျီဟို
မွေးဖွား (1981-08-15) ဩဂုတ် ၁၅၊ ၁၉၈၁ (အသက် ၄၂)
Pohang, North Gyeongsang Province, South Korea
မိခင်ကျောင်းKyungmoon University (now Kookje University
(Tax Accounting)
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၁-လက်ရှိ
ကိုယ်စားလှယ်Creative Group ING
ဆုန်းဂျီဟို
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်송지효
ဟန်ဂျာ宋智孝
RRအက္ခရာဖလှယ်ခြင်း:Song Ji-hyo
MRအက္ခရာဖလှယ်ခြင်း:Song Chihyo  
လက်မှတ်

ဆုန်းဂျီဟိုဟု အများကသိကြသည့် ချွန်းဆူယွန်း (၁၅ ဩဂုတ် ၁၉၈၁ မွေး)သည် တောင်ကိုရီးယား အမျိုးသမီး သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ Running Man အစီအစဉ်၏ ပင်တိုင်အဖွဲ့ဝင်ဖြစ်သဖြင့် နိုင်ငံတကာအထိ နာမည်ကျော်သည်။

အစောပိုင်းကာလ[ပြင်ဆင်ရန်]

ဆုန်းဂျီဟိုကို ၁၉၈၁ခုနှစ် ဩဂုတ်လ ၁၅တွင် မြောက်ဂယောင်းဆန်းပြည်နယ်ဖိုဟန်မြို့၌ မွေးဖွားသည်။ မွေးစဉ်က မှည့်သောနာမည်မှာ ချွန်းဆောင်အင်ဖြစ်သည်။ မိခင်မှာ တောင်ကိုရီးယား ကိုယ်စားပြု ရေကူးကစားသမား ဖြစ်သည်။ ညီမတစ်ယောက်၊ မောင်တစ်ယောက် ရှိသည်။ မောင်ဖြစ်သူ ချွန်းဆောင်မွန်းသည်လည်း သရုပ်ဆောင်ဖြစ်သည်။ ၁၉၉၈ အထက်တန်းကျောင်းသူအရွယ်က ဘတ်ရှင်းယန်၏ ကတိဇာတ်ကား ကြည့်မိရာကစ၍ သရုပ်ဆောင်ဖြစ်ရန် စိတ်ကူးရှိခဲ့သည်။ ဂယောင်းမွန်းတက္ကသိုလ် (ယခု ဂုဂျဲတက္ကသိုလ်)မှ အခွန်စာရင်းပညာဘွဲ့ရသည်။ အနုပညာလောကသို့ မဝင်ရောက်မီ ကဖေးတစ်ခုတွင် အချိန်ပိုင်းအလုပ် လုပ်ကိုင်ခဲ့သည်။[၁]

အနုပညာခရီး[ပြင်ဆင်ရန်]

၂၀၀၂-၂၀၀၅၊ အစ[ပြင်ဆင်ရန်]

ဆုန်းဂျီဟိုသည် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ် ပွဲဦးမထွက်မီ၊ ကိကိမဂ္ဂဇင်းတွင် မော်ဒယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ(၂၀၀၀) ဇာတ်ကားမှ သရုပ်ဆောင် ဆုန်းဆွန်းဟွန်းနှင့် ဆုန်းဟျဲဂယိုတို့ နာမည်ကိုယူ၍ အနုပညာနာမည်ကို ဆုန်းဂျီဟိုဟု အမည်ပေးရန် စိတ်ကူးရခဲ့သည်။ ထို့နောက် လီဆူယောင်း၏ ပြီးတော့မင်းကိုချစ်တယ်နှင့် JTL၏ နှုတ်ဆက်စကားသာဆိုပါတို့တွင် တေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။[၂] အင်နိုးဆန့်တို့ခေတ် အစီအစဉ်တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။

လူရွေးပွဲတွင် လူပေါင်း၃၀၀၀ကို ကျော်ဖြတ်ကာ၊ ဆုတောင်းခြင်းလှေကားထစ်များရုပ်ရှင်နှင့် တီးတိုးကော်ရစ်ဒါဇာတ်လမ်းတွဲတို့၌ သရုပ်ဆောင်အဖြစ် ပါဝင်၍ ၂၀၀၃ခုနှစ်တွင် ရုပ်ရှင်ပွဲဦးထွက်ခဲ့သည်။[၃] ၂၄ကြိမ်မြောက် နဂါးပြာရုပ်ရှင်ဆုပေးပွဲတွင် မျက်နှာသစ် အမျိုးသမီးသရုပ်ဆောင်ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သည်။ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်း အချို့(၂၀၀၄)တွင် သတင်းထောက်အဖြစ် သရုပ်ဆောင်ခဲ့သည်။[၄]

၂၀၀၆-၂၀၀၉၊ လူကြိုက်များလာခြင်း[ပြင်ဆင်ရန်]

၂၀၀၆ခုနှစ်၌ မင်းသမီးတာဝန်ချိန်အစီအစဉ်တွင် ဘဲလေးအကမယ်အဖြစ် သရုပ်ဆောင်၍ ရုပ်သံပွဲဦးထွက်ခဲ့သည်။[၅][၆] ထိုအစီအစဉ်သည် ကိုရီးယားလှိုင်းနှင့်အတူ အာရှတစ်လွှား ပျံ့နှံ့သွားသည်။ ထိုနှစ်၌ပင် ရာဇဝင်ထဲက ဂျူမုံ(၂၀၀၆) ဇာတ်လမ်းတွဲတွင် ယယ်ဆိုယာအဖြစ် သရုပ်ဆောင်ခဲ့သည်။[၇] ၎င်းသည် ၂၀၀၆ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့သော တောင်ကိုရီးယားဇာတ်ကားများအနက် ကြည့်ရှုသူအရေအတွက် အများဆုံးနှင့် စီးပွားရေးအရ အအောင်မြင်ဆုံး ဖြစ်ခဲ့သည်။ ဆုန်းဂျီဟိုသည်လည်း ထိုဇာတ်ကားမှတစ်ဆင့် လူကြိုက်များလာကာ ၄၃ကြိမ်မြောက် ဘဲ့ဆန်းအနုပညာဆုပေးပွဲတွင် ရုပ်သံမျက်နှာသစ်သရုပ်ဆောင်ဆု ဆန်ခါတင်စာရင်းဝင်ခဲ့သည်။[၈]

နောက်တစ်နှစ်၌ Sex Is Zero 2 (၂၀၀၇) ဟာသရုပ်ရှင်တွင် ရေကူးချန်ပီယံတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့သည်။[၉] ၁၁ နိုဝင်ဘာ ၂၀၀၇မှ ၄ မေ ၂၀၀၈အထိ အက်စ်ဘီအက်စ်အင်းဂီဂါယိုဂီတအစီအစဉ်တွင် စူပါဂျူနီယာက ဟီးချောလ်နှင့်အတူ တွဲဖက်အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့သေးသည်။[၁၀] ၎င်းနောက် ဂျိုအင်ဆောင်၊ ဂျိုဂျင်းမိုတို့နှင့်တွဲဖက်၍ အေးစက်သွားသောပန်းပွင့်(၂၀၀၈)ရုပ်ရှင်တွင် မိဖုရားနေရာက ပါဝင်သရုပ်ဆောင်ခဲ့သည်။ အဆိုပါရုပ်ရှင်သည်လည်း ၂၀၀၈ခုနှစ်၏ ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်ခဲ့ပြီး၊ ဆုန်းဂျီဟိုကို ပို၍ နာမည်ကြီးလာစေခဲ့သည်။

၂၀၁၀-လက်ရှိ၊ ပြည်ပထိထိုးဖောက်ခြင်း[ပြင်ဆင်ရန်]

ဆုန်းဂျီဟိုသည် ၂၀၁၀မှစ၍ ရသစုံအစီအစဉ်တစ်ခုဖြစ်သည့် Running Manတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ အင်းဂီဂါယိုကတည်းက အလုပ်အတူလုပ်ခဲ့ကြသည့် မြော့ပီဒီ ခေါ် ပီဒီ ဂင်ဂျူယောင်းက အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ Running Man အပိုင်း (၂)မှ (၅)အထိ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး၊ အပိုင်း(၆)မှစကာ ပင်တိုင်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။[၁၁]

၂၀၁၁ခုနှစ် မှုခင်းအဖွဲ့ဇာတ်လမ်းတွဲ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဆုန်းဂျီဟို

နာမူသရုပ်ဆောင်ကုမ္ပဏီနှင့် လမ်းခွဲကာ၊ ၂၀၁၁ခုနှစ် အစောပိုင်းတွင် ဆီဂျက်စ်အင်တာတိန်းမန့်နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး၊ အချိန်လွန်မှ သီးပွင့်ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၁၂] ဂျူမုံမင်းသား ဆုန်းအီးဂုနှင့်အတူ မှုခင်းအဖွဲ့(၂၀၁၁) ဇာတ်လမ်းတွဲတွင် ပြန်လည်တွဲဖက်သရုပ်ဆောင်ခဲ့သည်။[၁၃] ထိုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ရာဇဝင်ဇာတ်လမ်းတွဲ ဂယဲဘဲ့(၂၀၁၁)၌ ဝီဂျာဘုရင်၏ မိဖုရားအဖြစ် သရုပ်ဆောင်ခဲ့သည်။[၁၄] ထိုနှစ် နိုဝင်ဘာလတွင် ကုမ္ပဏီတူ JYJ အဖွဲ့နှင့်အတူ ပညာရေးဝန်ကြီးဌာန၏ ကြော်ငြာသံတမန်အဖြစ် ခန့်အပ်ခြင်းခံရသည်။[၁၅] JYJ အဖွဲ့မှ ဂင်ဂျယ်ဂျွန်းနှင့်အတူ အမည်ဝှက်၊ ခွေးအ(၂၀၁၂)ရုပ်ရှင်တွင် တွဲဖက်သရုပ်ဆောင်ခဲ့သည်။[၁၆]

နောက်တစ်နှစ်တွင် ရေတပ်ရဲသားမာကို(၂၀၁၂) ကာတွန်းရုပ်ရှင်တွင် Running Manအဖွဲ့ဝင် လီဂွမ်ဆူနှင့်အတူ အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ကာ၊ ဘတ်ဟွန်းဂျောင်၏ ကမ္ဘာသစ်(၂၀၁၃)ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၁၇][၁၈] ဂျိုဆွန်းက ဝရမ်းပြေး(၂၀၁၃) ဇာတ်လမ်းတွဲတွင်လည်း လီဒုံဝုနှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။[၁၉]

အရေးပေါ်ချစ်သူ(၂၀၁၄) ဇာတ်လမ်းတွဲတွင် ချွဲဂျင်းဟျော့နှင့်အတူ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၂၀] အမေရိကန် အမျိုးသားဘတ်စကတ်ဘောအသင်း (NBA)နှင့် ပူးတွဲ၍ NBA X ဆုန်းဂျီဟို အစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့သေးသည်။[၂၁] ၂၀၁၅ခုနှစ်တွင် ရည်စားဟောင်းများကလပ် ဇာတ်လမ်းတွဲကို ဗြောန်းယိုဟန်နှင့်အတူ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့သည်။[၂၂] ထိုင်ဝမ် အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် ကိန်ကျိဝူ၏ သိပ်ချစ်ဖို့ကောင်းတယ် တေးသရုပ်ဖော်ဇာတ်လမ်းတွင်လည်း ပါဝင်ခဲ့သေးသည်။[၂၃] ငါတို့လက်ထပ်ပြီးပြီအမည်ရ ကိုရီးယားအစီအစဉ်ပုံစံမျိုး တရုတ်ကပြန်ရိုက်သည့် ချစ်မိနေပါပြီအစီအစဉ်တွင် ၂၀၁၆ခုနှစ်က ထိုင်ဝမ်သရုပ်ဆောင် ချိန်ပေါ်လင်နှင့်အတူ ပါဝင်ခဲ့သည်။[၂၄] ၇၀၈၀၉၀ တရုတ်ရုပ်ရှင်တွင် ကိန်ကျိဝူနှင့် တွဲဖက်၍လည်းကောင်း၊ စူပါမှန်လုံကား တရုတ်ရုပ်ရှင်တွင်လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့သည်။[၂၅][၂၆] ထို့နောက် ဂျပန်ဇာတ်လမ်းတွဲ ချစ်ဖို့နားထောင်ကို ကိုရီးယားကပြန်ရိုက်သည့် ရုပ်သံဇာတ်လမ်းတွဲတွင် လီဆွန်းဂယောင်းနှင့် တွဲဖက်၍ ရုပ်သံလောကသို့ ပြန်လည်ဝင်ရောက်လာသည်။[၂၇] ဒီဇင်ဘာလတွင် ဆီဂျက်စ်အင်တာတိန်းမန့်နှင့် စာချုပ်သက်တမ်းပြည့်သဖြင့် My Company နှင့် စာချုပ်ချုပ်ဆိုသည်။[၂၈][၂၉][၃၀]

၁၈ ဇန်နဝါရီ ၂၀၁၇က ဆုန်းဂျီဟို

၂၀၁၇ခုနှစ်တွင် ဆုန်းဂျီဟိုသည် ဂုံမြောင်နှင့်အတူ ဆုန်းဂျီဟိုရဲ့အလှအပအမြင်အမည်ရ အလှအပရေးရာ အစီအစဉ်ကို တင်ဆက်ခဲ့သည်။[၃၁] ထို့နောက် ၂၉ဂရမ် ဝဘ်ဇာတ်လမ်းတွဲတွင်လည်းကောင်း၊[၃၂] ဂျိုဝူဂျင်းနှင့်အတူ တစ်ခန်းရပ်ဒရာမာ ခေါင်းဆောင်ဘီနှင့် ရည်းစားစာတွင် လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့သည်။[၃၃] ၂၀၁၇ ဒီဇင်ဘာတွင် ကိုယ်ပိုင်ရသစုံအစီအစဉ် ကျမ မမဂျီဟိုကို ကိုယ်တိုင် ထုတ်လုပ်ခဲ့သည်။[၃၄]

၂၀၁၈ခုနှစ်တွင် အချစ်ဟာသရုပ်ရှင် ပုရိသတို့ အလိုရှိသည်မှာတွင် လီဆောင်းမင်း၊ ရှင်းဟာဂယောင်း၊ လီအယ်လ်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။[၃၅] အလှအပရေးရာ အစီအစဉ်တစ်ခုဖြစ်သည့် ဆုန်းဂျီဟိုရဲ့ လှပသောဘဝနှင့် ရသစုံအစီအစဉ် ပဂျားမားဖရင့်တို့တွင်လည်း ပါဝင်ခဲ့သည်။[၃၆] ဩဂုတ်လ၌ ဘတ်ရှီဟူနှင့်အတူ ချစ်ချစ်ကြောက်ကြောက် ရုပ်ရှင်တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။[၃၇][၃၈] ထို့နောက် မာဒုံဆော့နှင့်အတူ မရပ်တန့်နိုင် အက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်တွင် ပါဝင်ခဲ့သည်။[၃၉]

၂၀၁၉ခုနှစ်တွင် လျှို့ဝှက်သည်းဖိုရုပ်ရှင် အင်ထရူးဒါးတွင် ဂန်မူယောလ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်။[၄၀] စက်တင်ဘာတွင် My Company နှင့် စာချုပ်သက်တမ်းပြည့်သဖြင့် အောက်တိုဘာတွင် Creative Group ING နှင့် စာချုပ်ချုပ်ဆိုသည်။[၄၁] နိုဝင်ဘာလတွင် ရိုက်ကူးကာ ၂၀၂၀ ဇူလိုင်တွင် ထုတ်လွှင့်ပြသခဲ့သည့် ဂျေတီဘီစီ ဒရာမာ ဒါအချစ်လားတွင် ဂင်မင်းဂျွန်း၊ ဆွန်းဟိုဂျွန်း၊ ဆုန်းဂျုံးဟို၊ ဂူဂျာဆောင်းတို့နှင့်အတူ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၄၂][၄၃]

ကိုယ်ပိုင်ဘဝ[ပြင်ဆင်ရန်]

၂၀၁၇ မေလက ထုတ်လွှင့်ပြသခဲ့သည့် Running Man အပိုင်းတစ်ခုတွင် ယနေ့အများက အသိအမှတ်ပြုကြသဖြင့် မွေးနာမည်ကို ချွန်းဆောင်အင်မှ ချွန်းဆူယွန်းသို့ ပြောင်းခဲ့ကြောင်း ဖွင့်ဟဖူးသည်။[၄၄][၄၅]

ရုပ်ရှင်[ပြင်ဆင်ရန်]

ခုနှစ် ခေါင်းစဉ် ဇာတ်ကောင် မှတ်ချက်
၂၀၀၃ ဆုတောင်းခြင်း လှေကားထစ်များ ယွန်းဂျင်းဆောင်း
၂၀၀၄ အချို့ ဆောယူဂျင်း
၂၀၀၇ Sex Is Zero 2 လီဂယောင်းအာ
၂၀၀၈ အေးစက်သွားသောပန်းပွင့် မိဖုရား
၂၀၁၁ အချိနိလွန်မှ သီးပွင့် ဂင်ယွန်းအာ
၂၀၁၂ အမည်ဝှက်၊ ခွေးအ ဘုံးမင်ဂျောင်း
၂၀၁၃ ရေတပ်ရဲသားမာကို လူလူ ကိုရီးယားဘာသာ အသံသရုပ်ဆောင်
ကမ္ဘာသစ် လီရှင်းဝူ
၂၀၁၆ ၇၀၈၀၉၀ တွမ်းယူရုံ တရုတ်ရုပ်ရှင်
စူပါမှန်လုံကား မက်ဂီ / မေးရှီ
၂၀၁၈ ပုရိသတို့ အလိုရှိသည်မှာ မီယောင်း
မရပ်တန့်နိုင် ဂျီဆူ
၂၀၂၀ အင်ထရူးဒါး ယူဂျင်း

ရုပ်သံဇာတ်လမ်းတွဲ[ပြင်ဆင်ရန်]

ခုနှစ် ခေါင်းစဉ် ဇာတ်ဆောင် ရုပ်သံလွှင့်ဌာန မှတ်ချက်
၂၀၀၂ အင်နိုးဆန့်တို့ခေတ် မင်ဂျောင်း အက်စ်ဘီအက်စ် ဧည့်သည်သရုပ်ဆောင်၊ အပိုင်း ၁၆
၂၀၀၆ မင်းသမီးတာဝန်ချိန် မင်ဟျိုလင် အမ်ဘီစီ
ရာဇဝင်ထဲက ဂျူမုံ ယယ်ဆိုယာ
၂၀၁၁ ဒုက္ခရောက်စုံထောက်များ ဂျိုမင်ဂျူ ကေဘီအက်စ်၂
ဂယဲဘဲ့ အွန်းဂို အမ်ဘီစီ
၂၀၁၃ ဂျိုဆွန်းက ဝရမ်းပြေး ဟုံးဒါအင် ကေဘီအက်စ်၂
၂၀၁၄ အရေးပေါ်ချစ်သူ အိုဂျင်ဟီး tvN
၂၀၁၅ အနံ့ရသော ထိုမိန်းကလေး ကိုယ်တိုင် အက်စ်ဘီအက်စ် ဧည့်သည်သရုပ်ဆောင်၊ အပိုင်း ၁၊ Running Man အဖွဲ့ဝင်များနှင့်[၄၆]
ရည်းစားဟောင်းများကလပ် ဂင်ဆူဂျင်း tvN
၂၀၁၆ ချစ်ဖို့နားထောင် ဂျောင်ဆူယွန်း ဂျေတီဘီစီ
ခြွေရံသင်းပင်း ကိုယ်တိုင် tvN ဧည့်သည်သရုပ်ဆောင်၊ အပိုင်း ၃[၄၇]
၂၀၁၇ ဒရာမာစင်မြင့်ခေါင်းဆောင်ဘီနှင့် ရည်းစားစာ ဘန်ဂါယောင်း တစ်ခန်းရပ်ဒရာမာ
၂၀၁၈ ချစ်ချစ်ကြောက်ကြောက် အိုအူးလ်ဆွန်း ကေဘီအက်စ်၂
၂၀၂၀ ဒါအချစ်လား နိုအယ်ဂျောင်း ဂျေတီဘီစီ

ဝဘ်ဇာတ်လမ်းတွဲ[ပြင်ဆင်ရန်]

ခုနှစ် ခေါင်းစဉ် ဇာတ်ဆောင် ရုပ်သံလွှင့်ဌာန
၂၀၁၇ ၂၉ဂရမ် ယွန်းယူဂျင် DIA TV

ရုပ်သံအစီအစဉ်[ပြင်ဆင်ရန်]

ခုနှစ် ခေါင်းစဉ် ရုပ်သံလွှင့်ဌာန မှတ်ချက်
၂၀၀၇-၂၀၀၈ အင်းဂီဂါယို အက်စ်ဘီအက်စ် အစီအစဉ်မှူး
၂၀၀၈ အိပ်မက်ဂီတဖျော်ဖြေပွဲ အစီအစဉ်မှူး[၄၈]
၂၀၀၉ အိပ်မက်ဂီတဖျော်ဖြေပွဲ အစီအစဉ်မှူး[၄၉]
၂၀၁၀-၂၀၁၁ TV Entertainment Tonight အစီအစဉ်တင်ဆက်သူ[၅၀]
၂၀၁၀-လက်ရှိ Running Man ဧည့်သည်သရုပ်ဆောင် (အပိုင်း ၂-၅)
ပင်တိုင်အဖွဲ့ဝင် (အပိုင်း ၆–လက်ရှိ)
၂၀၁၈ ချစ်မိနေပါပြီ Jiangsu TV ပင်တိုင်အဖွဲ့ဝင်၊ (ချိန်ပေါ်လင်နှင့်)
၂၀၁၇ ဆုန်းဂျီဟိုရဲ့ အလှအပအမြင် ဂျေတီဘီစီ၂ အစီအစဉ်မှူး
ကျမ မမဂျီဟို Naver Corporation
၂၀၁၈ ဆုန်းဂျီဟိုရဲ့ လှပသောဘဝ OnStyle အစီအစဉ်မှူး
ပဂျားမားဖရင့် Lifetime အစီအစဉ်မှူး[၅၁]

တေးသရုပ်ဖော်[ပြင်ဆင်ရန်]

ခုနှစ် ခေါင်းစဉ် ဖျော်ဖြေသူ(များ)
၂၀၀၁ "နှုတ်ဆက်စကားသာဆိုပါ" JTL
"ပြီးတော့မင်းကိုချစ်တယ်" လီဆူယောင်း
၂၀၀၆ "믿을 수 없는 말" (မယုံရတဲ့စကား)[၅၂] Stay
၂၀၁၀ "ဒီသီချင်းကိုနားမထောင်နဲ့"[၅၃] ယောင်းဂျီ
၂၀၁၁ "별 거 아니야" ယောင်းဂျီ
"ကောင်းကင်ဘုံမှာ"[၅၄] ဂျေဝိုင်ဂျေ
၂၀၁၂ "ပျော်ရွှင်ပါစေ"[၅၅] ယောင်းဂျီ၊ လီဂယူဟွန်း
၂၀၁၃ "ဆောင်းတေး"[၅၆] Freestyle
၂၀၁၆ "အထီးကျန်ည"[၅၇] ဂယ်ရီ feat. ဂယ်ကို

တေးသံသွင်း[ပြင်ဆင်ရန်]

တစ်ကိုယ်တော်[ပြင်ဆင်ရန်]

  • ၂၀၁၁ ဆုန်းဂျီဟို၊ ချွဲဂန်ဟီး၊ လီဆွန်းဂယောင်း၊ ဂင်ဗြောင်မန်း – "မင်းအတွက်လက်ဆောင်"
  • ၂၀၁၅ ကိန်ကျိဝူ – "သိပ်ချစ်ဖို့ကောင်းတယ်" feat. ဆုန်းဂျီဟို

အခြား[ပြင်ဆင်ရန်]

အယ်လ်ဘမ်ခေါင်းစဉ် ခုနှစ် ခေါင်းစဉ် အနုပညာရှင်
Running Man ပရိသတ် တွေ့ဆုံပွဲ၊
ရမ်းနင်းဂူ ပရောဂျက်
စက်တင်ဘာ ၂၂၊ ၂၀၁၉ "ဘွန်ဂျူး၊ ဟိုင်း" (봉주르 하이)
(ft. ယွန်းမီရယ်)
ဟျိုချန်းပန်းခြံ (효찬공원)
"ဆုန်းဂျီဟို၊ ယန်ဆယ်ချန်း၊ Code Kunst၊ Nucksal"
"ကြိုက်ပြီ" (좋아) ယူဂျယ်ဆော့ဂျီဆော့ဂျင်ဂင်ဂျုံးဂု ဟားဟားဆုန်းဂျီဟိုလီဂွမ်ဆူယန်ဆယ်ချန်းဂျောင်ဆိုမင်း

ဆုများနှင့်ဆန်ခါတင်များ[ပြင်ဆင်ရန်]

ခုနှစ် ဆု အမျိုးအစား ဆန်ခါတင်နေရာ ရလဒ် ရင်းမြစ်(များ)
၂၀၀၃ ၂၄ကြိမ်မြောက် နဂါးပြာရုပ်ရှင်ဆု အကောင်းဆုံး မျက်နှာသစ်သရုပ်ဆောင်ဆု ဆုတောင်းခြင်းလှေကားထစ်များ ဆန်ခါတင်
၂၀၀၇ ၄၃ကြိမ်မြောက် ဘဲ့ဆန်းအနုပညာဆု အကောင်းဆုံး ရုပ်သံမျက်နှာသစ်သရုပ်ဆောင်ဆု ရာဇဝင်ထဲက ဂျူမုံ ဆန်ခါတင်
၂၀၀၉ ၄၅ကြိမ်မြောက် ဘဲ့ဆန်းအနုပညာဆု လူကြိုက်အများဆုံး ရုပ်ရှင်သရုပ်ဆောင်ဆု အေးစက်သွားသောပန်းပွင့် ဆန်ခါတင်
၂၀၁၀ ၄ကြိမ်မြောက် အက်စ်ဘီအက်စ် ဖျော်ဖြေရေးဆု ရသစုံအထူးဆု Running Man ဆုရရှိ [၅၈]
၂၀၁၁ ၅ကြိမ်မြောက် အက်စ်ဘီအက်စ် ဖျော်ဖြေရေးဆု ရသစုံထူးချွန်ဆု   ဆုရရှိ [၅၉]
​နေတီဇင်အကြိုက်များဆုံးဆု ဆန်ခါတင်
၂၀၁၁ အမ်ဘီစီဒရာမာဆု ဇာတ်လမ်းတို ထူးချွန် အမျိုးသမီးသရုပ်ဆောင်ဆု ဂယဲဘဲ့ ဆန်ခါတင် [၆၀]
ထုတ်လုပ်သူ၏ ဆု ဆုရရှိ
၂၀၁၁ ကေဘီအက်စ် ဒရာမာဆု ဇာတ်လမ်းတို ထူးချွန် အမျိုးသမီးသရုပ်ဆောင်ဆု ဒုက္ခရောက်စုံထောက်များ(မှုခင်းအဖွဲ့) ဆန်ခါတင်
နေတီဇင်ဆု၊ အမျိုးသမီးသရုပ်ဆောင်ဆု ဆန်ခါတင်
၅ကြိမ်မြောက် Mnet စိတ်ကြိုက်ဆု လူကြိုက်များ ရသစုံ စတားဆု Running Man ဆန်ခါတင်
၂၀၁၂ ၄၈ကြိမ်မြောက် ဘဲ့ဆန်းအနုပညာဆု အကောင်းဆုံး အမျိုးသမီဖျော်ေဖြသူဆု ဆန်ခါတင်
၂၀၁၃ ၄၉ကြိမ်မြောက် ဘဲ့ဆန်းအနုပညာဆု ဆန်ခါတင်
လူကြိုက်အများဆုံး ရုပ်ရှင်သရုပ်ဆောင်ဆု ကမ္ဘာသစ် ဆန်ခါတင်
၇ကြိမ်မြောက် အက်စ်ဘီအက်စ် ဖျော်ဖြေရေးဆု အမျိုးသမီးထူးချွန်ဆု Running Man ဆုရရှိ [၆၁]
အကောင်းဆုံးစုံတွဲ ဂယ်ရီနှင့် ဆန်ခါတင်
၂၀၁၃ ကေဘီအက်စ် ဒရာမာဆု ဒရာမာလတ် အမျိုးသမီး ထူးချွန် သရုပ်ဆောင်ဆု ဂျိုဆွန်းက ဝရမ်းပြေး ဆန်ခါတင်
နေတီဇင်ဆု ဆန်ခါတင်
၆ကြိမ်မြောက် မကာအို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် အ​ကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ၇၀၈၀၉၀ ဆန်ခါတင်
NATE ဆု အကောင်းဆုံး စုံတွဲ(ဂယ်ရီနှင့်) Running Man ဆုရရှိ
၂၀၁၄ ဒုတိယအကြိမ်မြောက် နှစ်စဉ်ဒရာမာပိုးဆု အကောင်းဆုံးအနမ်ဆုး (ဂယ်ရီနှင့်) ဆုရရှိ
Best Couple Not Meant To Be (ဂယ်ရီနှင့်) ဆန်ခါတင်
၂၀၁၅ တတိယအကြိမ်မြောက် နှစ်စဉ် ဒရာမာပိုးဆု တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု အရေးပေါ်ချစ်သူ ဆုရရှိ [၆၂]
အပေါ်လွင်ဆုံး တစ်ခဏဆု ဆုရရှိ
ဟာလျူ ဝင်း ၂၀၁၄ခုနှစ်အတွက် အမျိုးသမီး စတားဆု ဆုရရှိ
ကိုးကြိမ်မြောက် အက်စ်ဘီအက်စ် ဖျော်ဖြေရေးဆု ရသစုံထူးချွန်ဆု Running Man ဆုရရှိ [၆၃]
၂၀၁၆ Sina Weibo Night ဆု Best Trans-boundary Female Artist N/A   ဆုရရှိ [၆၄]
၁၁ကြိမ်မြောက် Soompi ဆု တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ရည်းစားဟောင်းများကလပ် ဆုရရှိ
ဂျေတီဘီစီ ကြည့်ရှုသူတို့အကြိုက် စွဲမက်စရာ ဖျော်ဖြေမှုဆု ချစ်ဖို့နားထောင် ဆုရရှိ
၄ကြိမ်မြောက် V Chart ဆု တစ်နှစ်တာ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုဆု Kenji Wu ft Song Ji Hyo - Neo gwi yeop da ဆုရရှိ
၂၀၁၇ မာဖိုအခွန်ရုံး စံပြ အခွန်ထမ်းဆု N/A   ဆုရရှိ [၆၅]
၂၀၁၈ ၂၀၁၈ ကေဘီအက်စ် ဒရာမာဆု ဇာတ်လမ်းတိုထူးချွန်ဆု ချစ်ချစ်ကြိုက်ကြိုက်   ဆန်ခါတင်
နေတီဇင်ဆု၊ အမျိုးသမီးသရုပ်ဆောင်ဆု ဆန်ခါတင်
အကောင်းဆုံးစုံတွဲဆု (ဘတ်ရှီဟူနှင့်) ဆန်ခါတင်
၂၀၁၉ ၄ကြိမ်မြောက် အာရှအနုပညာရှင်ဆု (AAA) လူကြိုက်အများဆုံးဆု N/A ဆုရရှိ [၆၆]
၂၀၂၀ ၅ကြိမ်မြောက် အာရှအနုပညာရှင်ဆု (AAA) Popularity Award (Actress) N/A ဆုရရှိ [၆၇]
Metro Best K-drama Awards People's Choice - Best Couple ဆုန်းဟိုဂျွန်းနှင့်အတူ Was It Love? ဆန်ခါတင်
People's Choice - Best Kiss ဆုန်းဟိုဂျွန်းနှင့်အတူ ဆန်ခါတင်
14th SBS Entertainment Awards Golden Content Award with Running Man Members Running Man ဆုရရှိ [၆၈]

ကိုးကား[ပြင်ဆင်ရန်]

  1. '런닝맨' 송지효, 인생역전 "카페 알바하다 캐스팅" (in ko)။ TV Report (6 September 2015)။
  2. 'JTL 뮤비 인연' 송지효, 토니안 공개 고백에 '폭풍감동' (in ko) (24 October 2010)။
  3. 여우야 여우야 숨긴걸 말해줘, <여고괴담3: 여우계단> (in ko) (12 November 2003)။
  4. 액션영화 '썸' 송지효, 인천 앞바다가 모두 내 눈물 (in ko) (3 October 2004)။ 25 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2020 တွင် ပြန်စစ်ပြီး။
  5. [Star of the Week Song Ji Hyo, the Actress Before Running Man]။ enewsWorld (9 February 2014)။ 8 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2020 တွင် ပြန်စစ်ပြီး။
  6. <인터뷰> MBC '궁'의 송지효 (in ko) (17 November 2005)။
  7. 송지효 "'주몽'은 모든걸 올인한 작품" (in ko) (12 March 2007)။ 25 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2020 တွင် ပြန်စစ်ပြီး။
  8. Song Ji-hyo: 'I Become Very Competitive Both in Acting and Entertaining'Hancinema။ KBS Global (29 February 2012)။
  9. 'Sex is Zero 2' sticks to toilet and bawdy humorHancinema။ The Korea Herald (3 December 2007)။
  10. 송지효, SBS '인기가요' 새 MC (in ko) (5 November 2007)။
  11. Template error: argument title is required. 
  12. Blossom portrays love in twilight yearsThe Korea Times (6 February 2011)။
  13. Song Ji-hyo, returns after 4 years with KBS "Detectives in Trouble"Hancinema။ Nate (16 January 2011)။
  14. Song Ji-hyo chosen for "Gyebaek"Hancinema။ Nate (18 July 2011)။
  15. JYJ, Song Ji-hyo to Combat Violence at SchoolThe Chosun Ilbo (17 January 2011)။
  16. Ho၊ Stewart။ "Song Ji Hyo Begins Filming For Her Movie With Kim Jae Joong"၊ 18 May 2012။ 15 November 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 3 February 2017။ 
  17. Song Ji Hyo Joins Lee Kwang Soo in Dubbing for Animation Movie 'Maritime Police Marco'enewsWorld (18 December 2013)။ 8 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2020 တွင် ပြန်စစ်ပြီး။
  18. Song Ji-hyo to star in "New World" with Choi Min-sik, Lee Jung-jaeHancinema။ Daum (17 May 2012)။
  19. KBS showcases 'Fugitive of Joseon' castKorea JoongAng Daily (18 April 2013)။
  20. Divorced doctors in loveKorea JoongAng Daily (22 January 2014)။
  21. 송지효 캡 나온다… NBA, 콜라보 시리즈 'CHO.2' 출시 (in ko) (16 March 2014)။
  22. Meet members of 'Ex-girlfriend Club'The Korea Times (1 May 2015)။
  23. Song Ji-hyo sings a duet with Kenji WuKpop Herald (27 March 2015)။
  24. Chen Bolin, Song Ji-hyo to appear on 'We Are in Love'Kpop Herald (20 January 2016)။
  25. 《708090之深圳恋歌》520上映 吴克群宋智孝表白日 (in zh) (12 May 2016)။
  26. Actress Song Ji-hyo stars in Chinese film 'Super Express'The Korea Times (6 December 2016)။
  27. Song Ji-hyo and Lee Sun-kyun to co-star in JTBC dramaKpop Herald (10 August 2016)။
  28. 박소현။ "မော်ကွန်းတင်ပြီးမိတ္တူ" (in ko)၊ Xports News၊ 10 July 2015။ 26 October 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 11 July 2015။ 
  29. Template error: argument title is required. 
  30. Song Ji Hyo Joins MY COMPANY (1 December 2016)။ 25 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2020 တွင် ပြန်စစ်ပြီး။
  31. '뷰티뷰' 송지효 "공명과 호흡, 예쁜 남동생 생긴 기분" (in ko) (18 January 2017)။
  32. Song Ji-hyo and brother join cast of web dramaKorea JoongAng Daily (17 October 2017)။
  33. Song Ji-hyo, Jo Woo-jin to star in tvN dramaKorea JoongAng Daily (6 September 2017)။
  34. Mukhopadhyay၊ Riddhiman။ "Lee Kwang Soo and Song Ji Hyo join 2 new reality shows: Check out clips here!" (in en)၊ International Business Times, Singapore Edition 
  35. Song Ji-hyo, Shin Ha-kyun cast for new film 'Wind Wind Wind'The Korea Herald (3 March 2017)။
  36. [SBS Star Song Ji-hyo to Host a New Program 'Song Ji-hyo's Beautiful Life'!] (10 March 2018)။
  37. Song Ji-hyo to star in 'Lovely Horribly' (4 June 2018)။
  38. Song Ji-hyo's New TV Series to Provide Respite from Summer Heat (11 August 2018)။
  39. SONG Ji-hyo Joins Don LEE in UNSTOPPABLE (29 May 2018)။
  40. OSEN (2019-02-19)။ '도터' 김무열X송지효, 25년만에 만난 남매로 뭉쳤다[공식입장] (in ko)။ 2019-02-19 တွင် ပြန်စစ်ပြီး။
  41. 송지효, 크리에이티브 그룹 ING와 전속계약...혜리와 한솥밥 (in Ko) (2019-10-14)။
  42. '우리, 사랑했을까' 송지효를 둘러싼 5각 로맨스..손호준X송종호X김민준X구자성 캐스팅 (공식) (in Ko) (2019-11-14)။
  43. JTBC '우리, 사랑했을까' 송지효→김민준, 7월 8일 첫방 확정 (in Ko) (28 May 2020)။ 8 July 2020 တွင် ပြန်စစ်ပြီး။
  44. "[스브스타 '런닝맨' 송지효 본명 '천성임' 개명한 이유…유재석 때문?]" (in ko)၊ SBS News၊ 22 May 2017။ 5 June 2017 တွင် ပြန်စစ်ပြီး 
  45. "송지효, 본명 천성임서 천수연으로…개명효과는?" (in ko)၊ Maeil Business Newspaper၊ 22 May 2017။ 5 June 2017 တွင် ပြန်စစ်ပြီး 
  46. '냄새를 보는 소녀'에 런닝맨 등장...온갖 지원사격 출동 (in ko) (2 April 2015)။
  47. Spot by Song Ji-hyo on 'Entourage'Korea JoongAng Daily (15 June 2016)။
  48. 송지효, 2년 연속 드림콘서트 MC 발탁 (in ko) (25 September 2009)။
  49. 김희철-송지효-MC몽, '드림콘서트' MC 확정 (in ko) (9 October 2009)။
  50. [단독송지효 '한밤의 TV연예' MC 하차 '드라마 때문에'] (in ko) (2 November 2011)။
  51. Lifetime's 'Pajama Friends' reveals its cast (18 August 2018)။
  52. 송지효, 홍대클럽 출몰 왜? '친구 때문에' (in ko) (8 June 2011)။
  53. 영지, 송지효 앞에두고 깨알연습 '우정 훈훈' (in ko) (21 June 2011)။
  54. JYJ, 'IN HEAVEN' 티저 공개…김준수-송지효 '애절 연기' 돋보여 (in ko) (6 September 2011)။
  55. 송지효 "영지야… 행복해라" 두 팔 걷고 나섰다 (in ko) (18 November 2012)။
  56. 송지효 프리스타일 신곡 뮤비 출연 '폭풍오열' (in ko) (12 December 2013)။
  57. Song Ji-hyo appears in Gary's music video (30 December 2015)။
  58. Kang Ho-dong scores grand prize at SBS Entertainment Awards10Asia (31 December 2010)။ 25 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2020 တွင် ပြန်စစ်ပြီး။
  59. Yoo Jae-suk deemed SBS' entertainer of the year (2 January 2012)။ 25 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2020 တွင် ပြန်စစ်ပြီး။
  60. 2011 MBC Drama Awards : Winners ListHancinema (31 December 2010)။
  61. SBS 연예대상 송지효 최우수상, 예능상속자들 공개…강개리 '로맨스 상속자' (in ko) (31 December 2013)။
  62. Song Ji Hyo Wins Best Actress Award from 'DramaFever Awards'enewsWorld (9 February 2015)။ 3 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  63. 송지효·개리, 나란히 버라이어티 부문 최우수상 영예 "당황스럽다" [SBS 연예대상] (in ko) (31 December 2015)။
  64. Weibo Night honors JYP, NichkhunThe Korea Times (8 January 2016)။
  65. '납세보국'-세금 잘 냈다고 상 받은 연예인은 누구? 유해진·성유리·송지효·김태균 씨 (in ko) (3 March 2017)။
  66. AAA 2019 Winners။ 2019-12-03 တွင် ပြန်စစ်ပြီး။
  67. 2020 Asia Artist Award Actress Shortlist
  68. Shin So-won။ "'SBS 연예대상' 10년 장수 '런닝맨', 골든 콘텐츠상 수상" (in ko)၊ December 19, 2020။ December 19, 2020 တွင် ပြန်စစ်ပြီး 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]