ဟန်ဂုလ်

ဝီကီပီးဒီးယား မှ
(ဟန်းဂု မှ ပြန်ညွှန်းထားသည်)
ကိုရီးယား အက္ခရာ
한글 / 조선글
韓㐎 / 朝鮮㐎
Hangul (Hangeul) / Chosŏn'gŭl
"Chosongeul" (top) and "Hangeul"
အမျိုးအစား
အက္ခရာ
ဘာသာစကားများ
ဖန်တီးသူSejong of Joseon
အချိန်ကာလ
၁၄၄၃–လက်ရှိ
ပုံနှိပ်အခြေခံ
  • Writing direction (different variants of Hangul):
  • left-to-right, top-to-bottom
  • top-to-bottom, right-to-left
လားရာဘယ်မှ ညာ
ISO 15924Hang, 286Jamo
Unicode alias
Hangul
ယူနီကုတ်အကွာအဝေး

ကိုရီးယားအက္ခရာကို ဟန်ဂုလ် ဟု ခေါ်ကြသည်။ ကိုရီးယားအက္ခရာကို တောင်ကိုရီးယားနိုင်ငံတွင် ဟာန်ဂုလ် ဟုခေါ်ကြသော်လည်း မြောက်ကိုရီးယားနိုင်ငံတွင်မူ ဂျိုဆွန်းဂုလ် ဟု ခေါ်ကြသည်။ ဟန်းဂုလ်သည် ကိုရီးယားဘာသာ၏ မူရင်းအက္ခရာဖြစ်သည်။[၁] ၎င်းကို ၁၄၄၃ခုနှစ် ဂျိုဆွန်းမင်းဆက်အတောအတွင်း တီထွင်ခဲ့ကြပြီး ယခုအချိန်တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံလုံး၏ တရားဝင်အက္ခရာအဖြစ်အသုံးပြုလျက်ရှိပြီး တရုတ်နိုင်ငံ ဂျင်းလင်းပြည်နယ်၏ ယန်ဘီယမ်ကိုရီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ရုံးသုံးစာအဖြစ်လည်း သတ်မှတ်ထားသည်။

ဟန်းဂုတွင် သရနှင့် ဗျည်းအက္ခရာ ၂၄လုံး ရှိသည်။ ကိုရီးယားစာကို အတုံးအဝိုင်းများဖြင့် အုပ်စုဖွဲ့ရေးသားရသည်။ ဥပမာ 한 (ဟာန်)။ ထို 한 (ဟာန်) ဟူသော စာလုံးတွင် ဝဏ္ဏသံတစ်သံသာ အသံထွက်ရသဖြင့် အက္ခရာတစ်လုံးတည်းနှင့် တူသော်လည်း အမှန်စင်စစ်အားဖြင့် ထိုစာလုံးတွင် ㅎ(ဟ) ၊ ㅏ (ာ) နှင့် ㄴ (န်) ဟူသော အက္ခရာသုံးလုံးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုအတုံးအဝိုင်းများသည် အလျားလိုက်ဖြင့် ဘယ်ဘက်မှ ညာဘက် သို့မဟုတ် ဒေါင်လိုက်ဖြင့် အထက်မှ အောက်သို့ စီ၍ ရေးသားရသည်။

နာမည်များ[ပြင်ဆင်ရန်]

တရားဝင် နာမည်များ[ပြင်ဆင်ရန်]

ဟန်ဂုလ်[ပြင်ဆင်ရန်]

တောင်ကိုရီးယားနိုင်ငံတွင် ၁၉၁၂ခုနှစ်၌ ဂျူ ရှီဂျောင်သည် ဟန်ဂုလ် (한글) ဟူသော ဝေါဟာရကို တီထွင်ခဲ့သည်။ ဟန် (한) ဟူသောစာလုံး၏ အဓိပ္ပာယ်သည် "ကြီးမြတ်သော" ဖြစ်ပြီး ဂုလ် (글) သည် "ကိုရီးယားမူရင်းအက္ခရာ"ကို ဆိုလိုသည်။ ထို့ကြောင့် ဟန်ဂုလ် (한글) ဟူသောစာလုံးသည် "မြင့်မြတ်သော အက္ခရာ"[၂] ဟု အဓိပ္ပာယ်ရသည်။

ဂျိုဆွန်းဂုလ်၊ ဂျိုဆွန်းမားလ်[ပြင်ဆင်ရန်]

မြောက်ကိုရီးယားများသည် ကိုရီးယားအက္ခရာကို ကိုရီးယားအမည်ကွဲပြားမှုနှင့် ပတ်သက်၍ ဂျိုဆွန်းဂုလ်ဟုခေါ်ခြင်းကို ပို၍ နှစ်သက်ကြသည်။

အခြားအမည်များ[ပြင်ဆင်ရန်]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

A page from the Hunmin Jeong-eum Eonhae. The Hangul-only column, third from the left (나랏말ᄊᆞ미), has pitch-accent diacritics to the left of the syllable blocks.

ဂျိုဆွန်းမင်းဆက်၏ လေးယောက်မြောက်ဖြစ်သော ဘုရင် မဟာဆယ်ဂျုံးသည် ဟန်းဂုလ်အက္ခရာကို ပြဋ္ဌာန်းခဲ့သည်။ ဟန်းဂုလ်အက္ခရာ၏ မူလရင်းမြစ်သည် အလယ်အာရှ၏ အက္ခရာများ၏ အစိတ်အပိုင်းဖြစ်သည်ကို တွေ့ရှိရသည်။


အကိုးအကားများ[ပြင်ဆင်ရန်]

  • Chang၊ Suk-jin (1996)။ "Scripts and Sounds"။ Korean။ Philadelphia: John Benjamins Publishing Company။ ISBN 1-55619-728-4 (Volume 4 of the London Oriental and African Language Library).
  • Hannas, William C (1997)။ Asia's Orthographic Dilemma။ University of Hawaii Press။ ISBN 0-8248-1892-X
  • Young-Key၊ Kim-Renaud, ed. (1997)။ The Korean Alphabet: Its History and Structure။ University of Hawai`i Press။ ISBN 978-0-8248-1723-7CS1 maint: ref=harv (link)
  • Lee၊ Iksop; Ramsey၊ Samuel Robert (2000)။ The Korean Language။ SUNY Press။ ISBN 978-0-7914-9130-0CS1 maint: ref=harv (link)
  • Hangeul Matchumbeop။ The Ministry of Education of South Korea (1988)။
  • Sampson၊ Geoffrey (1990)။ Writing Systems။ Stanford University Press။ ISBN 978-0-8047-1756-4
  • Silva, David J. (2002). "Western attitudes toward the Korean language: An Overview of Late Nineteenth and Early Twentieth-Century Mission Literature" (PDF). Korean Studies 26 (2): 270–286. doi:10.1353/ks.2004.0013. 
  • Sohn၊ Ho-Min (2001)။ The Korean Language။ Cambridge Language Surveys။ Cambridge University Press။ ISBN 978-0-521-36943-5
  • Song၊ Jae Jung (2005)။ The Korean Language: Structure, Use and Context။ Routledge။ ISBN 978-0-203-39082-5

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]