NGC 2346

ဝီကီပီးဒီးယား မှ
NGC 2346
နက်ဗျူလာ
ဟာဘဲလ်အာကာမှန်ပြောင်းမှဖမ်းယူထားသည့် NGC 2346
လေ့လာမှု ဒေတာ: J2000.0 Epoch
ညာဘက် တိမ်းစောင်းမှု07h 09m 41s
နိမ့်ဆင်းမှု-0° 48′ 56"
အကွာအဝေး2 kly ly
အမြင် တောက်ပမှု (V)11.6
အမြင် ဒိုင်မင်းရှင်း (V)0.9′
ကြယ်စုတန်းမနော်စရပ်စ်
သတ်မှတ်ချက်များလိပ်ပြာ နက်ဗျူလာ
အခြားကြည့်ရန်: နက်ဗျူလာများ စာရင်း

NGC 2346 (တနည်း: လိပ်ပြာ နက်ဗျူလာ) သည် ဂြိုဟ်ဆိုင်ရာ နက်ဗျူလာဖြစ်ပြီး မနော်စရပ်စ် ကြယ်စုတန်းထဲတွင် တည်ရှိသည်။[၁] ယင်းအား လေ့လာစောင့်ကြည့်နေခဲ့ရာ အလယ်ဗဟိုမှ အေးမြသောကြယ်များသည် ဒွိစနစ်များဖြစ်ကာ ပုံစံအတည်တကျမရှိကြပေ။ ဒွိကြယ်သည် ၁၆ ရက်ပတ်လမ်းချိန်ရှိကာ ပတ်လမ်းအားမှ ဖုန်မှုန်များကြောင့် အပြောင်းအလဲရှိနိုင်သည်။ ဖုန်မှုန်ကိုယ်တိုင်သည်လည်း ဗဟိုကြယ်ကြောင့် အပူချိန်တက်ကာ NGC 2346 သည် အနီအောက်ရောင်ခြည်တွင် ပုံမှန်မဟုတ်ဘဲ တောက်ပလာတတ်သည်။ ကြယ်နှစ်စင်းထဲမှ တစ်စင်းသည် ဧရာမ ကြယ်နီအဖြစ် ပတ်သက်လာပါက ပိုကြီးသောအဖော်ကြယ်၏လေထုအား စုပ်ယူပစ်မည်ဖြစ်သည်။ ဧရာမ ကြယ်နီ၏ ပင်မအူတိုင်များ ကုန်ဆုံးသွားလေသောအခါ မြန်ဆန်သော စတီလာလေများသည် ကွင်းတစ်ဘက်ခြမ်းအား ပူဖောင်းနှစ်ခုကဲ့သို့ ဖြစ်စေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. [http://antwrp.gsfc.nasa.gov/apod/ap011028.html APOD: 28 October 2001 – NGC 2346: A Butterfly-Shaped Planetary Nebula