မာတိကာသို့ ခုန်သွားရန်

မဒါဂတ်စကားနိုင်ငံ

ဝီကီပီးဒီးယား မှ
(Madagascar မှ ပြန်ညွှန်းထားသည်)

ကိုဩဒိနိတ်: 20°S 47°E / 20°S 47°E / -20; 47

မဒါဂတ်စကား သမ္မတနိုင်ငံ
Madagascar၏ အလံတော်
အလံတော်
Madagascar၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: 
နိုင်ငံတော် သီချင်း: Ry Tanindrazanay malala ô!
ချစ်စရာကောင်းတဲ့ တို့ဘိုးဘွားမြေ
Madagascar၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
အန်တာနာနာရီဗိုမြို့
18°55′S 47°31′E / 18.917°S 47.517°E / -18.917; 47.517
ရုံးသုံး ဘာသာစကားများ
လူမျိုးစု (၂၀၀၄[])
ကိုးကွယ်မှု
လူမျိုးMalagasy[][]
အစိုးရပြည်ထောင်စု တစိတ်တပိုင်းသမ္မတ ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ်
Andry Rajoelina
Christian Ntsay
Rivo Rakotovao
Christine Razanamahasoa[]
ဥပဒေပြုလွှတ်တော်ပါလီမန်
ဆီးနိတ်လွှတ်တော်
အမျိုးသားလွှတ်တော်
တည်ထောင်ခြင်း
၁၅၄၀
၁၈၉၆ ခုနှစ် ဩဂုတ်လ ၆ ရက်
 သမ္မတနိုင်ငံကြေညာခဲ့
၁၉၅၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်
 ပြင်သစ်နိုင်ငံမှ လွတ်လပ်ရေးရရှိခြင်း
၁၉၆၀ ခုနှစ် ဇွန်လ ၂၆ ရက်
ဧရိယာ
 စုစုပေါင်း
၅၈၇,၀၄၁ km2 (၂၂၆,၆၅၈ sq mi) (အဆင့်: ၄၆)
 ရေထု
၅,၅၀၁ km2 (၂,၁၂၄ sq mi)
 ရေထု (%)
၀.၉%
လူဦးရေ
 ၂၀၂၁ ခန့်မှန်း
၂၈,၄၂၇,၃၂၈[] (အဆင့် - ၅၂)
 သိပ်သည်းမှု
၃၅.၂/km2 (၉၁.၂/sq mi) (အဆင့် - ၁၇၄)
GDP (PPP)၂၀၁၉ ခန့်မှန်း
 စုစုပေါင်း
$၄၅.၉၄၈ ဘီလီယံ[]
 Per capita
$၁,၆၉၇[]
GDP (nominal)၂၀၁၉ ခန့်မှန်း
 စုစုပေါင်း
$၁၂.၇၃၄ ဘီလီယံ[]
 Per capita
$၄၇၁[]
Gini (၂၀၁၂) ၄၂.၆[၁၀]
အလယ်
HDI (၂၀၁၉)Increase ၀.၅၂၈[၁၁]
နိမ့် · ၁၆၄
ငွေကြေးအာရီယာရီ (MGA)
အချိန်ဇုန်EAT (UTC+3)
 နွေရာသီ (DST)
not observed[၁၂] (UTC+3)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၂၆၁[၁၂]
Internet TLD.mg

မဒါဂတ်စကားသမ္မတနိုင်ငံ သည် ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဖရိကတိုက်၏ အရှေ့တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ အတွင်းတွင် တည်ရှိသည်။ နိုင်ငံအတွင်း မဒါဂတ်စကားကျွန်း ပါဝင်ပြီး ထိုကျွန်းမှာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံးကျွန်းဖြစ်ကာ ၅၈၇,၀၀၀ စတုရန်း ကီလိုမီတာ (၂၂၇,၀၀၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ထိုကျွန်းသာမက အခြားသော ကျွန်းငယ်လေးများ မြောက်မြားစွာ ပါဝင်ပြီး ထိုကျွန်းများတွင် အကြီးဆုံးမှာ နိုဆီဘီ နှင့် နိုဆီဘိုဟာရာ ကျွန်းတို့ ဖြစ်ကြသည်။

မဒါဂတ်စကားသည် ဇီဝမျိုးကွဲတို့နှင့် ပတ်သက်၍ အရေးပါသော နေရာတစ်နေရာဖြစ်ပြီး ၎င်းတွင် တွေ့ရသော အပင်နှင့် တိရစ္ဆာန် အမျိုးအစား ၈၀ ရာခိုင်နှုန်းခန့်ကို ကမ္ဘာပေါ်ရှိ တခြားနေရာများတွင် မည်သည့်နေရာတွင်မှ မတွေ့ရပေ။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မဒါဂတ်စကားကျွန်းကို ရှေးအခါကာလက အာရပ် လူမျိုးတို့ လာရောက်၍ နယ်သစ်စိုက်ထူကြသည်။ ထိုနောက် ၁၅ဝဝ ပြည့်နှစ်ခန့်က ပေါ်တူဂီလူမျိုးတို့ ရောက်လာကြသည်။ ၁၇ ရာစုနှစ်တွင် ပြင်သစ်တို့လာရောက်၍ စခန်းများဖွင့်ကြ သည်။ သို့သော် ကြာမရှည်ပေ။ ၁၈ ရာစုနှစ်တွင် ပြန်လည် ဖွင့်လှစ်ပြန်သည်။ ၁၈၁ဝ ပြည့်နှစ်မှ ၁၈၁၁ခုနှစ်အထိ ပြင်သစ် စခန်းများကို ဗြိတိသျှတို့က သိမ်းပိုက်ထားခဲ့၏။ ထိုအတော အတွင်း ခရစ်ယာန်အယူဝါဒီဖြစ်သော တိုင်းရင်းသားအကြီးအကဲ တစ်ဦးသည် ပထမ ရိုဒါမာဘုရင်အဖြစ် နန်းတက်အုပ်စိုးသည်။ ယင်းဘုရင်လွန်ပြီးနောက် အချင်းချင်း မသင့်မတင့်ဖြစ်ကြပြန် လေရာ ပြင်သစ်တို့က ဥရောပတိုက်ရှိ လက်နက်နိုင်ငံများအား ငြိမ်ဝပ်ပိပြားအောင် ဆောင်ရွက်ပေးရန် တောင်းပန်ခဲ့ကြသည်။ ၁၈၉ဝ ပြည့်နှစ်တွင် အင်္ဂလန်ပြည်က မဒါဂတ်စကားတွင် ပြင်သစ်တို့အုပ်ထိန်းခြင်းကို အသိအမှတ်ပြုခဲ့သော်လည်း မာလာ ဂေဆီတို့က လက်မခံခဲ့ပေ။ ထိုကြောင့် မဒါဂတ်စကားသို့ စစ်တပ်များစေလွှတ်ကာ ထိုစဉ်က အုပ်စိုးနေသော ဘုရင်အား ပြင်သစ်တို့ အုပ်ထိန်းခြင်းကိုလက်ခံအောင် အတင်းအကြပ်ပြုခဲ့ သည်။ ၁၈၉၆ ခုနှစ်တွင် မဒါဂတ်စကားကျွန်းသည် ပြင်သစ်တို့၏ ကိုလိုနီနယ်ဖြစ်လာသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ၁၉၄၂ ခုနှစ်တွင် မဒါဂတ်စကားကျွန်းကို ဗြိတိသျှတို့ သိမ်း ပိုက်ထားခဲ့သည်။ ဤသို့ပြုရခြင်းမှာ အိန္ဒိယသမုဒ္ဒရာ အတွင်း ရှိ မဟာမိတ်သင်္ဘောများကို တိုက်ခိုက်နိုင်ရန်အလို့ငှာ မက်ဒါ ဂက်စကာကျွန်းကို ဝင်ရိုးတန်းနိုင်ငံများက အသုံးပြုခြင်းမှ ကာကွယ်ရန်အတွက်ဖြစ်၏။ သို့သော် နောင်အခါ ဗြိတိသျှတို့သည် မိမိတို့ဘက်သား ပြင်သစ်တို့အား ပေးအပ်ခဲ့သည်။ စစ်ပြီး ကာလတွင် မဒါဂတ်စကားကျွန်းသည် ပြင်သစ်သမဂ္ဂတွင် အဝင်အပါဖြစ်သော ပင်လယ်ရပ်ခြား ပြင်သစ်ပိုင်နယ် ဖြစ်လာခဲ့၏။ ၁၉၄၇ ခုနှစ်တွင် တိုင်းရင်းသားများ လက်နက်ကိုင်၍ ပုန်ကန်ထကြွသော်လည်း ပြင်သစ်တို့က မကြာမီ နှိမ်နင်းလိုက် လေသည်။ ၁၉၅၈ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော ပြည်သူ့ဆန္ဒမေးပွဲကြီး၌ မဒါဂတ်စကားကျွန်းသည် ပြင်သစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို တစ်ကျွန်းလုံးလိုလို ထောက်ခံခဲ့၍ ပြင်သစ်ပြည်ထောင်စုတွင် အဝင်အပါ သမ္မတ နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ မာလာဂေဆီသမ္မတနိုင်ငံဟူ၍လည်း အမည်ပြောင်းလိုက်လေသည်။ ၁၉၆ဝ ပြည့်နှစ်တွင် အချုပ်အချာ အာဏာပိုင် လွတ်လပ်သော သမ္မတနိုင်ငံ ဖြစ်လာခဲ့လေသည်။[၁၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. Le Comité Consultatif Constitutionnel (1 October 2010)။ Projet de Constitution de la Quatrième République de Madagascar (in fr)။ Madagascar Tribune။ 28 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2011 တွင် ပြန်စစ်ပြီး။
  2. MADAGASCAR: general data Populstat.info။ 9 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 October 2021 တွင် ပြန်စစ်ပြီး။
  3. Demonyms – Names of Nationalities Geography.about.com။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2013 တွင် ပြန်စစ်ပြီး။
  4. Malagasy – National Geographic Style Manual 27 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2017 တွင် ပြန်စစ်ပြီး။
  5. Madagascar: Christine Razanamahasoa à la tête de l'Assemblée nationale (17 July 2019)။ 17 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 July 2019 တွင် ပြန်စစ်ပြီး။
  6. The beginning of the Merina Kingdom Mada Magazine (4 August 2015)။ 17 August 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 March 2021 တွင် ပြန်စစ်ပြီး။
  7. Madagascar Lonely Planet 30 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 March 2021 တွင် ပြန်စစ်ပြီး။
  8. Madagascar Population 1950-2021 14 July 2021 တွင် ပြန်စစ်ပြီး။
  9. 1 2 3 4 Madagascar အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ 16 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2019 တွင် ပြန်စစ်ပြီး။
  10. Gini Index coefficient CIA Factbook။ 30 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 July 2021 တွင် ပြန်စစ်ပြီး။
  11. Human Development Report 2020 (in en)။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (15 December 2020)။ 15 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 December 2020 တွင် ပြန်စစ်ပြီး။
  12. 1 2 Bradt (2011), p. 2.
  13. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)