Evil Geniuses

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

Evil Geniuses (EG) အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် eSports အဖွဲ့အစည်းတစ်ခုဖြစ်သည်။ Alexander Garfield သည် ၁၉၉၉ EG အသင်းကို တည်ထောင်ခဲ့သည်။ အဖွဲ့အစည်းအတွင်းရှိ ကစားသမားများသည် အမျိုးမျိုးသော တိုက်ခိုက်ရသောဂိမ်းများဖြစ်သော Dota 2, League of Legends, StarCraft II, World of Warcraft နှင့် Halo စသည်တို့ကို ကစားသည်။

၎င်းအသင်းသည် Amazon.com Inc ၏ ဌာနခွဲတစ်ခုဖြစ်သည့် Twitch မှတဆင့် GoodGame Agency ၏လက်အောက်တွင် တည်ရှိသည်။[၁][၂] GoodGame Agency သည် ဥရောပ eSports အသင်းကြီးတစ်ခုဖြစ်သော Alliance အသင်းကိုလည်း ပိုင်ဆိုင်ထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Evil Geniuses သည် Counter-Strike ကဲ့သို့သော ဂိမ်းအသင်းကို ၁၉၉၉ ခုနှစ် ကနေဒါနိုင်ငံတွင် စတင်တည်ထောင်ခဲ့သည်။ ဖီလာဒဲလ်ဖီးယားမြို့သားဖြစ်ပြီး အနာဂါတ် စီအီးအိုဖြစ်လာမည့် Alex Garfield သည် ၎င်းအသင်းအတွက် ၂၀၀၄ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။[၃]

Evil Geniuses Defense of the Ancients (Dota) ကို eMG မှအသင်းသားများကို လွဲပြောင်းရရှိပြီး ဧပြီလ ၁၂၊ ၂၀၀၈ တွင် ဝင်ရောက်ခဲ့သည်။[၄] EG အသင်းသည် StarCraft: Brood War ဂိမ်းအသင်းကို World Cyber Games မှ USA ချန်ပီယံဖြစ်သော Geoff "iNcontroL" Robinson, and Dan "Nyoken" Eidson, along with Eric "G5" Rothmuller, Jake "LzGaMeR" Winstead, and Bryce "Machine" Bates အသင်းသားများနှင့်အတူ ဧပြီလ ၂၅၊ ၂၀၀၉ ခုနှစ်ကတည်းကရှိခဲ့သည်။[၅]

EG သည် StarCraft II ဂိမ်းနယ်ပယ်ထဲသို့ ဂိမ်းစတင် ဖြန့်ချီချိန် ၂၀၁၀ တွင် ထိပ်တန်း အမေရိကန်သမား Gregory "IdrA" Fields (commentator ဟုလူသိများ၏) နှင့် Nick "Tasteless" Plott နှင့်အတူ စက်တင်ဘာ ၉ ရက်နေ့တွင် ဝင်ရောက်ခဲ့သည်။[၆]

ဒိုတာ ၂[ပြင်ဆင်ရန်]

EG သည် Kurtis "Aui 2000" Ling ကစားသမားကို C9 အသင်းမှ ၂၀၁၄ ဒီဇင်ဘာတွင် ခေါ်ယူခဲ့သည်။[၇]

၂၀၁၅၊ ဩဂုတ်လ ၈ ရက်တွင် Evil Geniuses အသင်းသည် CDEC Gaming အကို အနိုင်ရရှိခဲ့ပြီး ဒေါ်လာ ၆,၆၁၆,၀၁၄ နှင့်အတူ eSports တွင် ပထမဦးဆုံးသော ဆုကြေးငွေအမြင့်ဆုံး The International 2015 ချန်ပီယံအသင်း ဖြစ်လာခဲ့သည်။ အမေရိကန်အခြေစိုက် အသင်းအနေဖြင့်လည်း ပထမဆုံးသော အနိုင်ရခဲ့သော အသင်းဖြစ်ခဲ့သည်။[၈][၉]

လက်ရှိ အသင်းဝင်များ[ပြင်ဆင်ရန်]

အသင်းဝင် အဟောင်းများ[ပြင်ဆင်ရန်]

  • နယ်သာလန်နိုင်ငံ Manuel "Grubby" Schenkhuizen (Warcraft III, StarCraft II)
  • ပေါ်တူဂီနိုင်ငံ Nuno "Wenyr" Correia (World of Warcraft)
  • အမေရိကန်ပြည်ထောင်စု Justin “IGotUrPistola” Deese [၁၀] (Halo)
  • အမေရိကန်ပြည်ထောင်စု Greg "IdrA" Fields (StarCraft II)
  • အမေရိကန်ပြည်ထောင်စု Martin "Marn" Phan (Street Fighter IV. Marvel Vs. Capcom 3)
  • အမေရိကန်ပြည်ထောင်စု Ari "fLoE" Weintraub (Street Fighter IV)
  • ကနေဒါနိုင်ငံ Kurtis "Aui 2000" Ling (Dota 2)
  • ပြင်သစ်နိုင်ငံ Ilyes "Stephano" Satouri (Starcraft II)
  • ယူနိုက်တက်ကင်းဒမ်းနိုင်ငံ Connor "C-Man" Allan (World of Warcraft, Dota 2)
  • အမေရိကန်ပြည်ထောင်စု Tony "LxthuL" Campbell (Halo)

ကိုးကား[ပြင်ဆင်ရန်]

  1. http://blog.twitch.tv/2014/12/twitch-to-acquire-goodgame-agency/
  2. Te၊ Zorine။ "Twitch Acquires Evil Geniuses' Agency GoodGame"၊ GameSpot၊ 2014-12-09။ 2014-12-10 တွင် ပြန်စစ်ပြီး 
  3. Why I sold GoodGame to Twitch.။ May 13, 2015 တွင် ပြန်စစ်ပြီး။
  4. S.၊ Matthias။ "eMg DotA morphs to Team EG DotA"၊ SK Gaming၊ 2008-04-16။ 2011-11-04 တွင် ပြန်စစ်ပြီး 
  5. Lucas၊ Bigham။ "Team EG Announces StarCraft Division"၊ Evil Geniuses၊ 2009-04-09။ 2011-10-24 တွင် ပြန်စစ်ပြီး 
  6. McLinden၊ Taylor။ "IdrA and Tasteless join EG"၊ SK Gaming၊ 2010-09-09။ 2011-10-24 တွင် ပြန်စစ်ပြီး 
  7. http://www.dailydot.com/esports/evil-geniuses-cloud9-aui-2000/
  8. Evil Geniuses Take Home Record $6.6M First Prize In Valve's 'Dota 2' International။ Forbes။ August 10, 2015 တွင် ပြန်စစ်ပြီး။
  9. Molina၊ Brett။ "Evil Geniuses win The International 'Dota 2' title"၊ USA TODAY၊ August 8, 2015။ December 1, 2015 တွင် ပြန်စစ်ပြီး 
  10. http://evilgeniuses.gg/Read/471,Evil-Geniuses-Launches-Halo-Division//

ပြင်ပ လင့်များ[ပြင်ဆင်ရန်]