Carl's Jr.

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Carl's Jr.
အမျိုးအစားအပြည့်အဝပိုင်ဆိုင်သော ကုမ္ပဏီခွဲ
လုပ်ငန်းအမြန်ပြင် အစားအစာ
တည်ထောင်သည့်နှစ်ဇူလိုင် ၁၇၊ ၁၉၄၁; ၈၂ နှစ် အကြာက (၁၉၄၁-၀၇-17)
ဌာနချုပ်ကာပင်တားရီးယားမြို့ကယ်လီဖိုးနီးယားပြည်နယ်U.S.
တည်နေရာ၁,၃၈၅ (ဧပြီ ၂၀၁၅)
အရေးပါ ပုဂ္ဂိုလ်များကားလ် ကာချာမာဂရက် ကာချာ၊ တည်ထောင်သူများ
ထုတ်ကုန်ပစ္စည်းအမြန်ပြင် အစားအစာ
မိခင်ကုမ္ပဏီစီကေအီး စားသောက်ဆိုင်များ
ဝက်ဘ်ဆိုက်carlsjr.com
ဆောင်ပုဒ်"Eat Like You Mean It"

Carl's Jr. သည် စီကေအီး စားသောက်ဆိုင် ဦးပိုင်ကုမ္ပဏီမှ ဖွင့်လှစ်ထားသော အမြန်ပြင် အစားအစာ စားသောက်ဆိုင် ဆိုင်ခွဲများဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် အများဆုံး တည်ရှိသည်။

ကားလ် ကာချာ (၁၉၁၇–၂၀၀၈) နှင့် ဇနီးဖြစ်သူ မာဂရက် (၁၉၁၅-၂၀၀၆) တို့သည် ၁၉၄၁ တွင် Carl's Jr. ၏ ရှေ့ပြေးအဖြစ် လော့စ်အိန်ဂျယ်လိစ်မြို့တွင် ဟော့ဒေါ့လှည်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ အန်နာဟင်းမ်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး သူတို့၏ ပထမဆုံး ဝန်ဆောင်မှုအပြည့်ပေးသော စားသောက်ဆိုင် Carl's Drive-In Barbecue ကို ဖွင့်လှစ်ခဲ့သည်။ စားသောက်ဆိုင်လုပ်ငန်း အောင်မြင်လာသောအခါ ၁၉၅၆ ခုနှစ်တွင် ပထမဆုံး Carl's Jr. စားသောက်ဆိုင် ဆိုင်ခွဲနှစ်ခုကို အန်နာဟင်းမ်မြို့ နှင့် ဘရီရာမြို့ တို့တွင် ဖွင့်လှစ်ခဲ့သည်။ ယင်းနှစ်မှာပင် ဆိုင်ခွဲများကို Carl's Jr. အဖြစ် တရားဝင်ပြောင်းလဲခဲ့သည်။[၁]

၂၀၁၆ ခုနှစ်တွင် Entrepreneur မဂ္ဂဇင်းက Carl's Jr. အား အမေရိကန် ပြည်ထောင်စုရှိ Top Franchise ၅၀၀ စာရင်းတွင် နံပါတ် ၅၄ အဖြစ် ဖော်ပြခဲ့သည်။[၂]

မတ်လ ၂၀၁၆ အထိ စီကေအီးတွင် ဆိုင်ခွဲပေါင်း ၃,၆၆၄ ရှိနေပြီး အမေရိကန်ပြည်နယ် ၄၄ ခုနှင့် အခြား ၃၈ နိုင်ငံတို့တွင် ဖွင့်လှစ် လည်ပတ်နေသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. "Karcher would approve – free hot dogs"၊ 2011-07-15။ 
  2. 2016 Top Franchises from Entrepreneur's Franchise 500 List - page 2။ 2016-04-05 တွင် ပြန်စစ်ပြီး။
  3. Carl's Jr.® | Locations။ 2016-04-05 တွင် ပြန်စစ်ပြီး။