မာတိကာသို့ ခုန်သွားရန်

အမြန်ပြင် အစားအစာ စားသောက်ဆိုင်

ဝီကီပီးဒီးယား မှ
နယူးယောက်စီးတီးရှိ McDonald's စားသောက်ဆိုင်
ဟောင်ကောင်ရှိ အမြန်ပြင် အစားအစာ စားသောက်ဆိုင်

အမြန်ပြင် အစားအစာ စားသောက်ဆိုင် (အင်္ဂလိပ်: fast food restaurant; သို့မဟုတ် quick service restaurant (QSR)) ဆိုသည်မှာ အမြန်ပြင် အစားအစာများကို တည်ခင်းရောင်းချပြီး စားပွဲထိုး ဝန်ဆောင်မှု အနည်းအကျဉ်းဖြင့် ဖွင့်လှစ်သော စားသောက်ဆိုင် အမျိုးအစားတစ်မျိုး ဖြစ်သည်။ အမြန်ပြင် အစားအစာ စားသောက်ဆိုင်များတွင် ရရှိနိုင်သော အစားအစာများသည် ပုံမှန်အားဖြင့် အနောက်တိုင်း အစားအစာများ ဖြစ်ကြပြီး ကန့်သတ်ထားသော မီနူးနှင့် အများအပြားချက်ပြုတ်ထားပြီး ပူပူနွေးနွေး ပြင်ဆင်ထားကာ ထိုင်ခုံဖြင့် စားသုံးနိုင်သော်လည်း များသောအားဖြင့် ထုတ်ပိုးသယ်ဆောင်နိုင်သည့် ပုံစံဖြင့် ရောင်းချသည်။ ယင်းစားသောက်ဆိုင်များသည် ဆိုင်ခွဲများ သို့မဟုတ် ဖရန့်ချိုက်ပုံစံဖြင့် သတ်မှတ်ထားသော ပါဝင်ပစ္စည်းများ ဖြည့်တင်းပေးခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြင်ဆင်ထားသော အစားအစာများနှင့် ထောက်ပံ့ကုန်များကို စားသောက်ဆိုင်ခွဲများဆီသို့ ထောက်ပံ့ပို့ဆောင်ပေးလေ့ရှိသည်။ "fast food" ဝေါဟာရကို ၁၉၅၁ ခုနှစ်တွင် Merriam–Webster အဘိဓာန်တွင် အသိအမှတ်ပြု ဖော်ပြခဲ့သည်။[]

မည်သို့ဆိုစေ ပထမဆုံး အမြန်ပြင် အစားအစာ စားသောက်ဆိုင်များကို အမေရိကန်ပြည်ထောင်စုတွင် ၁၉၁၉ ခုနှစ်၌ A&W စားသောက်ဆိုင်နှင့် ၁၉၂၁ ခုနှစ်၌ White Castle စားသောက်ဆိုင်များက စတင်ခဲ့သည်။[] ယနေ့အချိန်တွင် McDonald's (၁၉၄၀ စတင်) နှင့် KFC (၁၉၅၂ စတင်)[][][][] ကဲ့သို့သော အမေရိကန်မှ စတင်သော အမြန်ပြင် အစားအစာ ဆိုင်ခွဲများသည် ကမ္ဘာတစ်ဝန်းတွင် ဖွင့်လှစ်ရောင်းချလျက် ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Jack In The Box Inc. 23 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2017 တွင် ပြန်စစ်ပြီး။
  2. The Evolution of the Quick Service Restaurant A Management Consultant @ Large။ 10 February 2008 တွင် ပြန်စစ်ပြီး။တမ်းပလိတ်:Unreliable source?
  3. Franchising 24 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 March 2017 တွင် ပြန်စစ်ပြီး။
  4. Our Story KFC UK။ 15 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 March 2017 တွင် ပြန်စစ်ပြီး။
  5. KFC Thailand 14 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 March 2017 တွင် ပြန်စစ်ပြီး။
  6. "KFC founder Colonel Sanders didn't achieve his remarkable rise to success until his 60s"၊ Business Insider 13 March 2017 တွင် ပြန်စစ်ပြီး

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]