မာတိကာသို့ ခုန်သွားရန်

အမြန်ပြင် အစားအစာ

ဝီကီပီးဒီးယား မှ
ယူအေအီးရှိ အမြန်ပြင် အစားအစာ စားသောက်ဆိုင်များဖြစ်သော McDonald's, Kentucky Fried Chicken, နှင့် Pizza Hut ဆိုင်များ

အမြန်ပြင် အစားအစာ (အင်္ဂလိပ်: fast food) ဆိုသည်မှာ လျင်မြန်စွာ ပြင်ဆင်သုံးဆောင်နိုင်ပြီး ပမာဏအများအပြား ထုတ်လုပ်ထားသော အစားအစာ ဖြစ်သည်။ အခြားအစားအစာများနှိုင်းယှဉ်လျှင် ယင်းအစားအစာတွင် အာဟာရတန်ဖိုး နည်းပါးစွာ ပါဝင်လေ့ရှိသည်။ အချိန်အနည်းငယ်အတွင်း ပြင်ဆင်နိုင်သော မည်သည့်အစားအစာကိုမဆို အမြန်ပြင် အစားအစာဟု သတ်မှတ်ကြသော်လည်း စားသောက်ဆိုင်တစ်ခု သို့မဟုတ် စတိုးဆိုင်တစ်ခုခုမှ ကြိုတင်အပူပေးထားသော သို့မဟုတ် ကြိုတင်ချက်ပြုတ်ထားသော ပါဝင်ပစ္စည်းများဖြင့် ရောင်းချပြီး ဝယ်ယူသူမှ ထုတ်ပိုးရယူနိုင်သော အစားအစာများကိုသာ ဤအသုံးအနှုန်းဖြင့် ရည်ညွှန်းလေ့ရှိသည်။

အမြန်ပြင် အစားအစာများကို ၁၈၆၀ ဆယ်စုနှစ်များက ဗြိတိန်တွင် ငါးနှင့် အာလူးကြော်ဆိုင်များအနေဖြင့် စတင်ခဲ့သည်။ Drive-through စားသောက်ဆိုင်များသည် အမေရိကန်ပြည်ထောင်စုတွင် ၁၉၅၀ ဆယ်စုနှစ်များတွင် စတင်ကျော်ကြားလာခဲ့သည်။ "fast food" ဝေါဟာရကို ၁၉၅၁ ခုနှစ်တွင် Merriam–Webster အဘိဓာန်မှ အသိအမှတ်ပြု ဖော်ပြခဲ့သည်။[ကိုးကားချက်လိုသည်]

အမျိုးသား ကျန်းမာရေးသိပ္ပံ (National Institutes of Health) ၏ အဆိုအရ အမြန်ပြင် အစားအစာများသည် အိမ်ချက်ဟင်းလျာများနှင့်စာလျှင် အမြန်ရွေးချယ်စရာနည်းလမ်း ဖြစ်သည်။ ယင်းတို့တွင် ပြည့်ဝ အဆီ၊ သကြား၊ ဆားနှင့် ကယ်လိုရီများ မြင့်မားစွာ ပါဝင်သည်။[] အမြန်ပြင် အစားအစာများကို များပြားစွာ စားသုံးခြင်းသည် အူမကြီးကင်ဆာအဝလွန်ခြင်းနှင့် ကိုလက်စထရောတက်ခြင်းတို့နှင့် ဆက်စပ်နေသည်။[][][][]

ကိုးကား

[ပြင်ဆင်ရန်]
  1. Hellesvig-Gaskell၊ Karen။ Definition of Fast Foods | LIVESTRONG.COM။ May 3, 2016 တွင် ပြန်စစ်ပြီး။
  2. 13 Effects of Fast Food on the Body။ March 20, 2016 တွင် ပြန်စစ်ပြီး။
  3. Susan Cohan Colon Cancer Foundation: Prevention: Eating Well/Diet။ 18 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2017 တွင် ပြန်စစ်ပြီး။
  4. Publications၊ Harvard Health။ Red meat and colon cancer – Harvard Health (in en-US)။ 22 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2017 တွင် ပြန်စစ်ပြီး။
  5. Snacking on sweets, fast food and fizzy drinks is linked to bowel cancer for the first time။ August 16, 2016 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]
  • ဝစ်ရှင်နရီရှိ fast food အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်